Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

လွဲလို့ ရယ်တဲ့  မဆုံးနိုင်တယ်

လွန်ခဲ့ တဲ့ နှစ်ရက်က ကိုမင်းနဲ့ အဘ အောင်ချမ်းသာကိုအလည်သွားကြရင်းဖိတ်စာတစ်စောင်ပါလာတယ်။ ဘယ်သူမှဖတ်မကြည့်ရသေးခင်မှာပဲ ဖိတ်စာကပျောက်ခြင်းမလှပျောက်သွားပါလေရော။ အဘကတော့ သူအမျိုးတွေရဲ့  မင်္ဂလာဆောင်ကိုဘယ်မှာဆောင်မှန်းတောင်မသိရှာတဲ့ အတွက် မြေးတွေကိုကြိမ်းမောင်းနေလေရဲ့ ။ ဒီနေ့ မနက် ကိုလမင်း ထတော့ ဆိုပြီး ချစ်ကို က လာနိုးမှပဲ အောက်ထပ်ကိုဆင်း မျက်နှာလေးသစ်၊ သွားလေးတိုက်လို့မှကောင်းကောင်းမပြီးသေးခင်မှာပဲ " လမင်းအောင် မင်းအဘ သွားချင်တဲ့ ဆီကိုလိုက်ပို့ လိုက်စမ်းတဲ့ "။ ဒါနဲ့  ဆိုင်ကယ်လေးကိုထုတ် စက်ကလေးကိုနိုး တစ်ဝါးဝါးသန်းရင် မောင်းထွက်လာခဲ့ တာပေါ့။ မင်္ဂလာဆောင်ရောက်ရော ဘဘကိုမိန်းမကြီးတစ်ယောက်ကဆွဲခေါ်သွားတယ် မောင်လမင်းလဲ နောက်ကလိုက်ရင်းပေါ့။ အဲမှာ သတိထားမိတာက အကျီ င်္က ညဝတ်အိပ်တဲ့  အကျီ င်္ ပုဆိုးက သွားတိုက်ဆေးအမြုတ်တွေပေလို့ ။ ဒါနဲ့ ပဲ ဒန်ပေါက်ထမင်းကို အားရပါးရစားခဲ့ ပါတယ်။ စားပြီးသောက်ပြီးလို့  လက်ဖွဲ့ ငွေလေးကူပြီး အိမ်ကိုပြန်တပ်ခေါက်ခဲ့ ပြီးပေါ့။ အိမ်လဲရောက်ရော မင်္ဂလာဆောင်က ပေးလိုက်တဲ့  ယက်တောင်ကိုဖတ်ကြည့်ပြီး သတို့ သားမိဘတွေလဲ ငါ့မသိဘူး သတို့ သမီး မိဘတွေလဲ ငါ့မသိဘူး ငါ့အမျိုးတွေလဲ တစ်ယောက်မှ မပါဘူးတဲ့ ။ ကောင်းရော သူများ မင်္ဂလာဆောင်မှားဝင်မိတာ ရယ်လိုက်ရတာအူကိုနာတယ်။

မောင်လမင်းအောင်

ပြုံးစိစိ ဖတ်စာ

ထူးဆန်းတဲ့ သတင်း သုံးပုဒ်

၁ ။ ဘာသာပြန် ညံ့ဖျင်း
အမေရိကန် သမ္မတ အိုဗားမား ရဲ့ သမိုင်းဝင် မိန့်ခွန်းကို ဘာသာအသီး သီး ပြန်ဆိုရာမှာ မြန်မာဘာသာပြန်က ပြန်ဆိုပုံ၊ ဝါကျဖွဲ့စည်းပုံ၊ ဝိဘတ် ထားပုံ၊ သတ်ပုံ၊ ချောမောခြင်း မရှိပုံ စသဖြင့် စသဖြင့် စသဖြင့် အလွန် ညံ့ဖျင်း ကြောင်း မြန်မာစာ တစ်လုံးမှ မတတ်သည့် အမေရိကန်တို့က ထောက်ပြ ဝေဖန်နေကြကြောင်း သိရပါတယ်။ မြန်မာတွေကတော့ သည်းခံတတ်သူများ ပီပီ ဘာမှ မပြောကြပါ။


၂ ။ သူများတို့ကို ပြောရောပေါ့
နာမည်ကြီး ( တအားကြီးတာ ) တရားပွဲ တစ်ပွဲကနေ
အပြန် မိတ်ကပ် အ ထူးကျွမ်းကျင် ပညာရှင်တစ်ယောက်က စုပ် တသပ်သပ်နဲ့ ဒီလို ပြောပါသတဲ့

" သူများတို့ကို ပြောရောပေါ့၊ မလုပ်တတ်ဘဲ လျှောက်လုပ်ပေးထားကြတယ်၊ ဒါမျိုးဆို........................... "

ဘယ်သူရဲ့ မိတ်ကပ်ပြင်ဆင်မှုကို အားမလို အားမရဖြစ်လို့ ပြောတာလဲ ဆို တာတော့ ဒီသတင်း ရေးပြီးချိန်အထိ မသိရပါ။ ရှေ့ဆုံးအတန်းမှာ ထိုင်ရင်း တရားနာနေတဲ့ မင်းသမီးတစ်ယောက်ကို မြင်ပြီး ပြောတာ ဖြစ်ကောင်းပါရဲ့ လို့ ဗုဒ္ဓဘာသာတွေက ဆုတောင်းနေကြပါသတဲ့။

