Showing posts with label ဒိုင်ယာရီ. Show all posts
Showing posts with label ဒိုင်ယာရီ. Show all posts

ထူးဆန်းတာလေးပြောပြပါ

ထူးဆန်းတာလေးပြောပြပါ
===================
စာသင်နှစ်တစ်ခုစပြီးဆိုသည်နှင့် အတန်းသစ်မှာ သူငယ်ချင်းအသစ်တွေနှင့် ဆူညံစပြုလာပြီး စာသင်ခန်းသည် အသက်ဝင်လျက်ရှိသည်။ အစတွင် အစိမ်းသက်သက်ဖြစ်သော်လည်း ကလေးတို့  ဘာသာဘာဝဖြင့် တစ်စတစ်စရင်းနှီးစပြုလာသည်။
"မောင်ဘယ်သူ"  "ရှိ" " မဘယ်ဝါ" "ရှိ"
အတန်းပိုင်ဆရာမ၏ နာမည်စာရင်းခေါ်သံကြားလိုက်တိုင်း တစ်ယောက်ချင်းစီလိုက်ကြည့်နေသည်မို့  ဘယ်သူ ဘယ်ဝါဆ်ုတာ မိတ်ဆပ်ရန်မလိုသိပြီးသားပင်ဖြစ်သည်။ ထိုစဉ်က မောင်လမင်းသည် (၆) တန်းကျောင်းသား။

အတန်းပိုင်ဆရာမသည် သန့် ရှင်းရေးလုပ်ရန်၊ သောက်ရေအိုးရေဖြည့် စသည့်ဖြင့် ကျောင်းလုပ်ငန်များကိုလုပ်ဆောင်ရန် ကျောင်းသားများကို အသင်းများဖွဲ့ စေ၍ အသီးသီးတာဝန်ခွဲဝေပေးလေသည်။
ဒီလိုနှင့် တနင်္လာနေ့ က ဘယ်သူအသင်း၊ အင်္ဂါနေ့ ကဘယ်ဝါ အသင်းဆိုပြီး မှတ်တမ်းတင်ထားဖို့  ကဒ်ထူဂျက်ပြားဝယ် ၊ ဆော့ပင် ပြာ/နီ ဖြင့် ဆေးစက်များကိုချနေလေတော့သည်။ ထိုချိန်တွင် ကျော်စွာက ကျွန်တော်ကို စကားပြောရန်ကမ်းလှမ်းပါတော့သည်။

ကျော်စွာ။ ။ ဟေ့ကောင် လမင်းအောင် ငြိမ်လှချည်းလာကွ ငါတို့ ကို မင်းသိထားတဲ့ ထူးဆန်းတာလေးတစ်ခုခုပြောစမ်းကွာ

မောင်လမင်း။ ။ ဘယ်လိုထူးဆန်းတာလဲဟ

ကျော်စွာ။ ။ စိတ်လှုပ်ရှားစရာတစ်ခုခုပေါ့ကွာ

မောင်လမင်း။ ။ အေးအဲဒါဆို မင်းကိုမေးမယ်ကွာ မင်းအခုရေးနေတဲ့  အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ အဲဒီအသင်း ၅ သင်းထဲမှာ ထူးခြားတာတစ်ခုကိုရွေးကွာ

ကျော်စွာ။ ။ ဘာကထူးခြားလို့ လဲကွ

မောင်လမင်း။ ။ ဗန္ဓုလ ကထူးခြားတယ်လေကွာ ကျန်တာအားလုံးဘုရင်တွေချည်း သူတစ်ယောက်စစ်သူကြီး

ကျော်စွာ။ ။ အော်အဲလိုလား သိသွားပြီး နောက်တစ်ခုဆက်မေးကြည့်ကွာ

မောင်လမင်း။ ။ နောက်ဆုံးအသင်းကိုနုတ်လိုက်ကွာ ဒါဆို အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား အဲထဲကထူးခြားတာတစ်ခုရွေးပေး

ကျော်စွာ။ ။ ဟ စစ်သူကြီးနုတ်လိုက်တော့ ဘုရင်တွေပဲကျန်ပြီးပေါ့ ဘာကထူးခြားနေလို့ လဲ

မောင်လမင်း။ ။ ကျန်စစ်သားကွ

ကျော်စွာ။ ။ ဘာလို့ လဲ

မောင်လမင်း။ ။ အနော်ရထာက ပထမမြန်မာနိုင်ငံကိုတည်ထောင်ခဲ့ တယ်လေ။ ဘုရင့်နောင်က ဒုတိယ၊ အလောင်းဘုရားက တတိယ မြန်မာနိုင်ငံတော်ကိုတည်ထောင်သူတွေ ဒါလေးတောင် မသိဘူး

မောင်လမင်း။ ။ နောက်တစ်ခုဆက်မေးမယ်ကွာ နောက်ဆုံးကနောက်ထပ်တစ်သင်းကိုထပ်နုတ်လိုက်ဦး
အလောင်းဘုရားကိုနုတ်လိုက်ပြီးနော် ကဲ ကျန်တဲ့ သုံးသင်းထဲက ဘယ်ဟာထူးခြားသေးလဲ

ကျော်စွာ။ ။ ဟဟ ကျန်စစ်သား ခုနမင်းပြောသလို ဟိုးအသင်းနှစ်ခုက ပထမနဲ့  ဒုတိယ နိုင်ငံထူထောင်ခဲ့ တာလေ

မောင်လမင်း။ ။ မှားပါတ်ာကွယ် ငါ့ကမေးပြီးသားဘာလို့ မေးမှာလဲဟ

ကျော်စွာ။ ။ ဒါဆိုဘာလဲကွာ

မောင်လမင်း။ ။ ဘုရင့်နောင် ပါ။ အနော်ရထာနဲ့  ကျန်စစ်သားက ပုဂံခေတ်က ဘုရင့်နောင်က တောင်ငူ ။

ကျော်စွာ။ ။ ငါ့စိတ်ဝင်းစားလာပြီး မင်းပြောသလိုတော့ ဟုတ်သား နောက်ထပ်ဆက်ပြောကြည့်ကွာဒီတစ်ခါတော့ ငါပြောနိုင်မှာပါ။

မောင်လမင်း။ ။ အေးကွာနောက်ဆုံးကနောက်ထပ်တစ်သင်းနုတ်လိုက်ဦး အနော်ရထာနဲ့  ကျန်စစ်သား အဲဒါဘယ်ဟာထူးခြားလဲ

ကျော်စွာ။ ။ပန်းပေးတယ်ကွာ ငါ့တစ်ကယ်မသိဘူး ဘာလဲအဲဒါ

မောင်လမင်း။ ။ မင်းဘာသာစဉ်းစားတော့ ငါ့တံပြတ်စီးလှည်လိုက်ဦးမယ် သွားပြီးကွာ

ကျော်စွာ။ ။ နေပါဦးဟ မင်းကလဲ မင်းအစားငါလုပ်လိုက်မယ် ဘယ်ဟာထူးခြားလဲဆိုတာပြောသွားဦး

မောင်လမင်း။ ။ ရော့  အမှိုက်ပစ်ဖို့ ပဲကျန်တောတာ မင်းငါအစားလုပ်မယ်ဆိုရင် အမှိုက်သွားပစ်လိုက်ပြန်လာရင်ပြောမယ်

ကျော်စွာ။ ။ ရပြီးပြောတော့

မောင်လမင်း။ ။ အနော်ရထာက ငါ့အသင်း ကျန်စစ်သားက မင်းအသင်းလေကွာ …


မုံရွာတက္ကသိုလ် စစ်တုရင်ပြိုင်ပွဲ ဆုယူခဲ့စဉ်က

မုံရွာတက္ကသိုလ်
တစ်ဦးချင်းစစ်တုရင် (တတိယ) ဆုလက်ခံရယူခဲ့တုံးကပေါ့ဗျာ


ဒုပါမောက္ခချူပ်က ဆုပေး


A friend I shall never forget



မနေ့ က ဟိန်းမင်းသူတင်လိုက်သော ကျွန်တော်တို့ အတူအမှတ်တရရိုက်ကူးထားသည့် ဓာတ်ပုံ တစ်ခုကိုတွေ့ မိရာ သူနှင့်အတူ သူငယ်ချင်းတစ်ယောက်ကိုလည်း အထူးသတိရမိသည်။ ကျွန်တော်အထူးသတိရမိသော သူငယ်ချင်းမှာ ငြိမ်းအောင်ဖြစ်သည်။ ငြိမ်းအောင်နှင့် အမှတ်တရများစွာရှိခဲ့ သည်အနက် တစ်ခုသောမမေ့နိုင်စရာမှာ……။
××××××XXXX××××
ငြိမ်းအောင်နှင့် စတင်ဆုံသည်မှာ
ကျွန်တော် ၁၀တန်းစာမေးပွဲဖြေဆိုရန်အတွက် ဘော်ဒါဆောင်တစ်ခုသို့  ရောက်စကဖြစ်ပါသည်။
"လမင်း ငါနင့်ကို ၁၀တန်း အောင်စေချင်တယ်"
မမြင်မတွေ့ ဖူးပါပဲ ကျွန်တော် ရင်ခုန်စွဲလန်းခဲ့ ရသည့် မိန်းကလေးတစ်ယောက်၏ စကားသံတွေကိုလည်း အမြဲကြားယောင်နေမိသည်။ ချစ်တဲ့ စိတ်တစ်ခုနှင့် အရာရာကိုသည်းခံကာ မာနကိုလျော့ သူ့ အလိုကိုသာလိုက်တော့မည်ဟု ဂတိပေးခဲ့မိသည်။ ထို့ ကြောင့် ကျွန်တော် ဒီအဆောင်ကိုရောက်လာခဲ့ ခြင်းဖြစ်သည်။
ရောက်စ၌ အစိမ်းသက်သက်ဖြစ်သော်လည်း တစ်ပတ် နှစ်ပတ်အကြာမှာ နေသားကျအောင် နေတတ်ခဲ့ ပြီးဖြစ်သည်။ ထိုစဉ်တွင် ငြိမ်းအောင်နှင့် စသိပါသည်။ ကျွန်တော်တို့  အဆောင်တွင် ငြိမ်းအောင်ဟု သညာအားဖြင့်မှည့်ခေါ်သော အမည်တူနှစ်ယောက်ရှိသည်။ ငြိမ်းအောင် ၁ ၊ ငြိမ်းအောင် ၂ ဟု အတန်းဖော်တွေအမှတ်သညာပြုကြပေမဲ့  ကျွန်တော်ရည်းညွှန်းလိုသောသူမှာ မုံရွာငြိမ်းအောင်ဖြစ်သည်။ သို့ သော်သူသည် မုံရွာသားတော့ မဟုတ်ပါ။
××××××
ကျွန်တော်သည် စာဖတ်ဝါသနာပါ၏။ ဝါသနာအရ စာတိုပေစကလေးများကိုလည်း ရေးတတ်သေး၏။ ပြင်ပစာဟူု၍ ဖတ်စရာတစ်ခုတစ်လေမျှမရှိသော အဆောင်တွင် စကားလုံးလေးများကို တစ်လုံးစီဖြုတ်၍ ကစားလေ့ရှိသည်။ အဆောင်တွင် တစ်ယောက်တည်း ထီးထီးရှိစဉ် စကားလုံးလေးများကို စီတန်း၍ ရေးတက်သည်။ ဤသည်မှာ ကျွန်တော့်၏ အပျင်းပြေစေသောကစားနည်းတစ်ရပ်ဖြစ်သည်။

