လူမှုရေးဆိုင်ရာ ကျင့်ဝတ်များ

အလေးအမြတ်ပြုရမည့် အရပ် ၆-မျက်နှာ

၁။အရှေ့ မိဘ
၂။တောင်မှာ ဆရာ၊
၃။နောက်မှာ မယား၊
၎။မြောက်ကား မိတ်ဆွေ၊
၅။အောက်ခြေ ကျွန်မှတ်
၆။ထက်ရပ် သံဃာ၊ မှတ်သားပါ၊ ခြောက်ဖြာတံခါးပေါက်။



သားသမီးကျင့်ဝတ် ၅-ပါး


၁။ကျွေးမွေးမပျက်
၂။ဆောင်ရွက်စီမံ
၃။မွေခံထိုက်စေ
၎။လှူမျှဝေ၍
၅။စောင့်လေမျိုးနွယ် ၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ (ကျင့်ဖွယ်သမီး တို့တာ)


မိဘကျင့်ဝတ် ၅-ပါး

၁။မကောင်းမြစ်ထာ
၂။ကောင်းရာညွှန်လတ်
၃။အတတ်သင်စေ
၎။ပေးဝေနှီးရင်း
၅။ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင်မမယ် တို့တာ။


တပည့်ကျင့်ဝတ် ၅-ပါး
၁။ညီညာထကြွ
၂။ဆုံးမနာယူ
၃။လာမှုကြိုဆီး
၎။ထံနီးလုပ်ကျွေး
၅။သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ် ငါးခုသာ။


ဆရာကျင့်ဝတ် ၅-ပါး

၁။အတတ်လည်းသင်
၂။ပဲ့ပြင်ဆုံးမ
၃။သိပ္ပမချန်
၎။ဘေးရန်ဆီးကာ
၅။သ့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ၀တ်ငါးဖြာ။


လင်ကျင့်ဝတ် ၅-ပါး

၁။မထီမဲ့ကင်း
၂။အပ်နှင်းဥစ္စာ
၃။မိစ္ဆာမမှား
၎။ဝတ်စားဆင်ယင်
၅။မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။


မယားကျင့်ဝတ် ၅-ပါး

၁။အိမ်တွင်းမှုလုပ်
၂။သိမ်းထုပ်သေချာ
၃။မိစ္တာကြဉ်ရှောင်
၎။လျောအောင်ဖြန့်ချိ
၅။ပျင်းရိမမှု၊ တတ်ငါးဆူ၊ အိမ်သူ ကျင့်အပ်စွာ။


မိတ်ဆွေကျင့်ဝတ် ၅-ပါး

၁။ပေးကမ်းချီးမြင့်
၂။ကိုယ်နှင့်ယှဉ်ထား
၃။စီးပွားဆောင်ရွက်
၎။နှုတ်မြွတ်ချိုသာ
၅။သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။


အလုပ်ရှင်(အရှင်)ကျင့်ဝတ် ၅-ပါး


၁။ဝစွာကျွေးမွေး
၂။ပြုရေးစီရင်
၃။နာလျှင်ကုစေ
၎။ငှဝေရသာ
၅။အခါကိုလွှတ်၊ အလုပ်ရှင်ဝတ်၊ မချွတ်ငါးခုသာ။


အလုပ်သမား(ကျွန်)ကျင့်ဝတ် ၅-ပါး
 
၁။အိပ်သော်နောက်ကျ
၂။ထသောကားရှေး
၃။ပေးမှယူအပ်
၎။စေ့စပ်ဆောင်ရွက်
၅။ကျေးဇူးမြွက်၊ ငါးချက် လုပ်သားဝတ်။


ဒယကာကျင့်ဝတ် ၅-ပါး
 
၁။မေတ္တာစိတ်သက်
၂။ဆောင်ရွက်ချစ်ခင်
၃။ပေးမှယူအပ်
၎။စေ့စပ်ဆောင်ရွက်
၅။တက်အားလှူစေ၊ ၀တ်ငါးထွေ၊ ပြုလေဒါယကာ။

ရဟန်းကျင့်ဝတ် ၆-ပါး
 
၁။မကောင်းမြစ်တာ
၂။ကောင်ရာညွှန်လစ်
၃။အသစ်ဟောကျူး
၎။နားဖူးထပ်မံ
၅။နတ်ထံတင်ရာ
၆။မေတ္တာလည်းပြု၊ ရဟန်းမှု၊ ခြောက်ခု လွန်သေချာ။