၃ ။ သောင်းငွေ လား နီလာသောင်း လား
မြန်မာ နိုင်ငံရဲ့ လက်ရှိ ခေါင်းဆောင် နှစ်ယောက်နာမည်ကို ကြည့်ရာ သန်းရွှေ ( သင်္ချာ အရေအတွက် ၊ ရတနာ ၇ ပါး အမည် ) သိန်းစိန် ( သင်္ချာ အရေအတွက်၊ ရတနာ ၇ ပါး အမည် ) တူနေတာကို တွေ့ရပါတယ်။ ဒါကြောင့် နောက်တက်လာမယ့် ခေါင်းဆောင်ဟာ ဒီပက်တန်အတိုင်း သွားမယ်ဆိုရင် ယောက်ျားဖြစ်က " သောင်းငွေ " အမျိုးသမီးဖြစ်က " နီ လာသောင်း " ဖြစ်နိုင်တယ်လို့ ချဲဂဏန်း ပညာရှင်များ အဖွဲ့က ခန့် မှန်းနေကြကြောင်း သိရပါတယ်။
 **************

  ပါလီမန် လွှတ်တော်မှ ထုတ်ပြန် ကြေငြာချက်

 ၁ ။ လျှပ်စစ်မီးကိစ္စ
လျှပ်စစ်မီးများ ပျက်ခြင်းသည် အစိုးရနှင့် မဆိုင်၊ ထရန်စဖော်မာပုံး များနှင့်သာဆိုင်သည်။ ထို့ကြောင့် လျှပ်စစ်မီးပျက်ခဲ့သော် ထရန်စဖော်မာပုံး နှင့်အနီးဆုံးတွင်ရှိသော တာဝန်သိ ပြည်သူတစ်ယောက်ယောက်က ( မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ) ထရန်စဖော်မာပုံးကို ခြေထောက်ဖြင့် ခပ်နာနာလေး ကန်ပေးရန်လိုအပ်ပါသည်။  ခြေထောက်ဖြင့် ခပ်နာနာလေး ကန်ဟူသည်  ခြေထောက်ဖြင့် ခပ်နာနာလေး ကန်၊ တုတ် စသည်ဖြင့် မရိုက်ရဟု ဆိုလိုသည်။ ထိုသို့ ကန်လိုက်ခြင်းကြောင့် ခြေထောက်မှာ ဒဏ်ရာရသော် ဆေးဖိုးဝါးခ လိုအပ်သည်ထက် ပိုမတောင်းရန်  ထရန်စဖော်မာပုံးများ နှင့် နီးသော ဆေးရုံ ဆေးခန်းများကို အမိန့်စာ ထုတ်ပေးပြီးဖြစ်သဖြင့် ပြည်သူများ အနေဖြင့် စိုးရိမ်စရာ မလို။

၂ ။ လျှပ်စစ်ပစ္စည်းများ မသုံးစွဲရန်
လွှတ်တော်ပါလီမန်ထဲ၌ အရေးတကြီးကိစ္စများ ဆွေးနွေးရာ လွှတ်တော်ပါလီမန်အတွင်းရှိ နဗီဂိတ်တာများ၏ ဆစ်ဂနယ်များ ရောထွေးသွားနိုင်သဖြင့် ပြည်သူများ အနေနှင့် ဆဲလ်ဖုန်း၊ ကွန်ပျူတာ အင်တာနက် စသည့် လျှပ်စစ်ပစ္စည်းများ မသုံးစွဲကြရန် မေတ္တာရပ်ခံလိုက်သည်။ ထိုသို့သော အပြုအမူတို့ကြောင့် ပါလီမန်၏ ဆုံးဖြတ်ချက်များ နှောင့်နှေးစေနိုင်သည်ဟု မြန်မာ့ ပညာရှင်တို့ တွေ့ရှိခဲ့ရသည်။ မနေ့က သမ္မတရုံးသို့ ပို့လိုက်နိုင်သော ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဥပဒေအတည်ပြုချက်သည် မီးဖြတ်ပြီး လျှပ်စစ်ပစ္စည်း သုံးစွဲမှု ရပ်တန့်လိုက်နိုင်ခဲ့သောကြောင့်ဖြစ်သည်။

၃ ။ စကားလုံးကြီးများ မသုံးစွဲရန်
နိုင်ငံတော်၏ ဒီမိုကရေစီသည် နုနု နယ်နယ်သာ ရှိသေးသည်။ ထို့ကြောင့် သုံးစွဲသူကိုယ်တိုင် မနိုင်မနင်း မ ယူနေရသည့် မဏ္ဍိုင် မဏ္ဍပ် မဟာဗျူဟာ စူဠဗျူဟာ စသောပါဠိသက် မြန်မာ ဝေါဟာရများ၊ ဟူးမင်းရိုက် ဟျူမီလီယေးရှင်းရိုက်၊ စထရက်ဒဂျီ ထရက်ဂျဒီ စသော အင်္ဂလိပ်  ဝေါဟာရများဖြင့် ပစ်ပေါက်၍ မကစားကြရန်၊ အထူးသဖြင့် သမ္မတကြီးကို မျက်ရည်ယိုစေသော ပေါက်တတ်ကရ မေးခွန်းများ မမေးကြရန်ဖြစ်သည်။ နိုင်ငံအတွက် မျက်ရည်ကျရသော ခေါင်းဆောင်များတွင် အေဗရာဟင် လင်ကွန်း၊ တိန်ရှောက်ဖိန်တို့မှအစ လီကွမ်းယု အထိပါဝင်ကြောင်းသိရသည်။ နောက်နောင် မျက်ရည်ယိုမေးခွန်း မေးပါက မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ် တားမြစ်မည်ဖြစ်သည်။