တစ်ရက်သားမှာတော့ ကျွန်တော်သည် စာမသင်သောကျောက်သင်းပုန်းတစ်ခုပေါ်တွင် ကဗျာတစ်ပုဒ်စပ်မိခဲ့ သည်။ (ထိုအချိန်ကစာသင်ကြားခြင်းမပြုသည့်နေရာစ်ြသော်လည်း စာသင်နှစ်တစ်ဝက်တွင် တန်းခွဲတစ်ခုခွဲ၍စာသင်ပါသည်။
အဆောင်တွင် Section A နှင့် B ဟု၍ နှစ်တန်းခွဲ၍စာသင်သည်။ Section A တွင်ဂုဏ်ထူးရည်ကျောင်းသားများအတွက်ရည်ရွယ်၍ လူဆယ်ယောက်သာလက်ခံသင်ကြားပေးသည်။ မောင်လမင်းမှာ စာမတော်သော်လည်း ၁၀ ယောက်ရွေးချယ်သည့်အဖွဲ့ ၌ ပါသွားသည်။ )
ရက်သတ္တတစ်ပတ်အကြာတွင် အဆောင်တွင် ဆူဆူညံညံဖြစ်လာသည်။ အကြောင်းမှာ အဆောင်မှူးက ကျောင်းသားများအားလုံးကို ရှေ့ တော်မှောက်သို့  ဆင့်ခေါ်ခြင်းကြောင့်ဖြစ်သည်။ ကျွန်တော်ရောက်တော့ ဒီစာဘယ်သူရေးတာလဲ ဒီစာဘယ်သူရေးတာလဲဟု ကျောင်းသားများကို စစ်မေးနေတာတွေ့ ရသည်။ မောင်လမင်းလည်း ကျွန်တော်ရေးတာပါဆရာမ ဟုပြန်ဖြေကြားခဲ့ ပါသည်။ ထို့ နောက့်  မောင်လမင်းကို ကျောင်းသားတွေရှေ့ ခေါ်ထုတ် အထူးစပယ်ရှယ်ဆူငေါက်ပါတော့သည် နောင်ဒီလိုမရေးတော့မည့် အကြောင်းပါ ဝန်ခံကတိပြုလိုက်ရပါတော့သည်။
ကျောင်းသားတွေကတော့ မြှောက်သည် ကိုလမင်းပြန်မပြောရဲဘူးလား ဘာလားညာလားစသည့်ဖြင့်ပြောကြသည်။ ဒီလိုနှင့်ကျောင်းသားများကိုပါတစ်နေ့  မင်းတို့ အားလုံးလက်ခံလာရပါစေ့မယ်လို့  ကတိပြုလိုက်သည်။
အထက်ပါအဖြစ်အပျက်ဖြစ်ပြီးသည်နှင့် လအနည်းငယ်အကြာတွင် အဆောင်တွင် စာမေးပွဲစစ်မေး၏။ မြန်မာစာမဖြေမီ ညတစ်ညက ငြိမ်းအောင် ကျွန်တော့်အခန်းရောက်လာသည်။ စာမကျက်နိုင်သည့်အကြောင်း၊ စာစီစာကုံးမရေးတတ်သည့်အကြောင်း ကူညီပေးပါဦးဟု ပြောလာလေသည်။ မေးခွန်းတွင်မေးမည့် စာစီစာကုံးသုံးပုဒ်တွင် တစ်ပုဒ်မှာ ကျွန်ုအနှစ်သက်ဆုံးကဗျာတစ်ပုဒ်ဟု ကျောင်းသားများ အားလုံးသိထားရာ ကိုယ်ရသည့်ကဗျာတစ်ပုဒ်ကိုရေး၍ ဖြေနိုင်ကြောင်းအကြုံပြုမိသည်။ သို့ သော်မောင်မင်းကြီးသားက မည်သည့်ကဗျာမှမရပါ ကဗျာတိုတိုလေးရှိရင်ပေးပါလို့  တောင်းဆိုလာလေသည်။ အနှီးတော့လည်း အဆောင်မှူးအမျက်တော်ရှသည့် မောင်လမင်း၏ ကဗျာတိုလေးတစ်ပုဒ်ကိုသာ ပေးလိုက်လေတော့သည်။ မောင်လမင်း၏ ကဗျာမှာ "မမကေသွယ်ကိုချစ်တယ်" ဆိုတဲ့  အကြောင်းကို စာတစ်လုံးစီဖြုတ်၍ ကဗျာစပ်ထားခြင်းဖြစ်သည်။
"သဝေးသေးသေး၊ ကကွေးကွေးနှင့်၊ သ၏ရင်ဝယ်၊ ဝ,တွဲလွဲခို၊ ယ ရေးသတ်သည့်၊ ချစ်မမကို၊ သိပ်ချစ်ချင်သည်၊ ချစ်ရင်မမ၊ စိတ်ဆိုးရဘူး၊ သားသားအတည်ချစ်မှာနော်။ ။"ဆိုသည့်စာတိုကလေးဖြစ်သည်။
သို့ သော် ဒီလိုပြုလျှင် မဖြစ်သမို့  ရေးနည်းဖြေးနည်းကို အချိန်တိုတိုနှင့် ရှင်းလင်းလွယ်ကူစေရန်သင်ပြပေးလိုက်ပါသည်။
ကဗျာခေါင်းစဉ်ကို "မင်္ဂလာတရားထွန်းကားပြည့်တည်မြန်မာပြည်" ဟုပေးစေသည်။ နောက်စကားလုံးတစ်လုံးစီကိုလဲ အဓိပ္ပါယ်ဖွင့်စေသည်။ တိုင်းချစ်ပြည်ချစ်စိတ်ကိုလည်း ဖြစ်တည်စေလိုက်သည်။ "မ"ဆိုတာ ကြာသပေးတေးနုံဖြစ်ကြောင်း ကြာသပတေးဂြိုလ်သက်မှာ ၁၉ ဖြစ်ကြောင်း၊ ၁၉×၂= ၃၈ ဖြစ်ကြောင်း ဗုဒ္ဓဟောခဲ့ သည့်၃၈ဖြာမင်္ဂလာတရားတော်နှင့်အညီကျင့်ကြံနေတာဖြစ်ကြောင်း။ လူသားအားလုံး၏အထက်တွင်ရှိသောမြင့်မြတ်တဲ့  နန်းတော်ခြင်းဖြစ်ကြောင်း စသဖြင့် စသဖြင့် နည်းလမ်းအမျိုးမျိုးကို ပြောပြပေးခဲ့ သည်။ စကားလုံးတစ်လုံးချင်စီ၏ အဓိပ္ပါယ်ကိုလည်း ယုတ္တိရှိအောင် ကျမ်းကိုးအားထားနှင့်ပြုစေသည်။ နည်းလမ်းအမျိုးမျိုးပြောပြခဲ့ ပြီးဖြစ်၍ တစ်မျိုးပြီးတစ်မျိုး မှတ်မီသလိုရေးစေသည်။
စာမေးပွဲဖြေပြီးရက်အနည်းငယ်အကြာ အဖြေစာအုပ်ထွက်လာသည်။ ငြိမ်းအောင်၏ စာစီစာကုံးအမှတ်မှာ ကျောင်းသားများထဲတွင်အမှတ်အများဆုံးဖြစ်သည်။ အမှတ်နည်းသည် များသည်က အကြောင်းတော့ မဟုတ်ပါ အဓိက က မြန်မာစာ ဆရာ၏ အသိအမှတ်ပြုသည်ဆိုသည့် သဘောကိုလိုချင်ရုံသပ်သပ်သာဖြစ်သည်။ ငြိမ်းအောင်အဖြေစာအုပ်ကို ကျောင်းသားတွေအားလုံးကို ပြသည်။ ကျွန်တော်မှာ အပျော်ဆုံးသာဖြစ်တော့သည်။ ပျော်သည်က တစ်ချိန်ကအကြောင်းအရာကို ပြန်အဖက်ဆယ်နိုင်သောကြောင့်ဖြစ်သည်။
ကျွန်တော့်ကို ဆူသောငေါက်သော ဆရာမကို ပြမည်ဟုရည်ရွယ်ရင်း အခွင့်အရေးကိုစောင့်သည်။ သို့ သော်မရလိုက်။ အကြောင်းမှာ သင်္ချာဆရာမတစ်ယောက်က အမှတ်စီရန်အဖြေစာအုပ်များကို ပြန်တောင်းသောကြောင့်ဖြစ်သည်။ ထိုနောက်ပြန်မရတော့ချေ။ ကျွန်တော်သည် အောင်မှတ်ရပြီးဖြစ်၍ အဆောင်မှ ထွက်တော့မည်ဟု ထိုအချိန်ကဆုံးဖြတ်ထားပြီးဖြစ်သည်။ စွဲလမ်းခဲ့ ရသော မိန်းကလေးမှလည်း ဂုဏ်ထူးမပါလည်းရတယ် အောင်ရင်ကျေနပ်သည်ဆိုတော့ အောင်မှတ်ရပြီး ထွက်ပါမည်ဟုဆုံးဖြတ်ထားသည်။ သို့ သော် မထွက်ခွာမီ အဖြေလွှာလေးများပြန်ရလေမလားဟု စောင့်ရင်းနည်းနည်းကြာသွားသည်။ လွမ်းသည့်ခံစားချက်ကို ဦးစားပေးမိ၍ အဆောင်မှ ထွက်လိုက်ပါတော့သည်။
မထွက်ခွာမီ ကျောင်းသားများကိုနူတ်ဆပ်ရင်း "မင်းတို့ အားလုံးတစ်နေ့ လက်ခံရမယ်ဆိုတဲ့ စကားငါတည်တယ်နော်"
ဟုတစ်ဦးချင်းစီပြောမိပါသည်။
ငြိမ်းအောင်နှင့်ပတ်သက်၍ မမေ့နိုင်သောအဖြစ်အပျက်တစ်ခုဖြစ်ပါသည်။ တိုက်ဆိုင်မှုတွေရှိတိုင်း သတိရနေအုံးမည်လည်း ဖြစ်ပါသည်။
ဦးလမင်း
6/12/2015 10:40am

မရည်ရွယ်ဘဲ ဖတ်ဖြစ်သောစာတစ်ပုဒ်(မြေပဲ)