အဂတိတရား ၄-ပါး

၁။ဆန္ဒာဂတိ=ချစ်သောကြောင့်(မျက်နှာလိုက်၍) မတရားပြုခြင်း
၂။ဒေါသာဂတိ=မုန်းသောကြောင့် မတရားပြုခြင်း
၃။မောဟာဂတိ=မသိသောကြောင့် မတရားပြုခြင်း
၎။သာယာဂတိ=ကြောက်သောကြောင့် မတရားပြုခြင်း
ဤတရားလေးပါးကိုလိုက်စားလျှင် လဆုတ်ပက္ခ လလို ဆုတ်ယုတ်မည်၊ ရှောင်ရှားလျှင် လဆန်း
ပက္ခလလို တနေ့တခြား ထွန်းလင်းတောက်ပမည်။
*ချစ်မုန်းကြောက်ထွေ၊ တွေဝေသောအား၊ လွန်ကျူးမှားသော်၊ မပွားလရောင် ဆုတ်ယောင် သော်။
*ချစ်မုန်းကြောက်ထွေ၊ တွေဝေသောအား၊ မလွန်ငြားသော်၊ တိုးပွားလရောင် ပြည့်ယောင် သော်။

ဥစ္စာပျက်ကြောင်း ၆-ပါး

၁။သေစားသောက်စား
၂။လမ်းသွားခါမဲ့
၃။ရှငဲ့သဘင်
၎။ပျော်ရွှင်အန်လောင်း
၅။မကောင်းမိတ်ဖျင်း
၆။ပျင်းရိခြင်းကား၊ ယိုယွင်းဥစ္စာပျက်ကြောင်းတည်း။

အရက်သောက်ခြင်း အပြစ် ၆-ပါး
 
၁။ဥစ္စာယုတ်ခြင်း
၂။ငြင်းခုံများစွာ
၃။ရောဂါထူပြော
၎။ကျော်စောမဲ့တုံ
၅။မလုံအင်္ဂါ
၆။ပညာနည်းရှာ၊ ဤခြောက်ပါး၊ သောက်စားသေစာ အပြစ်တည်း။

အချိန်မဲ့သွားလာခြင်း အပြစ် ၆-ပါး
 
၁-၂။ ကိုယ့်သားမယား
၃။တခြားဥစ္စာ၊ လုံရာမဲ့ရှောင်း
၎။မကောင်းအရာ၊ ရွံရှာလေအပ်
၅။ယိုးစွပ်ရောက်မှု
၆။ဆင်းရဲစုဟု၊ ခြောက်ခုခါမဲ့ သွားပြစ်တည်း။

ပွဲသဘင်သွားခြင်း၏ အပြစ်၆-ပါး

၁။ကခြင်းတလီ
၂။သီခြင်းတသီ
၃။မှုတ်တီးတသင်း
၎။ပြိန်ဖျင်းတအုပ်
၅။လက်ခုပ်တတည်
၆။အိုးစည်တဖြာ၊ ရှိရာရှာဟု၊ ဥစ္စာပျက်မှု၊ ဤခြောက်ခုကား၊ ကြည့်ရူသဘင်အပြစ်တည်း။

လောင်းကစားခြင်း အပြစ် ၆-ပါး

၁။နိုင်သူရန်ပွား
၂။ရူံးသားစိုးရိမ်
၃။စည်းစိမ်လျော့ပါး
၎။တရားသဘင်၊ မ၀င်သက်သေ
၅။မိတ်ဆွေနှိပ်ဆို
၆။မလိုထိမ်းမြား၊ ဤခြောက်ပါး၊ လောင်းကစားမှု အပြစ်တည်း။

အပေါင်းအသင်းမကောင်းခြင်း၏ အပြစ် ၆-ပါး

၁။ကြွေအန်ကျူးထ
၂။မိန်းမကျူးထွေ
၃။သေစာကြူးမှု
၎။အတုပြုငြား၊ လှည့်စားတထောက်
၅။မျက်မှောက်လှည့်ချက်
၆။နိုင်ထက်လုယူ၊ ဤသူခြောက်ပါး၊ မိတ်ဖြစ်လားကြောင့်၊ ပျက်ပြား မိတ်ဆွေအပြစ်တည်း။