၎ ။ အလုပ်လက်မဲ့ ပြဿနာ
တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသော ဤ  ပြဿနာကို စစ်အစိုးရ လက်ထက်ကတည်းက အမျှော်အမြင်ကြီးစွာ ဖြေရှင်းနိုင်ခဲ့သည်။ ဥပမာ ကားလမ်းများ ညီညွတ်နေလျှင် မိုးရွာအပြီး ရေများက သူ့ အလိုလို အောက်စီးသွားသဖြင့် မည်သူမှ အလုပ်မရနိုင်တော့။ ယခုမူ အမျှော်အမြင်ကြီးစွာ မညီအောင်လုပ်ထားသဖြင့် မိုးရွာအပြီး တံမြက်စည်းများဖြင့် လှဲကျင်းပေးရသည်။ ထို့ကြောင့် စည်ပင်သာယာ ဝန်ထမ်းများစွာကို အလုပ်ပေးထားနိုင်ခဲ့သည်။

ဤသို့သော စီးပွားရေး ပညာရှင်အချို့နှင့် ဖွဲ့စည်းထားသော အစိုးရကို ပိုင်ဆိုင်ထားသော မြန်မာပြည်သူများ အနေနှင့် ကံကောင်းသည်ဟု ဆိုနိုင်ပြီး ဉာဏ်ရှိသရွေ့တော့ ပြည်သူ့တာဝန်ကို  ဘယ်သူမှ မပေးဘဲ ကိုယ်ဘာသာကိုယ် လွှတ်တော်အမတ် ရာခိုင်နှုန်းများများ ယူပြီး အကောင်းဆုံး လုပ်ဆောင်သွားမည်ဟု သံဓိဋ္ဌာန်ပြုကြသည် ။

 လောကကြီးမှာ လူ နှစ်မျိုးပဲ ရှိတယ်
" ကျနော့် အဖိုးအလိုအရ လောကကြီးမှာ လူ နှစ်မျိုးပဲ ရှိတယ်၊ တစ်မျိုးက သူနဲ့ သဘောထားခြင်းတိုက်ဆိုင်တဲ့ လူ နောက် တစ်မျိုးက သူနဲ့ သဘောထားခြင်းမတိုက်ဆိုင်တဲ့ လူ " ( အမည်မသိ )

" လောကကြီးမှာ လူ နှစ်မျိုးပဲ ရှိတယ်၊ တစ်မျိုးက လူကောင်း၊ နောက် တစ်မျိုးက လူဆိုး။ လူကောင်းက ကောင်းကောင်း အိပ်ရပြီး လူဆိုးက လမ်းပေါ်မှာ လူကောင်းထက် ပို ပျော်ရတယ် " (Woody Allen).

" လောကကြီးမှာ လူ နှစ်မျိုးပဲ ရှိတယ်၊ တစ်မျိုးက လောကကြီးမှာ လူ နှစ်မျိုးပဲ ရှိတယ် ဆိုတာကို ယုံကြည်သူနဲ့ နောက် တစ်မျိုးက ဒါကို မယုံကြည်သူ " (Robert Benchley ).

" လောကကြီးမှာ လူ နှစ်မျိုးပဲ ရှိတယ်။ ခု တစ်မျိုးနဲ့ တော်ကြာ တစ်မျိုး " ( မြန်မာကာတွန်းတစ်ကွက်၊ ဆောရီး၊ ဆရာ့နာမည် မမှတ်မိ )


http://cammlek.blogspot.com/
*******************************

ရယ်ရွှင်ပြုံး နိင်ပါစေခင်ဗျာ

"ဖေါက်သည်"

တစ်ခါက..ပြည့်တန်ဆာမတစ်ယောက်ဟာပြည့်တန်ဆာမှုနဲ့တရားရုံးတစ်ခုကိုရောက်လာတယ်..တရားခွင်မှာ
တရားသူကြီးက..
"ဟဲ့..တရားခံမ နင့်နာမည် ဘယ်လိုခေါ်သလဲ" လို့မေးလိုက်တဲ့အခါမှာ..တရားခံမဖြေလိုက်ပုံကား..
"ဦး ကလဲသိရဲ့သားနဲ့"တဲ့..။

ခဏချေး

ကုန်သည်တစ်ဦး သည်  လူပြတ်လှသော တောလမ်းတခုကိုဖြတ်သွားစဉ် လူစိမ်းနှစ်ဦး ရုတ်တရက်ရောက်လာပြီး။
` ဗျို့ ဆရာကြီး ကျွန်တော်တို့ ကို ငါးမူးစေ့ တစေ့ ချေးပါလား ´
`ဘာ..........ဘာ..............ဘာကိစ္စရှိလို့ လဲ.......ဘာဖြစ်လို့ လဲ ´
`သြော်ဒီလို ဗျ ကျွန်တော်တို့ နှစ်ယောက် ခင်ဗျားဆီက ဓါးပြ တိုက်ရင် ဘယ်သူကငွေထုတ်ကိုယူပြီး ဘယ်သူကဆွဲကြိုးနဲ့ 
လက်ပတ်နာရီ ယူရမယ်ဆိုတာ ခေါင်းပန်လှန်မလို့ ပါ ´