ပူလောင်ခြောက်သွေ့ ၍ ပျင်းရိငြီးငွေ့ ဖွယ်ကောင်းသော မုံရွာမြို့ ၏ နေ့ လည်ခင်းတိုင်းမှာ ဦးလမင်းအမြဲပြုမူနေကျ အလေ့အကျင့်တစ်ခုသည်ရှိ၏။ ယင်းမှာ မုန့် စားခြင်းနှင့် စာဖတ်ခြင်းဖြစ်သည်။ ထိုနည်းလမ်းများကို အဖော်ပြု၍သာ ပျင်းရိဖွယ်ကောင်းသောအချိန်တို့ ကို လွန်မြောက်စေသည်။
ဦးလမင်းသည် မုန့် စားရသည်ကို နှစ်ခြိုက်၏။ အရသာရှိသော မည်သည့်မုန့် မျိုးစုံကိုမဆိုကြိုက်သည်။ သို့ သော်ဦးလမင်းမှာ မုန့် ဘိုး အကန့် အသတ်ဖြင့်သာရသဖြင့် ဝန်နှင့်တာ ကိုချိန်ဆရ၏။ မုန့် ဆိုင်သို့ ရောက်သော်လည်း မုန့် အားလုံးကိုတော့ မဝယ်နိုင်။ ထို့ ကြောင့် ဦးလမင်းစဉ်းစားသည်။ဦးလမင်းနှင့်သင့်တော်သောမုန့် မျိုးသည် အရသာရှိရမည်၊ ဈေးနူန်းသက်သာရမည်၊ အချိန်အကြာကြီး ကိုယ်နှင့်အတူအဖော်ပြုနိုင်ရမည်၊ အလုပ်ရူတ်သက်သာရမည်။ အတန်ကြာအောင် စဉ်းစားရွေးချယ်ခဲ့ ပြီးကာမှ ဦးလမင်း ဆုံးဖြတ်ချက်တစ်ခုချလိုက်၏။ နေကြာစေ့နှစ်ဗူး၊ ပဲကြီးလှော်တစ်ဗူး၊ မြေပဲဆားလှော်တစ်ဗူး ဝယ်လိုက်သည်။ ယင်းနောက် အိမ်သို့  ပြန်လာခဲ့ သည်။
အိမ်သို့ ရောက်သော် ဖတ်စရာ စာအုပ်ရွေး၏။ ဦးလမင်းဖတ်မည့်စာအုပ်သည် သုတ၊ ရသကို ပေးစွမ်းနိုင်ရမည်။ ဦးလမင်း ဝတ္ထုတစ်အုပ်ရွေးလိုက်သည်။ ယင်းနောက် အိပ်ယာထက်သို့ ဝင်ခဲ့ သည်။
နေကြာစေ့သည် အခွံနွှာရသည်မှာ အလုပ်ရူတ်သဖြင့် မြေပဲဆားလှော်ထုတ်ကိုသာယူခဲ့ သည်။ ပက်လက်လန်၍ အိပ်နေရင်းမှစာအုပ်ကို လက်ဝဲလက်တစ်ဖက်နှင့်ကိုင်၊ လက်ယာလက်၍ မြေပဲကို အခွံချွတ်၍စားရင်း စာရွက်တစ်ရွက်ချင်းစီနှင့် အချိန်ကို ကုန်စေသည်။
မြေပဲ ခံတွင်းသို့  သွင်းစကချိုသည် သွားနှင့်ဝါး၍ အရသာခံသော်ဆိမ့်၏ ကြားတွင်ညှပ်နေသည့် ဆားပွင့်ကလေးများကြောင့် တစ်စေ့ပြီးတစ်စေ့ စားချင်သည့် စေတသိပ်ကို ဖြစ်စေ၏။
ထို့ ကြောင့် မြေပဲဆားလှော်ကို ဦးလမင်းအလွန်ကြိုက်သည်။ထန်းလျက်ခဲကို မြေပဲဆားလှော်နှင့် တွဲဖက်၍ စားသုံးက အလွန်အရသာရှိလှသည်။ ထန်းလျက်သည်ချို၍ မြေပဲသည်စိမ့်သည် ချို၍စိမ့်သောအရသာသည် အခြားအခြားသော သရေစာများထက် ပို၍ထူးကဲသည်။
စာဖတ်ရင်း စားရင်းနှင့် အချိန်တွေကုန်မှန်းမသိကုန်လာသည်။ မြေပဲအစားများသဖြင့် ဦးလမင်းခေါင်းသည်လည်း မူးနှောက်လာသည်။ တန်ဆေးလွန်ဘေးကို သတိမမူမိသော ဦးလမင်းသည် မြေပဲ၏ အကျိုးအပြစ်ကိုလည်း သတိမရတော့ချေ။ ပျင်းရိမူကြောင့် တွေဝေမိန်းမောမူအောက်မှာ ရသတဏှာ၏အလိုကို လိုက်မှန်းမသိ လိုက်မိခဲချေပြီး။ ခေါင်းသည် မထောင်နိုင်အောင်မူးသည်။ ပေအိပ်သည်။ မရ။
သို့ နှင့် မြေပဲနှင့်သက်ဆိုင်သည့် စာအုပ်ကိုရှာ၍ ဖတ်မိပြန်၏။
"မြေပဲသည် ချို၏၊ ဆိမ့်၏၊ အေး၏။ လေသည်းခြေကို ပွားစေ၏၊ ချောင်းဆိုး ရောဂါကိုဖြစ်စေ၏။ အသီးစိမ်းသည် နို့ ရည်ကို ဖြစ်ပွားစေ၏ ဆီသည် ချို ဆိမ့်၏။ အူကို တွန့် ရှုံ့ စေ၏။ လေကို ပိတ်ဆို့ စေ၏၊ ပထဝီ အာပေါ လွန်စွာများသောအစာဖြစ်၍ သင့်တင်ရုံသာစားသင့်၏။ ၎င်းကိုစားသောအခါ အန္တာရာယ်မဖြစ်ရေးအတွက် ဝါယောစာဖြစ်သော အငန်အရသာ ဆားကိုထည့်သွင်းအသုံးပြုသင့်သည်။ ထို့ ကြောင့် ရိုးရာအနေဖြင့် မြေပဲကို ဆားထည့်၍ ပြုတ်စားခြင်း၊ မြေပဲဆားထည့်၍ လှော်စားခြင်းများ ပြကြ၏။ သွက္ချာပါဒရောဂါ၊ သွေးတိုးရောဂါ၊ ဆီးရောဂါ၊ ဖောရောင်ရောဂါ၊ ဝမ်းပျက်၊ အဆစ်ရောင် ရောဂါများနှင့် လွန်စွာမသင့်ချေ၊ ၎င်း မြေပဲဆီများ အထူးရှောင်သင့်၏။"

ထိုနောက် ရေချိုးလိုက်လေသည်။ ဓာတ်အားမျှတသွားသဖြင့် ခေါင်းကြည်စပြုလာလေသည်။
ဒီနေ့ အဖို့ မရည်ရွယ်ပါပဲ ဖတ်ဖြစ်သောစာတစ်ပုဒ်ဖြစ်တော့သည်။

ဦးလမင်း
12/12/2015

ရည်းစားစာရေးနည်း/ပေးနည်း

ကျွန်တော်မနှစ်က ဘောဒါတစ်ခုမှာ သွားနေသဗျ။ ကျွန်တော်နေတဲ့  အခန်းနှင့်ကပ်လျက်တစ်ခန်းနေသူက ကျွန်တော်အိမ်မပြန်ခင်မှာ လာပြီးရင်ဖွင့်သဗျ။ သူက ကျွန်တော်တို့  အဆောင်မှာက ခင် ဆိုသည့်မိန်းကလေးကိုကြိုက်နေကြောင်း၊ သူရဲ့ ခံစားချက်တွေကို သိအောင်ဖွင့်ပြောပြချင်ကြောင်း၊ ဒါပေမဲ့  ဆရာမရိုက်မှာကိုလဲကြောက်ပါကြောင်း ဖြစ်နိုင်မယ်ဆိုရင်ကူညီပေးပါဆိုပြီး ပြောလာပါတယ်။
ဒါနဲ့  ရည်းစားစာရေးပေးဖို့ ကြံပြီးပေါ့ဗျာ။ မောင်လမင်း အဲချိန်မှာ စင်္ကြာရတုဆိုသည့် ရတုရေးနည်းကိုသွားသတိရမိတယ်။ ရတုရေးနည်းက ကာရန်၊ အသတ်တူပြီး ပထမတစ်ပိုဒ်ဖွဲ့ ရမယ်။ ဒုတိရတစ်ပိုဒ်က ပထမအပိုဒ်ရဲ့  စကားလုံးတွေကို ပြောင်းပြန်ယူရယ်။ တတိယအပိုဒ်က ဒုတိယအပိုဒ်ရဲ့  နောက်ဆုံးစကားလုံးကနေစပြီးအဆုံးထိပြန်ကောက်သွားရယ် ။ ကာရံတူ၊ အသတ်တူ၊ စကားလုံးအတူတူကို ပတ်လှည်ရိုက်ပြီးဖွဲ့ သွားရမှာဖြစ်တယ်။
ရည်စားစာရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရတုကဗျာတွေနဲ့  ချစ်ကြောင်းကြိုက်ကြောင်းရေးရင် စကားလုံးများမယ် မဖြစ်သေး။ တိုရမယ်၊ ထိရမယ်၊ အပစ်လွတ်ရမယ်၊ အစစ်အဆေးခံရခြင်းမှလွတ်ရမယ်။
ဒီတော့ မောင်လမင်းလဲ စာကြောင်းသုံးကြောင်းရေးလိုက်ပါတော့တယ်။
ရင်ခုန်တယ်
ယုံခင်တွယ်
ခင်ယုံကွယ်။ ။
စာရွက်ပိုင်းလေးက လက်ဝါးတစ်ရွက်စာတောင်မရှိ။ ညဘက်စာကျက်တော့ အရှေ့ ဘက်ကသစ်ပင်ကြီးမှာ ကျွန်တော်နဲ့ အခန်းချင်းကပ်ရပ်က တစ်ယောက်ရယ် ဟိန်းမင်းသူရယ်တွေတယ်။ ရေးပြီးပါပြီးလို့  နည်းစနစ်တွေပါပြောပေးလိုက်တယ်။ အဲဒီမှာ ကျွန်တော်စိတ်နည်းနည်းညစ်သွားတာပဲ ။ ကျွန်တော်က တစ်ခုခုရေးထားတိုင်း လက်မှတ်ကလေးထိုးထိုးထားတတ်တယ်။ သူကကျွန်တော်လက်မှတ်ကိုဖြတ်ပစ်လိုက်တယ်။ ဒါနဲ့  စာရွက်ကိုပြန်ယူ ငါ့ကိုယ်တိုင်ပဲ သူကိုပေးတော့မယ် လို့ ပြောလိုက်ပါတော့တယ်။ သူကကျွန်တော်ကိုပြောတယ် စာရေးဆရာပေးရဲလို့ လားတဲ့ ။ ဒါနဲ့ ပဲ အေးလို့  ဆရာတွေကို ပေးခိုင်းမှာလို့  နောက်ပြီးအားလုံးလဲသိစေရမယ်လို့ ။
နောက်တစ်နေမှာ အဆောင်မှာ ရှိတဲ့  မိန်းကလေးအားလုံးရဲ့  ဖုန်းနဲ့  ဆရာမတွေရဲ့  ဖုန်းကျွန်တော်ဆီကို လာပေးပါတယ်။ (လေ့လာရေးခရီးထွက်မထွက်ခင်)
[ဘာလို့ လာပြီးပေးရသလဲဆိုတာတော့မပြောတော့ဘူး]
ဒါနဲ့  ဆရာဖုန်းတွေရယ် မိန်းကလေးအချို့ ရဲ့  ဖုန်းတွေရယ်မှာ ကုဒ်အချို့ ကို ပြောင်းလဲလိုက်ပါတယ်(ဒါဟာသူတို့ ဆီက သဘောတူခွင့်ပြုချက်ရပါတယ်)။ထိုကုဒ်များသည် ကျွန်တော် Website နှင့် ချိတ်သည့် ကုဒ်များဖြစ်သည် (virus မဟုတ်ပါ)။
ဒီလိုနှင့် ခရီးစထွက်လာခဲ့ တာ ကျိုက်ထီးရိုးဘုရားထိက ဘာဆိုဘာမှမဖြစ်သေးပါ။ တောင်အောက်မှာ ကင်မရာမန်းရဲ့  ဆမ်းဆောင်း S3 လေးကိုယူပြီး အခြေအနေတစ်ချက်ကြည့်လိုက်ပါတယ်။ ကားပေါ်ပြန်တက်တော့ ကျွတ်စိကျွတ်စိ။
ရှန်းတမ်းက ပြောလာပါတော့တယ်
ကိုလမင်းအောင် ကိုလမင်းအောင် ဒီမှာဒီမှာ
ရင်ခုန်တယ်
ယုံခင်တွယ်
ခင်ယုံကွယ်
(ထိုခရီစဉ်တွင် ခင်ဆိုသည့်မိန်းကလးမပါ ပါ။ သို့ သော်မူလရည်ရွယ်ချက်အတိုင်းပင်ဖြစ်ပါသည်)