ပျင်းရိခြင်းအပြစ် ၆-ပါး

၁။အချမ်းပြည့်ဝှန်
၂။အလွန်ပူနိုး
၃။မိုးချုပ်လှမော
၎။စောလွန်းလှယောင်
၅။ဆာလောင်ပြင်းလှ
၆။ဝမ်းဝလွန်ထွေ၊ ဓနကဥစ္စာ၊ မပွားရာသည်၊ ခြောက်ဖြာ ပျင်းသူ အပြစ်တည်း။

နာယကမတင်ထိုက်သူ (အနာယက) ၆-ဦး
 
ဂဏန်းပုတ်သင်၊ ကိုင်းပင်နွားသိုး၊ လိမ်မျိုးခွေးအ၊ ဤခြောက်ဝ၊ နာယကမတင်ထိုက်။
၁။ဂဏန်းကဲ့သို့ အမြဲလက်မထောင်လေ့ရှိသူ
၂။ပုတ်သင်ကဲ့သို့ သူတပါးလုပ်သမျှ ခေါင်းညိတ်တတ်သူ
၃။လေလာရာ ယိမ်းပါးတတ်သော ကိုင်းပင်ကဲ့သို့ ဟိုဘက်သည်ဘက် ယိမ်းပေါင်းတတ်သူ
၎။နွားသိုးကဲ့သို့ ရှူးရှူးဒိုင်းဒိုင်းပြုမှု၍ စိတ်တိုတတ်သူ
၅။လိပ်ကဲ့သို့ ကိုယ့်ဘက်ကိုယက်တတ်သူ
၆။ခွေးအကဲ့သို့ စားပိုးနင့်အောင်စားပြီး ဇိမ်ခံတတ်သူ။

ကြွယ်ဝချမ်းသာကြောင်း လောကိသမ္ပဒါ ၄-ပါး

*ထကြွသိမ်းဆဲ၊ မျှသုံးစွဲ၊ ပေါင်းမြဲမိတ်ဆွေကောင်း။
*လောကီရေးမှာ၊ ပြည့်စုံပါ၊ မှန်စွာကြီးပွားကြောင်း။
၁။ဥဌာနသမ္ပဒါ=ထကြွလုံ့လ၀ီရိယရှိခြင်း
၂။အာရက္ခသမ္ပဒါ=ရရှိပြီး စည်းစိမ်ဥစ္စာကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း
၃။ကလျာဏမိတ္တသမ္ပဒါ=မိတ်ဆွေကောင်းနှင့်ပြည့်စုံခြင်း
၎။သမဇီဝိတသမ္ပဒါ=ဥစ္စာအင်အား ၀င်ငွေထွက်ငွေ မျှတတိုင်းထွာ၍ အသက်မွေးခြင်း

သာဓုနရတနာ ၄-ပါး
၁။ရှေးသူတော်ကောင်းတို့ သွားရာလမ်းကို လိုက်ခြင်း
၂။စိုသောလက်ကို အခြောက်မခံခြင်း (ရှိပြီးမိတ်ကိုအပျက်မခံခြင်း)
၃။မိတ်ဆွေကို မပြစ်မှားခြင်း
၎။မိန်းမ မလိုက်စားခြင်း
(၀ိဓုရအမတ်ကြီးတရား)

ဗြဟ္မစိုရ်တရား ၄-ပါး

၁။မေတ္တာ=ချစ်ခြင်း
၂။ကရုဏာ=သနားကျင်နာခြင်း
၃။မုဒိတာ=၀မ်းမြောက်ခြင်း
၎။ဥပေက္ခာ=ကံတရားအတိုင်း (လျစ်လျူရူခြင်း)
ဤကမ္ဘာကြီးသာယာငြိမ်းချမ်းအောင် ဤတရားလေးပါးက စွမ်းဆောင်နိုင်ပါသည်။ ထို့ကြောင့်
ဗြဟ္မစိုရ်တရားလေးပါးကို ကြိုးစား၍ လိုက်နာကြပါ။