ရယ်ဖို့ ပေါ့ဗျာ..ဟားးးး

၁။ မျဉ်းဝါမှတစ်ဆင့်
လမ်းဖြတ်ကူးသူများ ဖိနပ်စီး၍ လမ်းလျှောက်လျှက်ရှိ။
၂။ AIDS ရောဂါကို လူတိုင်း ကြောက်ရွှံ့။
၃။ တရားသူကြီးများ တရားစီရင်ရေးကိစ္စ ဆွေးနွေး။
၎။ နှာခေါင်းတွင် အပေါက်နှစ်ပေါက် မပါရှိပါက လူအများ အသက်ရှူရာတွင် အခက်အခဲများ တွေ့နိုင်ဟု သိပ္ပံပညာရှင်များဆို။
၅။ အခိုးခံရသော ပန်းချီကားများ ပျောက်ဆုံးလျှက်ရှိ။
၆။ ကျောင်းသားတစ်ဦး ကျောင်းကား ပေါ်တွင် ကျောင်းသားများနှင့် စာအကြောင်းများကို ဆွေးနွေး။
၇။ နားမကြားသူများ နားကြားကိရိယာ အသုံးမပြုပါက နားကြားရမည် မဟုတ်ဟု ကျွမ်းကျင် သူများ ပြောကြား။
၈။ ခရီးသည်တင် ကားများတွင် ထိုင်ခုံမရပါက မတ်တပ်စီး၍ လိုက်ပါနိုင်။
၉။ မဆင်မခြင် သောက်သုံးမှုကြောင့် အရက်သမားတစ်ဦး အမူးလွန်။
၁၀။ ရထားစီးစဉ် ပြတင်းပေါက်များ ဖွင့်ထားပါက လေကောင်း၊ လေသန့် ရနိုင်။
၁၁။ မိုးရွာသောနေ့များတွင် လူအများစု ထီးများ ဆောင်း၍ သွားလာလှုပ်ရှားလျှက်ရှိ။

ကိုရီးယား ဇာတ်ကားရည်းစားစာ

ချစ်သူ
ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့မင်းကို ကိုယ်
တကယ်သဘောကျတယ်………
မင်းနဲ့ကိုယ်လိုချစ်ကြတဲ့ချစ်သူတွေ ရှိတော့ရှိတယ်ရှားတယ်……..လေ
ချစ်သောဒီကမ္ဘာ……..မှာ မင်းသာရွှေမင်းသားလေးဖြစ်မယ်ဆိုရင်
ကိုယ်က ရွှေမင်းသားလေးရဲ့အချစ်ဦး….ပေါ့နော်
နွဲ့ဆိုးဆိုးသူကိုယ့်ချစ်သူ………မင်းကိုကိုယ်တကယ်
မမေ့ရက်ဘူးအချစ်ဦးရယ်………..
တို့နှစ်ယောက်ရဲ့ ဆည်းဆာရင်ခုန်သံ….များကို…ပဲပေါင်မုန့်..နဲ့…ပေါက်ပေါက်ဆုပ်…စားရင်း
ဖြတ်သန်းခဲ့ကြတာမင်းမှတ်မိရဲ့လားချစ်သူ
ဆောင်းဦးရွက်ကြွေချစ်သက်သေ……..အဖြစ်……ကော်ဖီချစ်သူ…မင်းကို
ကိုယ်စူပါကော်ဖီတစ်ထုပ်ပေးခဲ့တုန်းက မင်းကလည်း
ကိတ်မုန့်ချစ်သူ……….ကိုယ့်ကို cakeboy တစ်ခုပြန်ပေးခဲ့တယ်လေ
ဒါတွေဟာအခုတော့……..ဒဏ္ဍာရီထဲကပုံပြင်လေးတစ်ပုဒ်……..ပေါ့နော်
ပြုံးလှည့်ပါချစ်သူရယ်………..
မင်းရဲ့အပြုံးကိုကိုယ်မမြင်ရတာကြာပြီပေါ့ကွယ်
ကိုယ့်ရဲ့ရင်ထဲမှာမင်းကို……..လွမ်းမပြေ……..တဲ့စိတ်နဲ့
မျက်ရည်မိုး……တွေရွာသွန်းနေပါပြီ
မင်းရဲ့………မျက်ဝန်းရိပ်……ထဲမှာ ကိုယ်ရှိသေးရဲ့လားချစ်သူ
မရှိရင်ကိုယ့်ကို စိတ်မပူပါနဲ့
ကိုယ်……..နန်းတွင်းရတနာ……..ထဲမှာရှိပါတယ်
မင်းရဲ့အချစ်ကတော့
စံပါပဲ……..နော်
တို့နှစ်ယောက်……မခွဲအတူ………နေမယ်ပြောပြီးတော့
မာယာထောင်ချောက်……..နဲ့လှည့်စားသွားတာလား
ဟေမာန်ဆောင်းရဲ့ချစ်သံစဉ်……..မှာ ပျောက်ဆုံးသွားတဲ့
ကိုယ့်ရဲ့……ဆောင်းနှင်းချစ်သူ……..ကို
ရှာနေမိပါတယ်
ဒါပေမယ့်မင်းက…….ပင်လယ်ပျော်မင်းသား……..ဖြစ်နေတဲ့အတွက်
ကိုယ်တို့မဆုံဖြစ်ခဲ့ပါဘူး
ချစ်သူရယ်
ကိုယ်တို့နှစ်ယောက်ဟာ……ဆန့်ကျင်ဘက်နှလုံးသား…….တွေ
ဖြစ်ကုန်ပြီထင်ပါရဲ့
မင်းနဲ့ကိုယ်နဲ့ကြားမှာ……လျှို့ဝှက်ချက်…….တွေ
စည်းခြားထားသာအချစ်……..တွေ ရှိနေပြီလားချစ်သူ
ဒါဆိုရင်တော့ ကိုယ်
စပိုင်ချစ်သူ…..တစ်ယောက်ရှာမှဖြစ်တော့မယ်ထင်တယ်
မင်းဟာ……..ကိုယ့်အချစ်ဆုံး…..ပါချစ်သူ
ဤမှန်သောသစ္စာစကားကြောင့်…………………..
တို့နှစ်ယောက်ရဲ့…..ချိုမြိန်သောအချစ်နေ့ရက်များ
ပြန်လည်ရရှိပါစေ
တို့နှစ်ယောက်ရဲ့……..ချစ်စံအိမ်…….ဖြစ်တဲ့
မြက်ခင်းစိမ်းပေါ်ကအိမ်ကလေး…….မှာ
ခေါင်မိုးပေါ်ကကြောင်ကလေး………နဲ့အတူ
မင်းကိုစောင့်နေမယ့်……….. bounce

