လွဲလို့ ရယ်တဲ့  မဆုံးနိုင်တယ်

လွန်ခဲ့ တဲ့ နှစ်ရက်က ကိုမင်းနဲ့ အဘ အောင်ချမ်းသာကိုအလည်သွားကြရင်းဖိတ်စာတစ်စောင်ပါလာတယ်။ ဘယ်သူမှဖတ်မကြည့်ရသေးခင်မှာပဲ ဖိတ်စာကပျောက်ခြင်းမလှပျောက်သွားပါလေရော။ အဘကတော့ သူအမျိုးတွေရဲ့  မင်္ဂလာဆောင်ကိုဘယ်မှာဆောင်မှန်းတောင်မသိရှာတဲ့ အတွက် မြေးတွေကိုကြိမ်းမောင်းနေလေရဲ့ ။ ဒီနေ့ မနက် ကိုလမင်း ထတော့ ဆိုပြီး ချစ်ကို က လာနိုးမှပဲ အောက်ထပ်ကိုဆင်း မျက်နှာလေးသစ်၊ သွားလေးတိုက်လို့မှကောင်းကောင်းမပြီးသေးခင်မှာပဲ " လမင်းအောင် မင်းအဘ သွားချင်တဲ့ ဆီကိုလိုက်ပို့ လိုက်စမ်းတဲ့ "။ ဒါနဲ့  ဆိုင်ကယ်လေးကိုထုတ် စက်ကလေးကိုနိုး တစ်ဝါးဝါးသန်းရင် မောင်းထွက်လာခဲ့ တာပေါ့။ မင်္ဂလာဆောင်ရောက်ရော ဘဘကိုမိန်းမကြီးတစ်ယောက်ကဆွဲခေါ်သွားတယ် မောင်လမင်းလဲ နောက်ကလိုက်ရင်းပေါ့။ အဲမှာ သတိထားမိတာက အကျီ င်္က ညဝတ်အိပ်တဲ့  အကျီ င်္ ပုဆိုးက သွားတိုက်ဆေးအမြုတ်တွေပေလို့ ။ ဒါနဲ့ ပဲ ဒန်ပေါက်ထမင်းကို အားရပါးရစားခဲ့ ပါတယ်။ စားပြီးသောက်ပြီးလို့  လက်ဖွဲ့ ငွေလေးကူပြီး အိမ်ကိုပြန်တပ်ခေါက်ခဲ့ ပြီးပေါ့။ အိမ်လဲရောက်ရော မင်္ဂလာဆောင်က ပေးလိုက်တဲ့  ယက်တောင်ကိုဖတ်ကြည့်ပြီး သတို့ သားမိဘတွေလဲ ငါ့မသိဘူး သတို့ သမီး မိဘတွေလဲ ငါ့မသိဘူး ငါ့အမျိုးတွေလဲ တစ်ယောက်မှ မပါဘူးတဲ့ ။ ကောင်းရော သူများ မင်္ဂလာဆောင်မှားဝင်မိတာ ရယ်လိုက်ရတာအူကိုနာတယ်။

မောင်လမင်းအောင်

တစ်ပတ်အတွင်းလူကြည့်အများဆုံး