မောင်လမင်း

HAPPY NEW YEAR 2015

2012/31/12
ဒီလိုနေ့ တွေကိုငါ့တစ်ခါမှမသိခဲ့ ပါဘူး 11pm နင်ငါ့အတွက်ဆုတောင်းပေးတယ် ငါ့အတွက်မျှော်လင့်ချက်လိုမျိုးနင်ကဖြစ်တည်စေခဲ့ တယ် ငါ့နင်ကိုချစ်နေခဲ့ မိပြီးလေ နင့်ကငါ့ရဲ့ ပထမဦးဆုံးချစ်ရသူပါ
2013/31/12
နင်ဖြစ်စေချင်တာကိုလုပ်ပေးဖို့ အတွက် ငါ့ဒီနေရာကိုရောက်လာခဲ့ တယ်။ မီးပန်းတွေကိုမြင်တိုင်းငါ့ငေးကြည့်နေတယ် နင်နဲ့ ဝေးနေတယ်။ ဒါပေမဲ့ ငါ့ရဲ့ အနားနင်ရှိတယ်။
"စာရေးဆရာ ကောင်မလေးကိုသတိရမိနေပြန်ပြီးလား"
ငါ့ပြုံးနေခဲ့ တယ် နင်နဲ့ ဝေးရတဲ့  ၈လ တာကာလမှာ နင်ကိုမေ့တယ်ဆိုတာတစ်ရက်ကလေးမှရှိမနေခဲ့ ဘူးလေ။
"ကိုလမင်းအောင် (--) ကိုတော်တော်ချစ်တာပဲနော်"
ရှမ်းတန်းရယ် ငြိမ်းအောင်ရယ် ငါ့နဲ့ အတူအဖော်ရှိနေပေးတယ်။ သူတို့ လဲ ဆုတောင်းပေးနေမှာပါ။ နင်နဲ့ ငါ့အဆင်ပြေပါစေဆိုပြီးတော့ပေါ့။
"တစ်ယောက်နဲ့ တစ်ယောက်စိတ်ထဲမှာရှိနေတယ် ပြီးတော့ ကိုလမင်းတစ်ခုခုဖြစ်တိုင်းသူ့ အတွက်စိတ်ပူပေးတယ် သူကလဲအဲဒီလိုဖြစ်နေတယ် သိပ်ကိုထူးဆန်းတာပဲဗျာ"
ငါ့မှာကြည်နူးခြင်းတွေ ပျော်ရွှင်ခြင်းတွေ မျော်လင့်ခြင်းတွေနဲ့  နင်ကိုတမ်းတနေတာပေါ့ဟာ။ ငါ့ကနင့်ကိုချစ်နေခဲ့ မိတာကိုး
2014/31/12
နင်ဖြစ်စေချင်တယ်ဆိုတဲ့ အရာကို ငါ့မဖြစ်ခဲ့ စေဘူး။ ငါ့တော်တော်ညံ့တယ်နော်။ ငါ့ဟာမကောင်းတဲ့ သူတစ်ယောက်နော်။ နင်ငိုအောင်ပဲငါ့လုပ်ခဲ့ တယ်။ ငါ့ဟာတကယ်ကိုမကောင်းတဲ့ သူနော်။ တကယ်တော့ငါ့နင့်ကိုမေ့ပစ်ဖို့ ကြိုးစားခဲ့ ပြီးပါပြီး။ နင့်အပေါ်ကိုငါ့အပြစ်ကြီးကျူးလွန်ထားသလိုငါ့ခံစားရတယ် ငါ့နင်ကိုချစ်ခဲ့ ပါတယ်။ နင်ပြောတဲ့ သူငယ်ချင်းလို့ မျိုးငါ့မရှိခဲ့နိုင်ဘူးလေ။ နင်ပြောသလိုပေါ့ ငါ့နေနိုင်သူပါ ဒါပေမဲ့  ရင်ထဲကဒဏ်ရာတွေကိုတော့ဘယ်သူသိမှာလဲဟာ။ အရာအားလုံးအတွက် ငါ့တောင်းပန်ပါတယ် ဒီအတောအတွင်းမှာ နင့်ကိုနာကြင်စေခဲ့ မိတာ ဒဏ်ရာတွေပေးခဲ့တာတွေအားလုံးအတွက်ပေါ့။ နင်ပြောခဲ့ တယ် 'လမင်း ငါ့ကိုငါ့ခင်သလိုပြန်ခင်ပေးပါနော်' ဆိုတာ ဆော်ရီပါဟာ ငါ့နင့်ကိုခင်ဖို့  သတ္တိမရှိတော့လို့ပါ။
ဒါကြောင့် ငါ့ရဲ့  friend စာရင်းတွေမှာ နင်နာမည်ကိုလုံးဝမရေးသွင်းတော့တာပဲ။ နင်ပြောခဲ့ သလိုပေါ့ "လမင်းနင်ငါ့ကိုဘယ်လောက်ပဲမေ့ဖို့ ကြိုးစားကြိုးစား နင်လုံးဝမေ့မှာမဟုတ်ဘူး"
ဟုတ်ပါတယ် ငါ့နင်ကိုမမေ့ပါဘူး ။
နင်အဆင်ပြေပါစေဟာ။
နင့်ကို သတိရမိတိုင်းဖြစ်တတ်တာပေါ့ အခု ငါ့ငိုနေတယ် မျက်ရည်နှစ်စက်. . . .

LA MIN AUNG

နင်မသိခဲ့ ဘူး နင်မရှိတဲ့  ငါ့ရဲ့ နေရက်တွေ

တကယ်ဆိုဟာ ငါ့ဝမ်းနည်းနေတဲ့ အချိန် နင့်ငါ့အနားမှာရှိနေသင့်တာပေါ့
ငါ့အားငယ်နေတဲ့ အချိန်တွေတိုင်း အားပေးဖော်ကနင်ပဲဖြစ်နေရာမှာလေ
အထီးကျန်ဆန်တဲ့ အခါတွေတိုင်းမှာ နင့်ကငါရဲ့  အဖော်မွန်ကောင်းတစ်ယောက်အနေနဲ့ ရှိနေသင့်တာပေါ့
ဒါပေမဲ့  နင်ကြောင့်ကျခဲ့ ရတဲ့ မျက်ရည်တွေ လွမ်းလွန်းလို့  ဒေါသထွက်ပြီးငိုခဲ့ ရတဲ့ နေရက်တွေ အဖော်မဲ့ လို တမ်းတနေရချိန်တွေမှာ နင်ငါ့အနားးရှိမနေခဲ့ ဘူး
ငါ့ရဲ့ ဖုန်းလေးကတော့ အော်နေပါတယ်

အရာအားလုံးကိုစွန့် လွတ်ရရင်တောင် သတိရခြင်းတွေကိုတော့ ငါ့ပိုင်သေးတယ်တဲ့ 

သတိရတိုင်း ငိုနေရုံကလွဲလို့  ငါ့ဘာများတက်နိုင်ဦးမှာလဲဟ

LA MIN AUNG

နင့်မသိခဲ့ တဲ့ နေတစ်ရက်

အဲဒီနေ့ က ငါ့တော်တော်စိတ်မကောင်းဘူး
နင်နဲ့  စသိတဲ့  အချိန်ကနေ ခုထက်ထိ ငါဆီဖုန်းဆက်ပေးပါလို့  ငါ့တစ်ခါတစ်လေများတောင်းဆိုခဲ့ ဖူးသလား¿¿¿
ဒီလိုလုပ်ရင်နင်ငါ့ဆီဖုန်းခေါ်မှာပဲဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့  နင့်ကို့  Miss call ပုံစံမျိုးပေးခဲ့ ဖူးသလား¿¿¿¿
call me စတဲ့  massage တွေရောငါ့ဆီကနေ့ တစ်စောင်တစ်လေများ နင်ရခဲ့ ဖူးလို့ လား¿¿¿¿
ငါ့ခရီထွက်နေရတဲ့ အချိန် ဆက်သွယ်ရေးကွန်ယှက်တွေနဲ့ အဝေးဆုံးရောက်နေတဲ့ အချိန် ¢¢¢¢
ငါ့ပြန်လာတော့ နင်ဆီက massage တွေအများကြီးရောက်နေလိမ့်မယ်လို့ ငါ့ထင်နေခဲ့ တာပါဟာ ။ ငါမုံရွာကိုပြန်ရောက်တော့ ဖုန်းလေးအားသွင်းပြီးပါဝါကိုဖွင့်လိုက်တယ် စာတစ်စောင်မှမရှိဘူး အင်တာနက်ဖွင့်ကြည့်ဖို့ ကျတော့ bill က နှစ်ကျပ်တဲ့  ဒါနဲ့  ဘက်ထရီနှစ်ဆယ်ရာခိုင်းနူန်းလေးနဲ့  wifi free ရမဲ့ နေရာလေးကို ဆိုင်ကယ်လေးနဲ့ မောင်းထွက်ခဲ့ တယ် ။ အဲဒီနေ့ က မိုးဖွားလေးတွေကျနေတာပါ ။ ဖုန်း massage မရှိပေမဲ့  viber မှာတော့ massage တွေ voice massage တွေအများကြီးရှိနေမယ်ဆိုပြီး ငါမှာပျော်နေခဲ့ တာပါ။ ဒါပေမဲ့ ဟာ အင်တာနက်ဖွင့်တော့ viber မှာ နင်ဆီက ဘာစာမှမလာဘူး online ဆိုပြီးနင်ရှိနေတယ် ငါ့ဘာစကားမှမပြောပါဘူး နင်Online ဆိုတာကြီးကို တွေတွေကြီးငေးကြည့်နေခဲ့ တာ အချိန်နည်းနည်းကြာသွားတော့ နင်ဆီကစာတစ်စောင်ရတယ် " နင်ငါ့ဆီဖုန်းလေးတောင်မဆက်ဘူးနော်တဲ့ "