ဟဟ..ဖြစ်ရမယ်

ဂျွန်နီကလေး ယနေ့ကျောင်းစတက်ရသည်။ အဖေဖြစ်သူက ဆရာမအား ``ကျွန်တော့်သားက အလောင်းအစားလုပ်တာ အရမ်းဝါသနာပါတယ်။ သူ့ကို သတိထားပါ`` ဟုပြောရာ ဆရာမက ``စိတ်မပူပါနဲ့၊ ကျွန်မငယ်ငယ်က သူ့ထက်တောင်ဆိုးသေးတယ်။ ကျွန်မ သူ့ကို ထိန်းနိုင်ပါတယ်`` ဟု ဆိုသည်။
ညနေကျောင်းဆင်းချိန်တွင် ဆရာမက ဂျွန်နီကလေး၏ဖခင်အား ဂုဏ်ူယူစွာဖြင့် ``ဒီနေ့ အလောင်းအစားလုပ်တာ ကျွန်မ နိုင်လိုက်တယ်။ နောက်ဆို သူကျွန်မကို စိန်ခေါ်ရဲတော့မှာ မဟုတ်ဘူး။ ကျွန်မ တင်ပါးမှာ မှဲ့ရှိရမယ်လို့ သူက ငါးဒေါ်လာကြေး လာလောင်းလို့ မရှိဘူးဆိုတဲ့ အကြောင်း သူ့ကို သက်သေပြလိုက်တယ်လေ`` ဟု ဆိုရာ ဂျွန်နီလေး၏ ဖခင်က စိတ်ပျက်စွာဖြင့် ဆိုလိုက်သည်က ``အဲဗျာ…. ဒါဆို ကျွန်တော်တော့ ရှုံးပြီ။ သူက ဒီနေ့ နေ့မကူးခင် ဆရာမရဲ့ တင်ပါးကို ရအောင် ကြည့်ပြမယ်ဆိုပြီး ကျွန်တော်နဲ့ ဒေါ်လာ ၁၀၀ ကြေး လောင်းထားတာလေ…`` ။

လူမိုက်

လူမိုက်ဆိုတာဘယ်လို့ လူလဲသိလား
"သိဘူး"
ငါ့ကိုအရက်သမားတစ်ယောက်ကိုလက်ညိုးထိုးပြ၊ လူမိုက်ဆိုတာဘယ်လိုလူဆိုတာငါ့ပြမယ်
"ဟုတ်ကဲ့ ...အရက်သမားကျွန်တော်ပါ"
ဟေ..ဒီလို့ ဆိုလူမိုက်က ငါပါလား........းး


အရက်ကဗျာ

စာကမရ wine သာချ
စိတ်လေတယ်နော် beer ဆော်
အသည်းကကွဲ whiskey ဆွဲ
အပြင်းပြေသောက် spy ဖောက်
သောက်ပီးရင် ဇိမ် ဒီ champain
ပိုက်ဆံကမွဲ ဘီအီးဆွဲ
စိတ်ညစ်လို့ထိုင် ခေါင်ရည်ဆိုင်
မရှိတောင်းစား Rum တစ်ပြား
လမ်းမှာမှောက်ရက် ဂျင်တစ်ပက်
ပျော်ချင်ရင်လာ ကော်မရှင်နာ
တစ်ညလုံးမူး မာလီဗူး
ခ်ာခ်ာလည္တာ တက္ကြီလာ
အလာ့ဂျစ်စ် ထသည် old brandy
ဗော်လ်လာတောနစ် သိပ်သိပ်ချစ်
ကြက်သွန်ဖြူကိုက် တော်တော်မိုက်
လျှက်ဆားနဲ့မြည်း မိုက်လုံးကြီး
ကပ်တီးမူးလဲ ရှပ်ကီဘဲ...
 
facebook ပေါ်ကတွေလို့ .....

ပြောင်းလဲလာသောခေတ်....

ကျောင်းက စာစောင်တစ်ခုထဲက ဟာသပုံလေးတွေ တွေ့လို့ ဝေမျှပါရစေ..

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးပေါ့.. ပုံတွေရဲ့  ခေါင်းစဉ်က “Studium Digitale: Chancen and Risken” တဲ့..

ပထမပုံကတော့ E-learning တဲ့.. ကွန်ပြူတာက lecture တွေကို copy ကူးဖို့ ကြိုးစားနေတဲ့ ကျောင်းသူ တစ်ယောက်..

အခုခေတ်က ကျောင်းသားတွေက စာမေးပွဲခန်းထဲမှာ မမေ့အောင် စာအတိုအစတွေ မမှတ်တော့ဘူး.. website address ပဲ မှတ်သွားကြတော့တယ်.. ဒီလိုမျိုးလေ..

အခုခေတ်ကျောင်းသားတွေရဲ့  ဦးနှောက်ထဲမှာ ဘာတွေ ရှိတယ်ဆိုတာ သိကြလားဟင်.. Google က ဦးနှောက်ထဲမှာ နေရာတ၀က်ယူထားတယ်လေ..

နောင်တချိန်မှာပေါ့နော်.. ကွန်ပြူတာပျက်လို့ စိတ်ညစ်မနေပါနဲ့တဲ့.. ကွန်ပြူတာအစား ဘောပင်ကို သုံးပါတဲ့.. ဘယ်လိုသုံးရမလဲဆိုတဲ့ အညွှန်းကိုတော့ ပုံမှာ ပြထားပါတယ်..

