Showing posts with label ဆရာဇော်ဂျီ. Show all posts
Showing posts with label ဆရာဇော်ဂျီ. Show all posts

ပန်းပန်လျက်ပဲ (ဇော်ဂျီ)

ပန်းပန်လျက်ပဲ
==========
ညိုပြာပြာ လတာပြင် ခြေရင်း။
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာ ဆင်း။

ဆင်းရလဲမသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့ လာ။
အဆင်းနဲ့ အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့ နံဘေး၊ ဆောင့်ခဲ့ ရသေး။

ဆောင့်ခဲ့လဲ မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ။
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ။
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လဲမသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ၊ ဗေဒါက တစ်ပင်ထဲ။
အယက် အကန် ခံလို့ 
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက် ပဲ။ ။

အချိုးတွဲ                                     ဇော်ဂျီ


တစ်ပတ်အတွင်းလူကြည့်အများဆုံး