အဲဒီနေ့ ည က ငါဖျားပါတယ်


LA MIN AUNG 

အထီးကျန်ပြီး အထီးဆန်တဲ့ ဘဝ

သြော်...မောင်လမင်း မောင်လမင်း အဘိဓမ္မာကို စနစ်တကျသင်ရတာတောင် ပညက်လောကမှာသာယာချင်နေတုံးပဲ။
အများရဲ့ စွပ်စွဲခြင်းတွေကြားမှာ ဖြေရှင်းဖို့ ကြိုးစားရင် ပရမတ္တ ကိုတောင်ခွဲခြားမမြင်နိုင်ခဲ့ ဘူး။ အရာအာလုံးဟာ မမြဲခြင်း အနိစ္စဆိုတာကြိုသိထားရဲ့ သားနဲ့  အလွမ်းဝင်္ကပါမှာ သံသရာကိုလည်စေခဲ့ တယ်။ အလောင်းတော်သူတော်မြတ်ကြီးတွေတောင် ခန္တီစ သည်ခံခြင်းတွေနဲ့  ဥပက္ခာပါရမီကို အကြိမ်ကြိမ် ဘဝပေါင်းများစွာဖြည့်ဆည်းခဲ့ ရသေးတာပဲ။ မှတ်မီသေးတယ် မောင်လမင်း ငယ်ငယ်က သင်ရတဲ့  ဆရာတော်ဦးသြဘာသရဲ့  ဝေသန္တရာ ဇာတ်တော်ကြီးမှာ ဇူစကာပုဏားထံ သားတော်ဇာလီနဲ့  သမီးတော် ကဏှာဇိန်ကို လှူတဲ့  အပိုင်းလေးကိုမျကိရည်တွေနဲ့  မှတ်သားခဲ့ ဖူးပါတယ်။
" ငါ့သား,ငါ့သမီးတို့ ကို ပုဏ္ဏားအား ငါပေးသောအခါမှစ၍ ပုဏ္ဏာသည် သတ်ပုတ်ညှဉ်းဆဲ တုံသော်လည်း တစုံတခုသော စိုးရိမ်ခြင်းကို ငါ၌မဖြစ်စေပြီးဟု မြဲမြံစွာ သတိတည်းဟူသော ချည်တိုင်၌ စိုးရိမ်ခြင်းတည်းဟူသော စိတ်ဆင်ရိုင်းကို သမ္မာဝါယာမ တည်းဟူသော
ကြိုး, ဥာဏ်တော်တည်းဟူသောလက်တော်ဖြင့် ကိုင်စွဲချည်နှောင် ဆောက်တည်ပြီးသော် ကျောင်းသင်္ခမ်းတွင်းမှ ထွက်တော်မူ၍ ကျောင်းသင်္ခမ်း တံခါး ကျောက်ပျဉ်ပေါ်၌ ရွှေဆင်းတုကဲ့ သို့ ငြိမ်သက်တည်ကြည်စွာ ထိုင်နေတော်မူ၏ ''
အဲတုံးက မောင်လမင်း စာသင်ပြီးစ ဝေဿန္တ မင်းကြီးရဲ့ ပုံကို စိတ်ကူးနဲ့ ဖော်ကြည့်ဖူးပါတယ် ။ နီးရဲသော မျက်လုံးအိမ်ထဲကနေ နှလုံးသားကဆူပွက်ပြီးထွက်လာတဲ့ သောကအပူငွေတွေနဲ့  လှိုက်ထပြီး နီးကြင်ကြင်မျက်လုံးတွေက ဝမ်းနညိးခြင်းပုံရိပ်တွေဆိုတာ ရုပ်လုံးကိုပေါ်စေခဲ့ ပါတယ်။ ဝေဿန္တရာ ဇာတ်တော်ကြီး တစ်ခုလုံး သင်ပြီးသွားတဲ့ အခါ မိဘတွေရဲ့  စေတနာတွေကိုနာလည်ခံစားမိပြီး မွေးကတည်းကစပြီး တစ်နှစ်လုံးမှ တစ်ခါတောင် လာမတွေ့ တဲ မိဘတွေကို အဲ့ ဒီအချိန်ကစလို့ စိတ်မနာတော့ပါဘူး။
ရင်ခုန်တတ်စအရွယ် တွယ်တာတတ်စနှလုံးသားမှာ မြတ်နိုးစရာ မိန်းကလေးတစ်ဦးအဖြစ် မောင်လမင်း နှလုံးသားမှာ စွဲထင်ရစ်နေစေမဲ့  မိန်းမသားတစ်ဦးဟာ ဒီလောကကြီးမှာ ရှိလိမ့်မယ်လို့  ယောင်လို့တောင်မတွေးထင်ခဲ့ ပါဘူး။
မမျှော်လင့်ပဲကြုံဆုံတဲ့ အဖြစ်က မိုးတွေသိပ်သည်းနေတဲ့ နေ့ပေါ့ ။
အပြင်မှာ ရာသီဥတုသာယာ ပေမဲ့  ရင်ထဲမှာ လှောင်မြိုက်ပြီး ပူလောင်နေတဲ့  သောကအပူငွေ့ တွေကို ပြင်းထန်တဲ့  ပေါက်ကွဲမူတွေအဖြစ်နဲ့မျက်ရည်မိုးတွေရွာချနေလိုက်တာ ပျော်ပျော်ကြီးပါပဲ ဝမ်းနည်းမူအထိတ်အမှတ်လေ။ ဒီအဖြစ်ကို ဒီအတိုင်းထားခဲ့ မိလိုက်ရင်အကောင်းသား ဒုတိယလူတစ်လောက်ကို အသိပေးလိုက်မိတဲ့အတွက် နောင်တဆိုတာ ခုချိန်ထိမရသေးပါဘူးလေ။
တွေဆုံခြင်းသည် ခွဲခွာဖို့ ဆိုတာ ကြိုသိထားပါတယ် ။ ဒါပေမဲ့  နုနယ်တဲ့ နှလုံးသားမှာ စွဲထင်နေတဲ့ အရာကိုလွယ်လွယ်နဲ့ ရော ဆွဲခွာလို့  မေ့ရက်နိုင်မှာတဲ့ လား။ ဘဝနဲ့  အမျှအတွေ့ ကြုံပေါင်းများစွာကိုလဲ တွေကြုံခံစားပြီးပါပြီး ဒါပေမဲ့ အသဲကွဲခြင်းအရသာဟာ ဘာနဲ့ မှမတူအောင်ခါးသက်လှပါတယ်လေ။
အထီးကျန်တဲ့ အထီးဆန်သမားလေးလို့ တော့ ကို့ ကိုယ်ကို အားငယ်အောင်မညှင်းဆဲချင်တော့ပါဘူးလေ။ အရာအားလုံးဟာဖြစ်ပြီးရင်ပျက်မှာပဲ။ အကျိုးကြောင့် အကြောင်းဖြစ်သလို အကောင်းအဆိုးကိုလဲခွဲခြားတတ်အောင်လေ့ကျင်သင်ကြားပေးထားတာပဲ။ ဒါကြောင့် အလွမ်းဆိုတဲ့ အရာတွေကို ဒီဘဝ ဒီမျှနဲ့ ပဲဆုံးပါစေတော့။
ပရမတ္တ ကျကျဝေဖန်ဆန်းစစ်ရရင် မောင်လမင်းဆိုတာ ပညာအမြင်မှာဘာမှမရှိပါဘူးလေ။ ပညက်လောကကနေလွတ်မြောက်ပြီး သညာအားဖြင့်လဲ ပညာကင်းမဲ့သူမဖြစ်ပါရစေနဲ့ တော့ ။။

မောင်လမင်းအောင်

လွဲလို့ ရယ်တဲ့  မဆုံးနိုင်တယ်

လွန်ခဲ့ တဲ့ နှစ်ရက်က ကိုမင်းနဲ့ အဘ အောင်ချမ်းသာကိုအလည်သွားကြရင်းဖိတ်စာတစ်စောင်ပါလာတယ်။ ဘယ်သူမှဖတ်မကြည့်ရသေးခင်မှာပဲ ဖိတ်စာကပျောက်ခြင်းမလှပျောက်သွားပါလေရော။ အဘကတော့ သူအမျိုးတွေရဲ့  မင်္ဂလာဆောင်ကိုဘယ်မှာဆောင်မှန်းတောင်မသိရှာတဲ့ အတွက် မြေးတွေကိုကြိမ်းမောင်းနေလေရဲ့ ။ ဒီနေ့ မနက် ကိုလမင်း ထတော့ ဆိုပြီး ချစ်ကို က လာနိုးမှပဲ အောက်ထပ်ကိုဆင်း မျက်နှာလေးသစ်၊ သွားလေးတိုက်လို့မှကောင်းကောင်းမပြီးသေးခင်မှာပဲ " လမင်းအောင် မင်းအဘ သွားချင်တဲ့ ဆီကိုလိုက်ပို့ လိုက်စမ်းတဲ့ "။ ဒါနဲ့  ဆိုင်ကယ်လေးကိုထုတ် စက်ကလေးကိုနိုး တစ်ဝါးဝါးသန်းရင် မောင်းထွက်လာခဲ့ တာပေါ့။ မင်္ဂလာဆောင်ရောက်ရော ဘဘကိုမိန်းမကြီးတစ်ယောက်ကဆွဲခေါ်သွားတယ် မောင်လမင်းလဲ နောက်ကလိုက်ရင်းပေါ့။ အဲမှာ သတိထားမိတာက အကျီ င်္က ညဝတ်အိပ်တဲ့  အကျီ င်္ ပုဆိုးက သွားတိုက်ဆေးအမြုတ်တွေပေလို့ ။ ဒါနဲ့ ပဲ ဒန်ပေါက်ထမင်းကို အားရပါးရစားခဲ့ ပါတယ်။ စားပြီးသောက်ပြီးလို့  လက်ဖွဲ့ ငွေလေးကူပြီး အိမ်ကိုပြန်တပ်ခေါက်ခဲ့ ပြီးပေါ့။ အိမ်လဲရောက်ရော မင်္ဂလာဆောင်က ပေးလိုက်တဲ့  ယက်တောင်ကိုဖတ်ကြည့်ပြီး သတို့ သားမိဘတွေလဲ ငါ့မသိဘူး သတို့ သမီး မိဘတွေလဲ ငါ့မသိဘူး ငါ့အမျိုးတွေလဲ တစ်ယောက်မှ မပါဘူးတဲ့ ။ ကောင်းရော သူများ မင်္ဂလာဆောင်မှားဝင်မိတာ ရယ်လိုက်ရတာအူကိုနာတယ်။

မောင်လမင်းအောင်

သွေးလှူခဲ့ ပါသည်

ဒီနေ့  15.1.2014
မုံရွာမြို့  ပြည်သူ့ ဆေးရုံကြီး သွေးလှူဘဏ်တွင် မောင်လမင်းအောင် ပထမဆုံးအကြိမ် သွေးလှူဒါန်းခဲ့ ပါသည်။ ကျွန်တော်၏ အသွေးအသားကိုလှူဒါန်းခြင်းသည် အလုံးစုံကို သိသော ဥာဏ်တော်မြတ်၏ အထောက်အပံ့ ကို ဖြစ်ပါစေသတည်း။

ကျွန်တော်၏ကောင်းမှူကို အလုံးစုံသော လူ၊နတ် အားလုံး ဖြစ်ဖြစ်သမျှ ဘုံဌာန မှသတ္တ၀ါများအားလုံး သာဓု..သာဓု..သာဓု ခေါ်နိုင်ပါစေသောဝ်။။