အောက်ပါတို့ကို သိရှိသလောက် ဖြေဆိုပါ။

၁) အောက်ပါတို့ကို သိရှိသလောက် ဖြေဆိုပါ။

အမေး။ နိုင်ငံတော် သီချင်းကို မည်သူရေးစပ်ခဲ့သနည်း။
အဖြေ။ သီချင်းရေးဆရာ ဖြစ်ပါသည်။

ထူးခြားသည့် အချက်9ချက်

1     ကမ္ဘာပေါ်ရှိလူများသတွင်အပေါ်သွှားနှင့် အောက်သွားသည်ထိမနေပေ။

2     ။စိတ်မနှံ့ သူအချို့ သည်ထိုအဆိုကို  စိမ်းသပ်လေ့ ရှိသည်။


3      ။သင်သည်အပျင်းကြီးသူဇြစ်ကြောင်း  ကျွန်ုပ်သက်သေပြမည်။

3      ။ No.3   နှစ်ခါထပ်နေသည်ကိုသင်သတိမပြုမိ။

5       ။No.4  မပါသည်လည်းမသိ။

6      ။ထိုအကြောင်းအရာတို့ ကို  ကြည့် ခြင်းဖြင့်     သင်သည်  နံပတ်ဖတ်အပျင်းကြီးသူဖြစ်သည်။

7      ။ကျွန်ုပ်စမ်းသပ်ချက်  ပြီးဆုံးပြီ။

8     ။စိတ်မနှံ့ သူအချို့ သညိထိုစာကိုဖတ်ပြီးရီ   တတ်ကြသည်။

9     ။bye      ။

ဖတ်မီ၊ ရယ်မိ၊ ဟားမီ ဟာသကဗျာများ

နှစ်ပေါင်ကြားမှာလ
အလုံးကို ငြိမ်အောင်ထားပါလို့
အရင်းအဖျားတုတ်ပါတဲ့
ကိုယ့်ဟာကြီးနဲ့ တည့်တည့်ချိန်
ခါးလေးကိုလိမ်
ဖင်ပိန်ကိုလှည့်ပေး
အဖုတ်ပေါ်အသာရှပ်ပါလို့
ရိုက်တတ်မှ ပြေး...........

အထင်နဲ့ အမြင်

အထင်နဲ့အမြင်
ဒေါက်တာကျွန်တော့်ဒဏ်ရာကိုမချု
ပ်သေးဘဲနဲ့ ဘာဖြစ်လို့အချွန်နဲ့
ထိုးကလိနေရတာလဲ..
နည်းနည်းတော့သည်းခံရမှာပေါ့..အထဲရောက်နေတဲ့ကျည်ဆံ
ထိပ်ဖူးကိုထုတ်ပစ်မှဖြစ်မှာမို့ပါ
ဟင်းစောစောကပြောရောပေါ့ဒေါက်တာရယ်ကျည်ဆံကကျွန်တော့်
အိတ်ကပ်ထဲမှာဗျ..

မီးပျက်ခြင်း၏ အကျိုးကျေးဇူးများ


> ၁။ကလေးများကိုပျော်ရွှင်စေခြင်း
(သတိထားပြီးကြည့်ပါညဖက်မီးလာပြီဆိုရငကလေးတွေတဟေးဟေးနဲ့အော်တာကိုသူငယ်ချင်း တို့မြင်ဖူးပါလိမ့်မယ်။မီးလာမှန်တဲ့နိုင်ငံကကလေးတွေဆိုရင်ဒီလိုပျော်ရွှင်မူ့မျိုးကိုရမှာမဟုတ်ပါဘူး)

အဲဒီကောင်ဘယ်မှာလဲ

ဟိုးရှေးရှေးတုန်းက … မိချောင်းတွေအများကြီး မွေးမြူထားတဲ့ သူဌေးကြီးတယောက်ရှိပါတယ် …
သူဟာ … မိကျောင်းတွေကို … အိမ်ရာနောက်က ရေကန်ထဲမှာ … မွေးထားတတ်ပါတယ် …
ပြီးတော့ အဲဒီသူဌေးကြီးမှာ … အလွန်ချောမောလှပတဲ့ … သမီးပျိုလေးတယောက်လဲရှိပါတယ် …

တနေ့မှာတော့ … သူဌေးကြီးဟာ … ပါတီပွဲကြီးတခုကို ကျင်းပဖို့ဆုံးဖြတ်လိုက်တယ် …
ပါတီပွဲကျင်းပတဲ့နေ့မှာ … သူဟာ ဒီလိုကြေဌာခဲ့ပါတယ် …

သူ့ဆီမှာ ငါ ရစရာ $800

မိန်းမ ဖြစ်သူက ရေချိုးခန်းထဲ မှ ထွက်လာပြီးနောက် ယောကျာင်္း ဖြစ်သူက ရေချိုးခန်းတွင်းသို့ ရေချိုးရန် ၀င်လိုက်လေသည်။ ထိုအခိုက် တံခါးခေါင်းလောင်း မည်လာလေသည်။ မိန်းမဖြစ်သူလည်း ရေချိုးခန်းသုံး တဘက်စောင်ကို ကမန်းကတန်း ပတ်ကာ အိမ်အောက်သို့ ခပ်လောလော ပြေးဆင်းလိုက်သည်။ တံခါးဖွင့်ပေးလိုက်ရာ တဖက်အိမ်မှ "ဘောဘ့်" ဖြစ်နေသည်။ သူမ ဘာမှ မပြောရသေးခင် "ဘော့ဘ်" က ကျေးဇူးပြုပြီး တဘက်စောင်ကို ဖယ်ပေးပါ.. $800 ပေးပါမယ် ဟုဆိုလေ၏။ သူမ ခဏမျှ မင်သက်သွားပြီး "ဘောဘ့်" ရှေ့တွင် တဘက်စောင်ကို ဖယ်ပြပြီး ခတ္တ ရပ်နေလိုက်သည်။ စက္ကန့် အနည်းငယ်ကြာပြီးနောက် "ဘောဘ့်" က $800 ကို ကမ်းပေးလိုက်ပြီး တိတ်ဆိတ်စွာ ထွက်ခွာသွားသည်။ မိန်းမဖြစ်သူလည်း တဘက်စောင်ကို အမြန်ပြန်ဝတ်ကာ အပေါ်ထပ်သို့ ပြန်တက်လာသည်။ ရေချိုခန်းနား အရောက်တွင် အထဲမှ ယောင်္ကျားဖြစ်သူက "ဘယ်သူလဲ" ဟုမေး၏။ ဟိုဘက်အိမ်က "ဘောဘ့်" ပါ... သူမက ပြန်ဖြေ၏။ ယောင်္ကျားဖြစ်သူက "အင်း... ကောင်းတယ်.. သူ့ဆီမှာ ငါ ရစရာ $800 ရှိတဲ့ အကြောင်း ပြောသေးလား?"