လောကပါလတရား ၄-ပါး
 
ဟိရိသြတ္တပ္ပ (အရှက်နှင့်အကြောက်) တရားနှစ်ပါး ကိန်းဝပ်သော် ကမ္ဘာသားများ ကိုယ်၊ နှုတ်၊ စိတ်
ယဉ်ကျေးလိမ္မာနိုင်၏။ အရှက်အကြောက်တရား ၂-ပါး ပျက်ပြားသော လူတို့၏ ကိုယ်၊ နှုတ်၊ စိတ်
အမှုအရာများ ရိုင်းပျတတ်၏၊ ထို့ကြောင့် ဟိရိသြတ္တပ္ပတရား ၂-ပါးကို စောင့်ထိန်း ရန် အရေးကြီး၏၊
လောကကြီးမပျက်စီးအောင် စောင့်ရှေက်တတ်၍ ဤတရား ၂-ပါးကို “လောကပါလ”
ကမ္ဘာစောင့်တရားဟု ခေါ်၏။
၁။ဝက်သည် မစင်ကိုမရွံသကဲ့သို့ အရှက်တရားမရှိသူသည် ဒုစရိုက်အမှုကိုပြုရန် ၀န်မလေး။
၂။ပိုးဖလံသည် မီးပုံကိုတိုးရန် မကြောက်သကဲ့သို့ သ္တြပ္ပတရားမရှိသူသည်လည်း ဒုစရိုက်အမှုကိုပြုရန် ၀န်မလေးချေ။

ပြဿနာဖြေရှင်းနည်း ၅-မျိုး

၁။ ဂါထာမန္တာန်ဖြင့် ဖြေရှင်းနည်း
၂။ပညာရှိနှင့်တိုင်ပင်၍ ဖြေရှင်းနည်း
၃။ချစ်ဖွယ်သောစကားကိုဆို၍ ဖြေရှင်းနည်း
၎။လက်ဆောင်ပေး၍ ဖြေရှင်းနည်း
၅။ဆေါမျိုးစပ်၍ ဖြေရှင်းနည်း

လမ်းလျှောက်ခြင်းအကျိုး ၅-ပါး

၁။ခရီးသွားနိုင်
၂။ကြံ့ခိုင်အားအင်
၃။ကင်းစင်ရောဂါ
၎။အစာကျေလျက်
၅။မပျက်သမာဓိ၊ ငါးပါးရှိ၊ သွားသည့်စင်္ကြံ အကျိုးတည်း။

အသင်းအဖွဲ့ပျက်စီးကြောင်း တရား ၆-ပါး

၁။ အမျက်ထွက်လွယ်ခြင်း
၂။ရန်ငြိုးဖွဲ့ခြင်း
၃။ကျေးဇူးမဲ့ကိုသာဆိုခြင်း
၎။ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်း
၅။ငြူစူခြင်း
၆။ဝန်တိုခြင်း။
*စိတ်ဆိုးငြိုးဖွဲ့၊ ချေဖဲ့ကျေးဇူး၊ ဂုဏ်ထူးသူကို၊ ဖက်ပြိုလိုမှု၊ ၀န်တိုမှုဟူ၊ ငြူစူတတ်ငြား၊ ဤခြောက်ပါး၊ ကွဲပြားကြောင်းဟုမှတ်။

သိကြားလောင်းကျင့်ဝတ်

လုပ်ကျွေးမိဘ၊ ဇေဋ္ဌရိုသေ၊ မှန်စေသစ္စာ၊
ပိသုဏာနှင့်၊ ဖရုသာပစ်၊ မစ္ဆေ၀န်တို၊
မရှိလိုပဲ၊ မျက်ကိုရှောင်ရှား၊ ခုနှစ်ပါးသည်၊
သိကြားဖြစ်ကြောင်း ကျင့်ဝတ်တည်း။
၁။မိဘကိုလုပ်ကျွေးခြင်း
၂။ကြီးသူကိုရိုသေခြင်း
၃။သစ္စာရှိခြင်း
၎။ကုန်းမတိုက်ခြင်း
၅။ပြေပြစ်သိမ်မွေ့ခြင်း
၆။ ၀န်တိုမှုကင်းခြင်း
၇။အမျက်မထွက်ခြင်း

(သံ၊ ၁၊နှာ၊ ၂၃၀၊ ၀တပဒသုတ်)

တစ်ပတ်အတွင်းလူကြည့်အများဆုံး