မောင်လမင်းအောင်

အပယ်ခံ မေမေ

ဒီနေ့  ဘဘ ရဲ့  မွေးနေ့  ............
မနက်စောစော ဆွမ်းချက်နေသည့် မေမေ နှင့် အဒေါ်တို့  ဘာမဟုတ် ပြဿလေးတစ်ခုအတွက်စကားများသည်။
တစ်ဦးနှင့်တစ်ဦး အပြန်ပြန်အလှန်လှန် အပြစ်ဖို့ နေသည့်အတွက်မောင်လမင်း စိတ်ရူတ်လို့  ဆိုင်ကယ်တစ်စီနှင့် လမ်းမကြီးပေါ်သို့  အရှိန်ပြင်းပြင်း မောင်းနှင်းသည်။
ပြီးတော့ တစ်နေရာမှာ ထိုင်စဉ်စားသည် "အပယ်ခံ မေမေ အကြောင်း"ကို
မေမေ၏ အားနည်းချက်တစ်ခု သည် ဆင်းရဲခြင်းဖြစ်သည်။
ထိုအားနည်းချက်ကြောင့်ပင် လူတကာက နိုင်ချင်ကြသည်။
ထိုလူတကာဆိုသည့်အထဲတွင်မှ သူ၏ သွေးရင်း မိဘ၊ မောင်နှမ များကပါ နှိပ်ချချင်တော့ သူ အနေနှင့် ဘယ်လို့ ခံစားနေရသည်ဆိုတာကတော့ တွေးကြည့်တိုင်း မောင်လမင်း အလွန်စိတ်ထိခိုက်မိသည်။
သဘာဝ တရားကြီးက လူတိုင်းကို တူညီတဲ့  အခွင့်အရေး ပေးထားပါတယ်.။ ချမ်းသာသူပဲ ဖြစ်ဖြစ်
ဆင်း၇ဲ သူပဲ ဖြစ်ဖြစ် ခံစားချက်ကို ထည့်သွင်းပေးထားသည်ပဲ။
10 နာရီထိုးတော့ မောင်လမင်း အိမ်ပြန်ရောက်လာပြီး.. မေမေ ကို မတွေ့ 
ဘုန်းကြီးတွေကို သင်ကန်း ကပ်တော့ မိသားစုဝင်အားလုံးရှိသည်။ သို့ ပေမဲ့  မေမေ မပါ။ ဧည်ခံသည့် ၀ိုင်းတွင်လည် မေမေ ကို မတွေ့ ..။ မေမေ ဘယ်မှာလဲလို့  ဘယ်သူကိုမှ မမေးပါဘူး ကျွန်တော်သိပါတယ် မေမေ ကို မိသားစုစားရင်းမှ ပယ်ထားသည်ပဲ..။
ကျွန်တော် မျက်ရည် မကျခင် အိမ်ကအမြန်ပြန်ထွက်လာခဲ့ သည်။
လမ်းတလျှောက်လုံးတွေးနေမိတာကတော့ " အပယ်ခံ မေမေ ဘယ်နေရာမှာ သူဘ၀ရဲ့  ကြေကွဲမူတွေကို ကုစားနေပါလိမ့်............"

မောင်လမင်းအောင်

ပြုံးပါ ဘယ်တော့မှအရုံးမပေးပါနဲ့  လောကမှာ မင်းတို့ ထက်ဆိုးတဲ့ သူတွေရှိပါသေးတယ်

ကြယ်စင်က ပြောတယ် "လမင်း နင်အရမ်းမျက်နှာများတာပဲ"
လမင်း အတော်ကြာသည့်အထိ ပြန်မပြောနိုင်ခဲ့ ဘူး
သူရဲ့ လည်ချောင်းမှာတစ်ဆို့ နေပြီး အာခေါင်ထဲမှာခြောက်သွေ့ နေတယ်.။
လမင်း တုန်တုန်ရီရီနဲ့  ပြောရှာတယ် "တကယ်တော့ကြယ်စင်ရယ်...... ငါရဲ့ မပြည့်ဝမူတွေကို နင်မသိသေးလို့ ပါ ကွယ်တခါ၊ သာတလှည့်နဲ့  ပြည့်တစ်ခါ ဆန်းတစ်ကြိမ် ဆုတ်ခဲ့ ရတဲ့ နေရက်တွေဟာ ဆက်တိုက်ပါပဲ"
ကြယ်စင်ကပြန်ပြောတယ် "နင်ရဲ့ ပုံရိပ်ကိုဖမ်းကြည့်ကတည်းက နင်ဘ၀အခြေအနေကို ငါ့သိပါတယ် ဒါပေမဲ့  နင်နဲ့ အတူမျှဝေခံစားဖို့ ဘာလို့  ငါ့ကိုခွင့်မပေးနိုင်ရတာလဲ "
လမင်းတိုးတိုးလေးပြောတယ်"နင်နဲ့ ထပ်တူပျော်ချင်ပါတယ်ဟာ ဒါပေမဲ့  လောကကြီးကို ငါပစ်ပယ်မထားနိုင်ဘူး ငါကိုလိုအပ်သူတွေဆနကိုပြည့်ဆည်းရင်ငါဘ၀ကို နိဂုံးချူပ်ရမယ်ဆိုလဲ ကျေနပ်ပါတယ်ဟာ...."

လမင်း ကြယ်စင်အနားက ညင်ညင်သာသာထွက်သွားသည်။ လမ်းတလျှောက်ရင်ထဲရေရွတ်မိသည်
"လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ လုပ်ရမဲ့ အလုပ်ကတာဝန်ပဲလေ ငါ့ကို အလိုရှိသည်ဖြစ်စေ အလိုမရှိသည်ဖြစ်စေ ထပ်တူစိတ်ထားပြီး ဖြည့်ဆည်းပေးရမှာ ငါ့တာဝန်ပဲလေ"

တိပ်မည်းညိုမှောင်း၏ အကာအကွယ်ကိုယူရင် လမင်း ညည်းသည် "အထီးကျန်လိုက်တာနော်"

ခဏအကြာ ပြာလွင်သောကောင်းကင်ယံထက်မှာ ရောင်ဝါထွန်းလင်းစွာနဲ့  လမင်း အစွမ်းကုန်ထွန်းပနေပြီးလေ .....။

လရောင်အောက်မှာ ကော်ဖီတစ်ခွက်နှင့်လေညင်းကြားက လူတစ်ယောက်အသံကို ပြတ်သားစွာကြားလိုက်ရ၏ ။
"သြော်....လောကမှာ ငါလိုလူတွေ ရှိနေသေးပါလား" ဟူ၏ ။ ။

မောင်လမင်းအောင်

10/15/2013

ဒီနေ့ ရက်စွဲနဲ့  မှတ်တမ်းတင်လိုက်တယ်....။
ငါဘာပြောပြောနင်မယုံဘူး ဆိုတဲ့ စကားကို မနေ့ ညကနင်ပြောခဲ့ တယ်..။

ငါဘာတက်နိုင်အုံးမှာလဲ မင်းနဲ့ ဆက်ပတ်သက်နေလဲအပိုဖြစ်တော့မှာပေါ့..။
ညကတစ်ညလုံးစဉ်းစားတယ် မင်းရောငါ့ပါအဆင်ပြေမဲ့ နည်းလမ်းတစ်ခုတစ်လေးများရှိမလားလို့ ပေါ့..။
င့ါဘက်က နင်အပေါ်အရမ်းသံယောဉ်ဇဉ်ရစ်နွယ်မိတာ နင်လဲငါ့နဲ့ ထပ်တူဖြစ်မှာပါ..။

ဒါပေမဲ့  တစ်ယောက်နဲ့ တစ်ယောက်ယုံကြည်မူသာမရှိရင် ရှေ့ ဆက်ပြီးဘယ်လို့ လက်တွဲကြမလဲ..။
နင်နဲ့ မှသာမဟုတ်ပါဘူး အခြားဘယ်သူနဲ့ မဆို သံသယတွေမွှန်းထူးနေရင်ဘယ်လို့ လုပ်ပြီရေရှည်လက်တွဲနိုင်ကြမှာလဲ..။
ဟုတ်တယ် အဖြစ်သင့်ဆုံးက တစ်ယောက်နဲ့ တစ်ယောက်ကောင်းကောင်းတွေ့ ဆုံပြီးတစ်ယောက်အကြောင်းတစ်ယောက်ကောင်းကောင်း
လေ့လာ ..အဲ့ ဒီတစ်နေ့ ကိုပဲစောင့်မျှော်နေမယ်နော်..။
နင်ကိုချစ်တယ်ဆိုတဲ့  စကားက လိမ်ညာတဲ့  စကားတစ်ခွန်းတော့မဟုတ်ခဲ့ ဘူး
နင်လဲသိတယ် ငါလဲသိတယ်
သံသယတွေရဲ့  အစွန်းတစ်ဖက်မှာ နင်လဲရှိတယ် ငါလဲရှိတယ်
နောက်နှစ်ဒီလို အချိန်မှာ ငါ့နင်ကိုဆက်သွယ်လိုက်မယ်
နင်ယုံကြည်မဲ့ တစ်နေကိုစောင့်မျှော်နေတဲ့ သူ.........။

မောင်လမင်းအောင်

ကျောင်းတက်ချင်တယ်



ရန်ကုန်တက္ကသိုလ်ကိုလေ့လာဖို့ ကျောင်းဝင်ထဲ စတင်ခြေချကတည်းက အဲဒီကျောင်းကိုတက်မယ်လို့  စိတ်ကူးခဲ့ တယ်
တက္ကသိုလ်ဆိုတဲ့  ခြေလှမ်းအစဆိုတာကလဲ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်မှ ဖြစ်မှာလေ
ဒါကြောင့် 10 တန်း စာမေးပွဲကို ဖြေဖို့ စိတ်ဝင်းစားလာတယ်
ကျွန်တော် သူရင်ခွင်မှာ ခိုးနားခွင့်ရချင်ပါတယ်



မောင်လမင်းအောင်

ပန်းအိုး ၄ အိုး၊ ပန်းပွင့်၃ ပွင့်

တစ်နေ့ ပပနဲ့  ဥာဏ်စမ်းကစားကြပါတယ်..သူမေးတာကျွန်တော်ဖြေ၊ ကျွန်တော်မေးတာသူဖြေပေါ့
ကျွန်တော်သူနဲ့ တွေပြီးမှကိုယ်ကိုယ်ကိုညံမှန်းသိလာပါတော့တယ်..ဘာကြောင့်လဲဆိုတော့သူမေးတာတွေကျွန်တော်
မဖြေနိုင်ဘူးလေ.".နင်ကချစ်တယ်ချစ်တယ်တာပြောနေတာ.အချစ်ဆိုတာဘာလဲသိလို့ လား?xxxxxxxx
လွမ်းတယ်ဆိုတာဘာလဲ..သတိရတာနဲ့ အတူတူပဲလားဆိုတာငါ့မသိဘူး သေချာတာကငါ့နင်ကို
သတိရနေမိတယ်..ငါ့၇ဲ့ လမင်းလေးဆိုပြီးတော့"သူအမြဲ ပြောနေကြစကားလေ
သူမေးခဲ့ တဲ့ ဥာဏ်စမ်းလေးတစ်ခုကိုပြန်၇ှယ်လိုက်ပါတယ်
 "လမင်း..နင်မဖြေနိုင်ရင် ငါ့ကို ပန်းပေးရမယ်နော်"
"အင်းပါ"
"ပန်းအိုး ၄ အိုးရှိတယ် ပန်းပွင့်က ၃ ပွင့်တည်း အဲဒါ ပန်းအိုးတစ်လုံးကို ပန်းတစ်ပွင့်ကျအညီအမျှထိုထည့်ရမယ် ဘယ်လိုထည့်မလဲ"
ကျွန်တော်..စဉ်းးစားခန်းဖွင့်ပါသည် ဘယ်လို့ မှအဖြေမရဘူးဗျ
ပန်းအိုးက၄အိုး ပန်းပွင့်က၃ ပွင့် တစ်အိုးကိုပန်းတစ်ချောင်း..ဟာဘယ်လို့ မှမဖြစ်နိုင်ဘူး
"ပပ၀တီ..ပန်းပေးတယ်"
"ဘယ်လို့ နင်ခုဏဘယ်လို ပြောလိုက်တယ်"
"မဖြေနိုင်ဘူး..ပန်းပေးတယ်"
ကောင်မလေးကဘာပြန်ပြောတယ်မှတ်ပါသလဲ..
"အေးနင်ပေးတဲ့ ပန်းကို ကျန်တဲ့ အိုးတဲ့ ထည့်လိုက်"
မှတ်ကရော မောင်လမင်းတစ်ယောက် တခြားသူတွေအပေါ်နိုင်ခဲ့ သမျှ
ပပ၀တီအပေါ်ရှူံးခဲ့ ရပြီး
ကျေနပ်ပါတယ်လေ ။ ချစ်တာကိုးးးးး

