လက်ကျန်

ထမင်းတစ်ဆုပ်
လက်ဖက်သုပ်နှင့်
ရုတ်ရုတ်ကလေး
ကုတ်ကတ်လွေး၍
သက်တို့ ဆက်သည်
လေးပတ်ကျော်မျှ
ကြာလေပြီး။

စာဖတ်ပျော်မည့်
မှန်ပြင်ကြီးကြီး
ဝယ်ရန်နီးဟု
ရှေးရှေးခါက
စုကာထားသည့်
အသပြာလဲ
ထုတ်ကာသုံးလို့ 
ကုန်လေပြီး။

သြော်…
စာဖြေရက်နီး
အိတ်ကပ်ကြီးမှာ
ဆင်နီနွမ်းညစ်
တချပ်စစ်နှင့်
ခြင်္သေ့သုံးကောင်
စိမ်းမြရောင်ဝယ်
သီဟပြာညို
ငါးထပ်ပိုပြီး
သစ်ဆွဲဆင်မည်း
တစ်ကောင်တည်းနဲ့ 
ရှေ့ ဆက်စခန်း
မည်သို့ မြန်းမည်
တွေးဆမကြံတတ်တော့သည်။ ။

ဦးလမင်း
၃၁/၈/၂၀၁၆


တစ်ပတ်အတွင်းလူကြည့်အများဆုံး