ကလေးဟာသများ

ကလေးတစ်ယောက်က လမ်းပေါ်မှာ ငိုနေသတဲ့။
အဲဒါ ..တွေ့တဲ့လူကြီးတစ်ယောက်က မေးတာပေါ့
ဘာဖြစ်လို့ ငိုနေတာလဲ ကလေး ?
အိမ်မှာ သားဖေဖေနဲ့ မေမေ ရန်ဖြစ်နေလို့ပါလို့ ပြန်ဖြေတယ်တဲ့ ..ကလေးက ။
ဒါနဲ့ အဲဒီလူကြီးက ....သြော်... မငိုပါနဲ့ကွ မင်းအိမ်ကို ဦးဦးပြန်လိုက်ပို့ပေးမယ်..မင်းဖေဖေက ဘယ်သူတုန်း-လို့လဲမေးလိုက်ရော ကလေးလေးက ပြန်ဖြေရှာတယ် ...
(( သားဖေဖေကလဲ အဲဒါကိုပဲ မေးမေးပြီး မေမေ့ကို ရိုက်နေတာတဲ့ ))


ဟာသနော် တလွဲတွေးနဲ့ 

ကျောင်းသားတစ်ဦးသည် ဆရာမတစ်ဦးကို တိတ်တခိုး နှစ်သက်စွဲလမ်းနေမိသည်။ တစ်နေ့တွင် အရဲစွန့်ပြီး ဆရာမကို ချစ်ကြိုက်ကြောင်း ရင်ဖွင့်ခဲ့သည်။ ဆရာမက ကျောင်းသားနှင့် ဆရာမှာ မချစ်သင့်ကြောင်း၊ မယူသင့်ကြောင်း အမျိုးမျိုးပြောဆိုဆုံးမခဲ့သော်လည်း ကျောင်းသားက အချစ်တွင် အသက်အရွယ်၊ ရာထူးဂုဏ်သိက္ခာ မခွဲခြားကြောင်းပြောပြီး တစ်ဇွတ်ထိုး ရှေ့တိုးခဲ့သည်။

ဆရာမက မတတ်တာသည့်အဆုံး မင်းလို ကလေးကို ငါမချစ်နိုင်ဘူးဟူသည့်သဘောဖြင့် “ဆရာမ ကလေးမလိုချင်ဘူး” ဟုပြောလိုက်ရာ ကျောင်းသားပြန်ပြောလိုက်သည်မှာက “ကလေးမရအောင် ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်” ဟူတည်း။

A to Z ရည်းစားစာ

အချစ်နဲ့ ပက်သက်လာရင် ကိုယ်ရဲ့ခွန်အားတွေဆိုတာဟာ
(A)ရာဝတီတိုင်းမှာ မွှေနှောက်တိုက်ခတ်သွားတဲ့ နာဂစ်ဆိုင်ကလုန်းလေမုန် တိုင်းလို ကြီးမားပါရဲ့ မေရယ်.....။မေ့ရဲ့ ပတ်ဝန်းကျင်မှာ ..
(B)လူး၊ဂုမ္ဘာန် ၀န်းရံစောင့်ကြပ်နေအုံးတော့၊ ကိုယ် ဘာလို့ မှုနေရမှာလဲ ..ဟင်း ..ဟင်း ..၀ီစကီထဲ
(C) ပလပ်ရောစပ်ပြီးဆတ်ခနဲ မော့ချလိုက်ရင်း ရန်စွယ်တွေမှန်သမျှ အန္တရာဃ်တွေဟူသမျှကို ဟော
(D)ကောင်ဖြေရှင်းသုတ်သင်ပြပါမယ်
မေ။ တကယ်တော့ ကိုယ်ဟာ မေနဲ့ပက်သက်လာခဲ့ရင် အင်မတန်မှ စွဲလမ်းစိတ်ကြီးမားတဲ့သူပါမေရယ်၊ဘယ်လောက်တောင်မေ့အပေါ် စွဲ လမ်းသလဲဆိုတော့ မေအမှတ်မထင် လွှတ်ထုတ်လိုက်တဲ့
(E) သံကလေးကိုတောင် အာရုံထဲမှာ စွဲငြိနေပါ သေးတယ်၊ဘာပဲဖြစ်ဖြစ်ကိုယ့်အဖို့တော့ ကြင်နာသူက လမ်းခွဲသွားရင် ကိုယ့်အသည်းတစ်ခုလုံး