မောင်လမင်းအောင်
(ကျွန်တော်သူကိုချစ်တယ်။သူကမယုံဘူးတဲ့ ဘယ်လို့ လုပ်ရမလဲ၊အကြံပေးကြပါဦး)

စိတ်ဝင်းစားရင် ဖြေကြည့်နိုင်ပါသည်။

စာရေးသူ ၉တန်းကျောင်းသားတုံးက အဖြစ်အပျက်လေးတစ်ခုကို ဥာဏ်စမ်းအဖြစ်တင်ပြချင်ပါတယ်


အသက် ၁၂ နှစ်သားအရွယ်မှာ ကျွန်တော်ကဗေဒင် ပညာကို စလေ့လာပါတယ်..ကျောင်းမှာ ဗေဒင်ဝါသနာအိုးတစ်ယောက်နဲ့ တစ်ခန်းထဲကျပြီးခင်မင်သွားပါတယ်။
သူနာမည်က ထွန်းထွန်းဝင်၊ ဘုန်းကြီးကျောင်းသားပါ။ဒီလိုနဲ့ ကျွန်တော်ကသူတို့ ဘုန်းကြီးကျောင်းကိုစာကျက်ဆိုပြီးညတိုင်းသွားခဲ့ ပါတယ်
အိမ်နဲ့ လည်းနီးတဲ့ အတွက် ခွင့်ပြုတယ်၊ ကျောင်းမှာတော့ဦးဇင်တွေနဲ့ ညတိုင်း နိုင်ငံရေးအကြောင်း၊ဗုဒအကြောင်းတွေဆွေနွေးဖြစ်ပါတယ်
 ဇောင်ကြမ်းပင်ကျောင်း(မုံရွာမြို့ ) ကိုယ်တော်တွေနဲ့ လဲတော်တော်လေးကို ရင်းနှီးခဲ့ ပါတယ်။
တစ်နေ့မှာ ...ဂြိုလ်တွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးနေရင်ဒီပြဿနာလေးစခဲ့ ပါတယ်..မိတ်ဆွေတို့ လည်ဖြေကြည့်ပေါ့

ထွန်းထွန်းဝင် က လှမ်းမေးတယ်
 "လမင်းအောင်မင်းမွေးနေ့ ကဘယ်နေ့ လဲ"
"အေးမင်းပြောတဲ့ ထဲပါသွားပြီးလေကွာ"

သူနဲ နဲကြောင်သွားတယ် သူနဲ့ ကျွန်တော်က ပဟေဠိတွေနဲ့ ကစားနေကြမို့ ကျွန်တော်လွယ်လွယ်ပြောလိုက်မိတာကိုးးဒါကိုသတိမထားမိလို့ ဖြစ်မယ်
ဒါနဲ"့ ငါဒီနေ့ ကျောင်းမှာသင်ခဲ့ ရတဲ့ ကဗျာတစ်ပုဒ်ရွတ်ပြမယ်ကွာ"
'အေးလုပ်ကွာ"

ပြစ်မရှိ ပြစ်ရှာ
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။
"ဟေကောင်မင်းကိုပြောလို့ ဆဲနေတာလားကွ"
"အာမဟုတ်ပါဘူးကွာ မင်းစဉ်စားကြည့်ပေါ့အဲဒီကဗျာထဲမှာ ငါနာမည်ရယ်၊မွေးလ၊မွေးရက်ရယ်ပါတယ်လေကွာ"
စာအုပ်ပေါ်ဘောပင်တစ်ချောင်းနဲ့ လျှောက်ခြစ်နေပါတော့သည်
ကိုရင်လေးတွေကစစ်တုရင်ကစားဖို့ ကျွန်တော်ကိုဖိတ်ခေါ်သည်။ ကျွန်တော်လဲ ကိုရင်လေးတွေနဲ့  စစ်တုရင်ပြန်ကစားတယ်
တော်တော်လေးကြာတော့
"ဟေကောင်ရပြီး"
"အေးပြော"
"၁၀လပိုင်း၊ ၁ရက် ဒါမှမဟုတ် ၁လပိုင်း ၁၀ ရက်"
"တိတိကျကျပြောလေကွာ"
ကျွန်တော်တိုက်တွန်းတော့
"၁လပိုင်း၁၀ရက်..ကွ" ဆိုပြီးအားရပါးရပြောပါတော့တယ်....။

အဖြေဘယ်လိုရလဲဆိုတာကိုတော့မိတ်ဆွေတို့ ဘာသာစဉ်စားကြည့်ပေါ့ဗျာ၊
ကဗျာလေးကတိုပြီး လွယ်လဲလွယ်တာမို့ ကျိုးကြောင်းဆီလျှော်တဲ့ အဖြေကိုအလွယ်တကူရကြမှာပါ။
အနီးစပ်ဆုံးသဲလွန်စတစ်ခုပြောပြရရင် ကဗျာလေးဟာပန်းချီးကားချပ်တစ်ချက်ပါ။။
ကိုယ်ရဲ့ ကျိုးကြောင်းဆင်ခြင်ဆက်စပ်တွေးခေါ်ခွင့်ကိုဘယ်သူမှတားဆီးလို့ မရပါဘူး.။
ဘာကြောင့်ဘယ်လိုဆိုတာသာသက်သေပြဖို့ ပဲလိုတာပါ


မောင်လမင်းအောင်

သက်ရောက်မှူတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာရှိစမြဲ

လမင်းအောင် ပြောင်းလဲသွားတယ်လို့  တော်တော်များများကပြောကြတယ်၊
ဒါနဲ့ ကျွန်တော်ကဘာများပြောင်းလဲလို့ လဲလို့ မေးလိုက်တာပေါ့
ပြောတဲ့ သူတွေကလဲဗျာ ပြောင်းလဲတယ်၊ ပြောင်းလဲတယ်၊တာ ပြောတာ ဘာလဲဆိုတာရေရေရာရာ မပြောနိုင်ကြဘူး၊ မိန်းကလေးတွေကတော့ပြောပါတယ် စကားနည်းသွားပြီးတဲ့ အရင်လို မဟုတ်တော့ဘူးတဲ့ 
ဟုတ်လားလို့ မေးရင်တော့ ဟုတ်တာပေါ့လို့ ပဲပြောရမှာပေါ့၊ ဒါပေမဲ့  ကျွန်တော်ကို အပြစ်မြင်ဖို့ ပဲသိကြတာ ဘာလို့ ဆိုတာကို မသိကြဘူး နားလည်ဖို့ ဆိုတာဝေးရောပေါ့ဗျာ။ ဒီလိုအချိန်တွေမှာ ကျွန်တော်ကို နားလည်ပေးတာဆိုလို့  လမင်းရယ်(moon)၊ ကော်ဖီ(coffee)ပူပူလေးရယ်ပဲရှိခဲ့ တာပါ..။
တစ်ခါတစ်လေ ကျွန်တော်တွေးတာပေါ့ဗျာ ကျွန်တော်လဲလူသားတစ်ယောက်ပေါ့ လူသားတစ်ယောက်ဖြစ်တဲ့ အတွက် ခံစားချက်တွေ၇ှိတာပဲလေ မျိုးသိပ်ထားတာများလာတဲ့ အခါ
တစ်ယောက်ယောက်ကိုတော့ဖွင့်ပြောချင်မိတာပေါ့ ဒါပေမဲ့ ဗျာ နားထောင်ပေးမဲ့ လူတစ်ယောက်မှမရှိခဲ့ ဘူး.(ကျွန်တော်အရမ်းဝမ်းနည်းတာပဲ)။ သူများတွေစိတ်ညစ်တဲ့ အခါ၊ အိမ်နဲ့ အဆင်မပြေတဲ့ အခါ၊ အကြောင်းအရာတစ်ခုခုကို တွေဝေနေတဲ့ အခါ၊ သူတို့ ချစ်သူတွေအကြောင်းရောက်တက်ရာရာပြောတဲ့ အခါ၊ တွက်ရခက်တဲ့ ပုစ္စာတွေကိုနားမလည်တဲ့ အခါ၊ ခံစားချက်တွေ ရင်ဖွင့်တဲ့ အခါ...စတဲ့ .စတဲ့ အခါတွေမှာ ကျွန်တော်ရှိနေပေးခဲ့ ပေမဲ့  ကျွန်တော်အကြောင်းလေးစမိတဲ့ အခါမှာ စကားလမ်းကြောင်းလွှဲသွားတတ်ကြတယ်၊ စိတ်ထဲမှာတော့ တစ်မျိုးဖြစ်သွားတာပေါ့..။
လူဆိုတာကိုယ်ကိုယ်ကိုယ်ပဲ စိတ်ဝင်းစားတတ်ကြတယ်လေ..
လမ်းမှာတွေလို့  နေကောင်းလားလို့ ဝတ္တရားအရ မေးကြပေမဲ့ နေကောင်းတယ်၊နေမကောင်းဘူးဆိုတာစိတ်မ၀င်းစားကြပါဘူး
 (များသောအားဖြင့်ပေါ့လေ)
နောက်စဉ်းစားမိတာတစ်ခုက ငါ့ဟာသူတို့ ကိုအရောဝင်နေသလားလို့  ကိုယ်ကိုယ်ကိုယ့်သတိထားမိတယ်
 ကိုယ်ဘက်ကစေတနာအပြည့်နဲ့ ကူညီပေမဲ့  သူအတွက်ဝေဒနာ ဖြစ်သွားနိုင်တာပဲလေ
နောက်ကောလဟာလ စကားတစ်ခွန်းကို လဲကြားခဲ့ ရတယ် "လမင်းအောင်က အလကားကောင်ရယ် သူရှေ့ မှာ ဘာဖြစ်တယ်ညာဖြစ်တယ်သာပြောလိုက် ဒီကောင်လုပ်ပေးလိုက်မယ်၊ ဒီကောင်က ပညာအရမ်းပြချင်တဲ့ ကောင်"တဲ့ လေ ..။
သြော်...ပြောရက်လိုက်ကြတာ မင်းတို့ အတွက်အလကားဆိုတာမှန်ပေမဲ့  ငါ့ဟာဘာကိုမှအလကားမရခဲ့ ပါဘူးကွာ။နောက်ပြီး မင်းတို့ ဆီကငါ့ဘာကိုမှမျှော်ကိုးပြီးလုပ်ခဲ့ တာလဲမဟုတ်ဘူး၊ ငါ့သိထားတာလေတွေက မင်းတို့ အဆင်ပြေရင်...ဆိုတဲ့ အတွေးနဲ့ ပဲ ကျေနပ်နေခဲ့ သူပါကွာ"
အပြောခံရတယ်ဆိုကတည်းက ကိုယ်တိုင်ကအပြောခံရအောင်နေလို ပဲလေ ဒါကြောင့်ငါရဲ့ အပြုအမှူအပြောအဆိုကို ဆင်ခြင်နေခဲ့ တာပေါ့ကွာ..
အရင်လို လိုက်လိုက်ရောရောမရှိပေမဲ့  လမ်းတွေပြုံးပြနူတ်ဆပ်နိုင်ပါတယ်
အရင်လို ငါ့အသေးစိတ်မလုပ်ပေးတော့ဘူး ကိုယ်ကိုယ်ကိုယ်အားကိုးကြည့်ကြပေါ့.
အရင်လို ငါမင်းတို့ ခံစားချက်တွေနားထောင်မပေးတော့ဘူး ဒိုင်ယာရီစာအုပ်ဆောင်ထားပေါ့
ငါ့ပြောင်းလဲတာမဟုတ်ပါဘူး ပြောင်းလဲတယ်ဆိုရင်လဲ အခြေအနေအကြောင်းကြောင်းကြောင့်ပေါ့
လူဆိုတာပြောင်းလဲတတ်တာသဘာဝပဲလေ
..............
ကျွန်တော် အမြဲပြောလေရှိတဲ့  စကားတစ်ခွန်းရှိတယ် အဲဒါဘာလဲဆိုတော့ "သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာရှိစမြဲ" လို့ .........
ဒီအချိန်မှာ ဘာကိုမှမတောင့်တတော့ပါဘူး
လမင်းကြီးရယ်(moon)၊ ကောင်းကင်ပြာကြီးရယ်၊ ဟိုး.....အဝေးကကြယ်လေးတွေရယ်....
......................................xxxxxxxxx......

