(၁)။ “မြွက်ဆိုမုသား”၊ နှတ်သံပျားသို့၊ စီးပွားလိုယောင်၊ ရူပဆောင်လျက်၊
မှားအောင်ပြစ်ရှာ၊ ကြံတတ်စွာသား၊ မေတ္တာချည်းနှီး၊ လူ့ခွေးမြီးနှင့်၊
တသီးတခြား၊ တပါးပြည်ရွာ၊ မရှောင်သာ၍၊ မကွာပေါင်းဖော်၊ ပြုငြားသော်လည်း၊
အပေါ်ကားယှဉ်၊ အထဲကြဉ်၍၊ စိတ်ယဉ်နှိမ့်ချ၊ အာစာရဖြင့်၊ ကာလအလိုက်၊
သူ့အကြိုက်ကို၊ “စရိုက်ညီထွေ ကျင့်တတ်စေ”။
(၂)။ “အရှည်လင့်လင့်” ၊
အသင့်မျှော်လျက်၊ ကြံခေါက်ရက်တည့်၊ နှောက်ယှက်သောဖြစ်၊ ဆံတရစ်မျှ၊
အပြစ်မဲ့စွာ၊ လွတ်ခွင့်သာမူ၊ ကန္တာတောထဲ၊ ခရီးခဲဝယ်၊ ကျားရဲသစ်ရူး၊
ဘီလူးသဘက်၊ ဘေးသူဖျက်အား၊ ရက်ရက်ဆောစွာ၊ စွန့်လိုက်ခွာသို့၊
မိစ္ဆာဖော်ပေါင်း၊ သူမကောင်းကို၊ “စဉ်ကြောင်းဝေးမြေ လွှတ်တတ်စေ”။
(၃)
“မဏိဇောတ”၊ ပြည်တန်မြနှင့်၊ သိင်္ဂရွှေညာ၊ ရတနာလည်း၊ အဝါလျှံလက်၊
ရောင်ခြည်ထွက်မူ၊ စုံမက်ဝှဲခြီး၊ အဘိုးကြီး၏၊ တသီးဆိုဖွယ်၊ လူတို့ဝယ်လည်း၊
ကြီးငယ်အမြက်၊ စောင်းမာန်ထွက်မူ၊ ပေါင်းဖက်ဖေါ်နှီး၊ အများငြီ၏၊
အတီးလက်သုံး၊ ဤသည်ထုံးကို၊ ယူကျုံးပိုက်သွင်း၊ သားမောင်မင်းလည်း၊
မုန်းပြင်းဒေါသ၊ စိတ်နာဂကို၊ “ဥာဏချွန်းကွင်း မြဲစေမင်း”။
(၄)
“အဌာရသ”၊ သိပ္ပကျေးဇူး၊ အထူးထူးကို၊ ဆည်းပူးဖွေရှာ၊ သင်သောခါလျှင်၊
ဆရာကောင်းထံ၊ ကျိုးနွံတရှည့်၊ ရိပ်ခြည်ကြည့်လျက်၊ တပည့်ကျင့်ဝတ်၊
ညီညွတ်စွာမှု၊ ကုန်အောင်ပြု၍၊ အာယုဆုံးစွန်၊ ပြောင်းချိန်တန်မှ၊
ပြညွန်ရိပ်ခြည်၊ ဆိုအံ့သည်ဟု၊ ဆောက်တည်လျှို့ဝှက်၊ ပြင်မထွက်သား၊
သိခက်ခက်လှ၊ ကိလိဌကို၊ မှတ်ရလေအောင်၊ ရည်စောင့်နှိမ့်ချ၊ ဆည်းကပ်ခ၍၊
။”နေ့ညမကင်း တွေ့စေမင်း”။
တစ်ပတ်အတွင်းလူကြည့်အများဆုံး
-
(၁) အစိမ်းရောင်အမွေအနှစ် http://www.mediafire.com/ ?x45g9hjsg54j2hh (၂) ပိုချစ်ရတဲ့သူကိုယ်ပဲဖြစ်ပါ စေ http://www.mediafire.com/ ?1hh0af...
-
၁။၊ ပေါ်နွေလလျှင်၊ တောင်ကချိမ့်မြူး၊ မင်းလွင်ဦးနှင့်၊ ပျံ့ဖြူးချုန့်ဆိုင်း၊ မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်၊ ပြက်လျှပ်ပြကာ၊ စိမ်းဝါမိုဃ်း...
-
(၁) မြနန်းနွယ် http://www.mediafire.com/ ?8h18881urm6ad2k or https://docs.google.com/ fileview?id=0Bwl_hA7bJaAeZT I0Y2RiZjctMmYxOS00Mj...
-
၁။ အစ်ကိုကြီးအား၊ ညီငယ်များလည်း၊ စကားနှစ်သက်၊ ဖက်၍မဆို၊ ရိုသေလှစေ၊ ကိုကြီးအစ်မ၊ သည်နှစ်ဝကို၊ မိဘကဲ့သို့မှတ်ပါလေ။ ၂။ သေတူရှင်ဖက်၊ ဆောင်...
-
အလှရှိရာ၊ သွားချင်ပါဟု ခါခါမြည်တမ်း၊ သို့ရော်ရမ်း၍ စိတ်ဝမ်းမသာ၊ ရှိသည်တကား။ သူ့ရွှာသူ့ပြည်၊ သာလှသည်တည့် စည်ပင်ချမ်းမြ၊ ဝပြောစွဟု ကြားရတိုင်းသ...
-
(၁)သားကောင်မုဆိုး မဟုတ်လေပြီ (ကိုပိုက်) http://www.mediafire.com/ ?cxjin6n2sabqms0 (၂)အားကိုးရာ ကျည်နှစ်တောင့် (ကိုပိုက်) http://www.m...