(F) ကွဲကြေမွသွား မှာသေချာပါတယ်မေ၊ မေရယ် ကိုယ်မေတ္တာကို တုံ့ပြန်ပေးပါ။ ကိုယ့်ကို ချစ်ခွင့်ပေးပါ၊ ကိုယ်မြတ်နိုးတဲ့ ပန်းကလေးရဲ့ ရနံ့ကို ပိုင်ပိုင်နှိင်နှိင် ရှိုက်နမ်း မွှေးကြူခွင့်ပြုပါ။ သည်လိုတောင်းဆိုလိုက်တာတွေနဲ့ ပက်သက်လို့ ကိုယ်ဟာ အင်မတန်မှ
(G) ကျတဲ့ သူရယ်လို့လည်းထင်မှတ် မသွားပါနဲ့အုံး။ မေရယ် ... ကိုယ်တောင်းခံထားတဲ့အချစ်နဲ့ ပက်သက်ပြီး
(H) ချင်ယောင်လည်း ဆောင်မနေပါနဲ့တော့၊ ကိုယ်ဟာတစ်သည်းမှာတစ်သက်၊ တစ်သက်မှာတစ်သည်း၊ မျက်နှာလည်း မများတက်သလို (I) တွေတိုင်းလည်း ခြေဆေးတက်သူ မဟုတ်ဘူးဆိုတာ ယုံထားလိုက်စမ်းပါ၊ ကိုယ်အခု
(J) ရုဆလင်နိုင်ငံနဲ့ ပက်သက်တဲ့ သတင်းတစ်ပုဒ် ဖတ်နေတယ်မေ၊ ပြည်တွင်းစစ်မှာ အချင်းချင်း တိုက်ကြခိုက်ကြနဲ့ အငြိုးအတေးကလည်း ကြီးပါ့၊ နဖူးကအမာရွတ် မြင်လေတိုင်း မင်းမဟော်ကို အခဲမကျေဖြစ်နေတဲ့
(K) ၀ဋ် ပုဏ္ဍားတောင် လက်မြှောက် အရှုံးပေးလောက်ပါရဲ့၊ မေနဲ့ကိုယ်တို့ကြားမှာတော့ လက်ကလေးတွေ တွက်ချိုးရေဖို့ရာ အမျက်ကလေးတွေ သက်ဆိုးမရှည်ခဲ့ပါဘူးနော်၊ ကိုယ်သူငယ်ချင်းတွေက ကိုယ့်ကိုမေးကြတယ်၊ ကိုယ်ဟာမေ့ရဲ့
(L) စတုံအိုးကြီးကို သဘောကြလို့ ချစ်သွားတာလားတဲ့၊ ရယ်ပဲရယ်စရာ ကောင်းသေးတော့၊ ကိုယ်က မေ့ရင်ထဲက ဖြူစင်တဲ့နှလုံးသားလေးကိုသာ ချစ်တဲ့အကြောင်းဖွင့် (M) ပြောပြလိုက်မှ ငြိမ်သွားကြတယ်၊ ဒါတောင်မှ အထွန့်တက်လာကြသေးတယ်။
မေရယ် .......။
(N) ဏ္ဏဝါလှိုင်းရေပြင်ထက်မှာတော့ ငှက်မောင်နှံက တူယှဉ်တွဲ ပျံသန်းလို့ပေါ။
ကိုယ်ဟာ မေ့အပေါ်
(O) မင်းရင့်ရော်တဲ့အထိ မပြယ်သောမေတ္တာများနဲ့ ချစ်သွားမယ်သူပါ၊ သည်လိုမျိုး မေ့ အပေါ် ထားတဲ့သစ္စာ မ
(P) ပြင်ခဲ့ဘူးဆိုရင် အဏ္ဏဝါမြစ်ရေအလျဉ်ကို အန်တုတားဆီးနေတဲ့
(Q) ပင်တွေကို နှုတ်ပြီး ကိုယ့်ရင်ဝကို ဆောင့်ထိုးလိုက်ပါတော့။
ကိုယ်ဟာ ဖြီးဖြန်းအပိုကဲလို့ မညာတက်သလို ကျီးကန်းလိုလည်း မ
(R) တက်ပါဘူး၊ ကိုယ်အချစ်က ငရဲမီး
(S) ဆစ် အစားခံရတဲ့ ဇဗ္ဗူရာဇ်ရွှေစင်နှလုံးသားပါ မေရယ်၊ စကားတွေကို
(T) တီတာတာ မဖွဲ့နွဲ့ တက်ပါဘူး၊မေတ္တာတွေပေးခဲ့ပြီင်္း သူမို့ မေတ္တာကိုတော့ ပြန်
(U)ချင်ပါတယ်မေ။ ကိုယ်အခု ချောင်းသာကမ်ခြေကို အလကားခေါ်မယ့်သူရှိလို့ ရောက်နေတယ်မေ။
သည်စာကို ပင်လယ်က
(V) ပင်တစ်ပင်အောက်မှာ ရေးနေတာ။ သည်အချိန်မှာပဲ ဘယ်ကကန်ထည့် လိုက်မှန်းမသိတဲ့
(W) ဘောလုံးတစ်လုံးက ကျောကုန်းကိုလာမှန်တယ်၊ အမယ်လေးလေး၊ အောင့် လိုက်တာ၊ နာလိုက်တာ၊ အဆုတ်တွေ ဘာဖြစ်သွားလဲမသိဘူး၊ ရန်ကုန်ပြန်ရောက်တော့မှပဲ
(X) ရေး ဓါတ်မှန် ရိုက်ကြည့်ရတော့မှာပဲ။ စာလည်းရှည်သွားခဲ့ ပြီ ....... မေ။ သည်းခံပြီး ဖတ်တာ ကျေးဇူးကမ္ဘာပါ။
အဲ ....... တစ်ခုတော့ ရှိတယ်။
ကိုယ်အပေါ် မေ့ ဆီက မေတ္တာ တုံ့ပြန်မလာဘူး ဆိုရင်တော့ ကိုယ်ဟာ အင်ဂျင်
(Y) နဲ့ ပိုးသတ်ဆေး သောက်ရင်း
(Z) ကျိုးလို့ နိဂုံး ချူပ်သွားပါလိမ့်မယ်မေ ´´

တစ်ပတ်အတွင်းလူကြည့်အများဆုံး