မောင်လမင်းအောင်


ပပ၀တီ ကိုချစ်တယ်

အချစ်ဆိုတာဘာလဲ ခင်ဗျာတို့ သိကြလားး?
ကျွန်တော်ကတော့ အချစ်ဆိုတာကို တောက်လျှောက်အဓိပ္ပာယ်ဖွင့်လာခဲ့ သမျှ ဒီတစ်ကြိမ်တော့မရေမရာဖြစ်ခဲ့ ရပြီင်္း..
ဘာလို့ လဲဆိုတော့ ကျွန်တော် မိန်းကလေးတစ်ယောက်ကို ချစ်မိခဲ့ ပြီးလေ

မြင်မြင်ချင်ချစ်သွားတာလားလို့ ခင်ဗျာတို့ ကမေးလိမ့်မယ်."ဟင့်အင်းမမြင်မတွေရပါပဲနဲ့ ကိုချစ်သွားတာ၊"လို့ ..
ဖြေ၇ပါလိမ့်မယ် ၊ ယုံနိုင်စရာတော့မရှိဘူး ဒါပေမဲ့ တကယ်ပါ သူကို မမြင်ဖူးဘူးဆိုပေမဲ့  ညစဉ်တိုင်းရဲ့  အိပ်မက်တွေမှာ သူ ပါတယ် သူဟာကျွန်တော်ဘ၀ရဲ့  အိပ်မက်နတ်သမီးလေးတပါးပေါ့ဗျာ

ကျွန်တော်သူကို ချစ်တယ် သူကြောင့်ပျော်ရွှင်ခဲ့ ရတယ်၊ သူကြောင့်ဝမ်းနည်းခဲ့ ရဖူးတယ်၊ သူကြောင့်ကြည်းနူးခဲ့ ရဖူးတယ်၊ သူက ကျွန်တော်ကိုအရမ်းဂရုစိုက်တယ်လို့  ခံစားရတယ်၊ သူအသံလေးတွေက နူးညံပြီး ချစ်စရာကောင်းတယ် မိန်းကလေးတစ်ယောက်၇ဲ့ ဟန်ပန်အပြည့်ရှိတယ်
သူပျော်ရင် ကိုယ်လဲပျော်မိတယ် သူဝမ်းနည်းတဲ့  အခါတိုင်း ကိုယ်ကိုယ်တိုင်တောင် သတိမထားမိပဲ မျက်ရည်အလိုလို ကျမိတယ် ...
သူကကျွန်တော် ကို အချိန်ပြည့်စိုးမိုးနိုင်သူပါ သူရဲ့  စကားလုံးတိုင်းဟာအမိန့် မဟုတ်ပေမဲ့ သူဖြစ်စေချင်တာကိုဖြစ်အောင်လုပ်ပေးဖို့ အမြဲအသင့်ရှိနေခဲ့ တယ်
ဘယ်သူမှလွှမ်းမိုးချူပ်ကိုင်လို့ မရတဲ့  စိတ်ကို သူရဲ့ ကြင်နာတဲ့ အသံချိုချိုတွေနဲ့  ချည်နှောင်တယ်

သူရဲ့ အချစ်ဆုံးသူငယ်ချင်းဟာ ကျွန်တော်ပါလို့ ပြောခဲ့ တယ်...သူနဲ့ ကျွန်တော် အကြိုက်ချင်ကလဲထပ်တူကျအောင် တူနေတော့အံသြမိတယ်..သူဘ၀ခံစားချက်တွေကိုနားထောင်တယ် ..ကျွန်တော် ဘ၀ခံစားချက်တွေကိုလဲပြောခဲ့ တယ်(ကျွန်တော်ဘ၀မှာပထမဆုံး)သူကိုတော်တော်လေးရင်း၇င်းနှီးနှီးသိနေသလို
ရင်ထဲခံစားရတယ်။ ဒါဟာလဲရှေးဘ၀ကအတူတူ ဆုတောင်းခဲ့ သူလို့ ယုံကြည်တယ်၊ ကျွန်တော် သူကိုချစ်တယ်၊ ကျွန်တော်၇ဲ့  အချစ်ဆုံးသူငယ်ချင်းဟာလဲသူပါ။

"လမင်းလေး"လို့ ခေါ်လိုက်တိုင်းမှာဘာကြောင့်ရင်တွေခုန်ပြီးစိတ်လှူပ်၇ှားရတာလဲမသိဘူး။
ဒါကိုအချစ်လို့ ထင်တယ် သူကိုပြောခဲ့ ပေမဲ့  သူကတော့ မယုံဘူးတဲ့ 

ဒါကြောင့်  ကျွန်တော် သူကိုချစ်တာ တကယ်ပါဆိုတာကိုကျွန်တော်မိတ်ဆွေတွေကို အသိပေးလိုက်ပြီးနော်
သူနဲ့ အမြန်ဆုံးတွေအောင်လဲ ကြိုးစားနေပါတယ် (သူနဲ့ ကျွန်တော် အိမ်ချင်းကနီးနီးလေးရယ်ပါ) ၊ သူကိုပေးထားတဲ့  ဂတိ တည်အောင်ကြိုးစားမယ်။ သူနဲ့ ကျွန်တော်အဆင်ဆင်ပြေပြေတွေ့ ဆုံနိုင်ပါစေလို့  မိတ်ဆွေတို့  ဆုတောင်းပေးကြအုံးနော်..။

မောင်လမင်းအောင်

PICTURE-MGLAMINAUNG




ငါမင်းနဲ့ ဝေးတဲ့ အချိန်ဟာ တကယ်ကို ငရဲပါ ငါကောင်မလေးတစ်ယောက်ပြီးတစ်ယောက် နဲ့  ဟိုတယ်မှာပဲ ညတိုင်း အချိန်တွေ ကုန်နေခဲ့ တယ် ...ငါအတွက် အာဟာရက ကိုးကင်နည်းနည်းနဲ့  ၀ီစကီး ပဲရှိနေခဲ့ တယ် ငါ့မင်းကိုမေ့လို့ မရဘူး မင်းကငါစိတ်ကို အမြဲဆိုးမိုးထားတယ် သေချာတာတော့ ငါမင်းကို သိပ်ချစ်တယ်ဆိုတာပဲ
မင်းကို ငါ့ဘယ်လို မေ့လို့ ရမှာလဲ ..
ငါမင်းဓာတ်ပုံတွေကို တစ်နေရာမှာတင်ထားလိုက်တယ်
ငါမိန်းကလေးတစ်ယောက်နဲ့  အတူတူအိပ်နေတဲ့ အချိန်မှာ မင်းရဲ့ ပုံတွေကို ငါ့မကြည့်ရက်ခဲ့ ပါဘူး
.....
ရှင်ကို မနေ့ ညက ဟိုတယ်မှာတွေတယ် မိန်းကလေးတစ်ယောက်နဲ့ 
ဟိုတယ်ဝန်ထမ်းတွေက နှစ်လိုဖွယ်မရှိနဲ့  အပြုံးတွေနဲ့  ကျွန်မ ကို ကြည့်နေခဲ့ တယ်
ဟန်ဆောင်အပြုံးတွေကို ကျွန်မသိတာပေါ့...
ရှင်ကို အိမ်ပြန်လာစေချင်တယ်..ကျွန်မ အတွက် အသဲကွဲခြင်းတွေနဲ့  ၀ိုင်တွေပဲ ဖြည့်တင်းနေရတယ်

ရှင်ဓာတ်ပုံတွေကို တစ်နေရာမှာထားလိုက်တယ်..ပြီးတော့ ရှင်အကြောင်းစဉ်စားနေတယ်
ကျွန်မလဲ ဘဲကြီးတစ်ယောက်နဲ့  အတူရှိနေတဲ့ အတွက် ရှင်ဓာတ်ပုံတွေကို မကြည့်ရက်ပါဘူး

မနေ့ ကရှင်ရဲ့ ရည်းစားဟောင်းနဲ့ လမ်းမှာတွေခဲ့ တယ် ..ရှင်ကိုအိမ်ပြန်လာစေချင်ပြီး
ဘုရားကျောင်းမှာ ဆုတောင်းနေခဲ့ တာ နေတိုင်းပါပဲ

ငါ့မင်းကိုဘယ်လိုမှမေ့လို့  မရခဲ့ ပါဘူး မင်းနဲ့  အတူနေချင်ပါတယ် မင်းကိုမေ့နိုင်မယ်ထင်ပြီးအရက်တွေကိုပဲ ဖိသောက်နေခဲ့ တာပါ ..ဒါတွေဟာငါ့အတွက်မကောင်းမှန်ငါ့သိပါတယ် ငါ့ရဲ့  အချိုးတွေကိုငါ့ပြင်ပါမယ်

ဒီနေ့ မင်းဓာတ်ပုံကို ငါ့တွေခဲ့ တယ်
မင်းဆီဖုန်းခေါ်ခဲ့ တယ် မင်းကို အိမ်ပြန်လာဖို့ အကြောင်းပြောဖို့ ပေါ့
နောက်ပြီးး..ငါ့မင်းကိုချစ်တယ်...

PICTURE
မနက်ကကျောင်းမှာ ဆရာက အဲဒီစာသင်တယ် အတက်နိုင်ဆုံးအဲလို့ ဘာသာပြန်မိတယ် dictionary ကိုင်ပြီးတော့ပေါ့ ပြီးတော့ ကျွန်တော်ချစ်သူကိုသတိရ မိတယ် မျက်ရည်ဝိုင်းနေပြီး မကြာခင်မှာ မျက်ရည်ကျမိတယ် အဲဒီစာတွေက ကျွန်တော် နှလုံးသားကို ကိုင်လှူပ်ခဲ့ တယ်
ကျွန်တော်တို့  ချစ်ခဲ့ ကြပေမဲ့  အခြေအနေ အကြောင်းကြောင်းကြောင့် အဝေးမှာနေ နေရတယ် ခုထိ သူနဲ့  အဆက်အသွယ်မရသေးဘူး 4 နှစ်ရှိခဲ့ ပြီး ကျွန်တော်ခုထက်ထိမေ့လို့ မရခဲ့ ဘူး သူဓာတ်ပုံတွေတစ်ပုံမှ ကျွန်တော်ဆီမှာ မရှိဘူး ဒါပေမဲ ကျွန်တော် နှလုံးသားနေရာဆီမှာ သူရဲ့  ပုံရိပ်တွေဟာ ထင်ကျန်ဆဲပါ အသက်ဝင်ဆဲပါ ကျွန်တော်သူကို အရမ်းသတိရတယ် မနက်လင်းခါနီးမှ အိပ်ရာဝင်ခဲ့ တယ်

မောင်လမင်းအောင် 2013.1.25

တစ်ပတ်အတွင်းလူကြည့်အများဆုံး