အထီးကျန်ပြီး အထီးဆန်တဲ့ ဘဝ

သြော်...မောင်လမင်း မောင်လမင်း အဘိဓမ္မာကို စနစ်တကျသင်ရတာတောင် ပညက်လောကမှာသာယာချင်နေတုံးပဲ။
အများရဲ့ စွပ်စွဲခြင်းတွေကြားမှာ ဖြေရှင်းဖို့ ကြိုးစားရင် ပရမတ္တ ကိုတောင်ခွဲခြားမမြင်နိုင်ခဲ့ ဘူး။ အရာအာလုံးဟာ မမြဲခြင်း အနိစ္စဆိုတာကြိုသိထားရဲ့ သားနဲ့  အလွမ်းဝင်္ကပါမှာ သံသရာကိုလည်စေခဲ့ တယ်။ အလောင်းတော်သူတော်မြတ်ကြီးတွေတောင် ခန္တီစ သည်ခံခြင်းတွေနဲ့  ဥပက္ခာပါရမီကို အကြိမ်ကြိမ် ဘဝပေါင်းများစွာဖြည့်ဆည်းခဲ့ ရသေးတာပဲ။ မှတ်မီသေးတယ် မောင်လမင်း ငယ်ငယ်က သင်ရတဲ့  ဆရာတော်ဦးသြဘာသရဲ့  ဝေသန္တရာ ဇာတ်တော်ကြီးမှာ ဇူစကာပုဏားထံ သားတော်ဇာလီနဲ့  သမီးတော် ကဏှာဇိန်ကို လှူတဲ့  အပိုင်းလေးကိုမျကိရည်တွေနဲ့  မှတ်သားခဲ့ ဖူးပါတယ်။
" ငါ့သား,ငါ့သမီးတို့ ကို ပုဏ္ဏားအား ငါပေးသောအခါမှစ၍ ပုဏ္ဏာသည် သတ်ပုတ်ညှဉ်းဆဲ တုံသော်လည်း တစုံတခုသော စိုးရိမ်ခြင်းကို ငါ၌မဖြစ်စေပြီးဟု မြဲမြံစွာ သတိတည်းဟူသော ချည်တိုင်၌ စိုးရိမ်ခြင်းတည်းဟူသော စိတ်ဆင်ရိုင်းကို သမ္မာဝါယာမ တည်းဟူသော
ကြိုး, ဥာဏ်တော်တည်းဟူသောလက်တော်ဖြင့် ကိုင်စွဲချည်နှောင် ဆောက်တည်ပြီးသော် ကျောင်းသင်္ခမ်းတွင်းမှ ထွက်တော်မူ၍ ကျောင်းသင်္ခမ်း တံခါး ကျောက်ပျဉ်ပေါ်၌ ရွှေဆင်းတုကဲ့ သို့ ငြိမ်သက်တည်ကြည်စွာ ထိုင်နေတော်မူ၏ ''
အဲတုံးက မောင်လမင်း စာသင်ပြီးစ ဝေဿန္တ မင်းကြီးရဲ့ ပုံကို စိတ်ကူးနဲ့ ဖော်ကြည့်ဖူးပါတယ် ။ နီးရဲသော မျက်လုံးအိမ်ထဲကနေ နှလုံးသားကဆူပွက်ပြီးထွက်လာတဲ့ သောကအပူငွေတွေနဲ့  လှိုက်ထပြီး နီးကြင်ကြင်မျက်လုံးတွေက ဝမ်းနညိးခြင်းပုံရိပ်တွေဆိုတာ ရုပ်လုံးကိုပေါ်စေခဲ့ ပါတယ်။ ဝေဿန္တရာ ဇာတ်တော်ကြီး တစ်ခုလုံး သင်ပြီးသွားတဲ့ အခါ မိဘတွေရဲ့  စေတနာတွေကိုနာလည်ခံစားမိပြီး မွေးကတည်းကစပြီး တစ်နှစ်လုံးမှ တစ်ခါတောင် လာမတွေ့ တဲ မိဘတွေကို အဲ့ ဒီအချိန်ကစလို့ စိတ်မနာတော့ပါဘူး။
ရင်ခုန်တတ်စအရွယ် တွယ်တာတတ်စနှလုံးသားမှာ မြတ်နိုးစရာ မိန်းကလေးတစ်ဦးအဖြစ် မောင်လမင်း နှလုံးသားမှာ စွဲထင်ရစ်နေစေမဲ့  မိန်းမသားတစ်ဦးဟာ ဒီလောကကြီးမှာ ရှိလိမ့်မယ်လို့  ယောင်လို့တောင်မတွေးထင်ခဲ့ ပါဘူး။
မမျှော်လင့်ပဲကြုံဆုံတဲ့ အဖြစ်က မိုးတွေသိပ်သည်းနေတဲ့ နေ့ပေါ့ ။
အပြင်မှာ ရာသီဥတုသာယာ ပေမဲ့  ရင်ထဲမှာ လှောင်မြိုက်ပြီး ပူလောင်နေတဲ့  သောကအပူငွေ့ တွေကို ပြင်းထန်တဲ့  ပေါက်ကွဲမူတွေအဖြစ်နဲ့မျက်ရည်မိုးတွေရွာချနေလိုက်တာ ပျော်ပျော်ကြီးပါပဲ ဝမ်းနည်းမူအထိတ်အမှတ်လေ။ ဒီအဖြစ်ကို ဒီအတိုင်းထားခဲ့ မိလိုက်ရင်အကောင်းသား ဒုတိယလူတစ်လောက်ကို အသိပေးလိုက်မိတဲ့အတွက် နောင်တဆိုတာ ခုချိန်ထိမရသေးပါဘူးလေ။
တွေဆုံခြင်းသည် ခွဲခွာဖို့ ဆိုတာ ကြိုသိထားပါတယ် ။ ဒါပေမဲ့  နုနယ်တဲ့ နှလုံးသားမှာ စွဲထင်နေတဲ့ အရာကိုလွယ်လွယ်နဲ့ ရော ဆွဲခွာလို့  မေ့ရက်နိုင်မှာတဲ့ လား။ ဘဝနဲ့  အမျှအတွေ့ ကြုံပေါင်းများစွာကိုလဲ တွေကြုံခံစားပြီးပါပြီး ဒါပေမဲ့ အသဲကွဲခြင်းအရသာဟာ ဘာနဲ့ မှမတူအောင်ခါးသက်လှပါတယ်လေ။
အထီးကျန်တဲ့ အထီးဆန်သမားလေးလို့ တော့ ကို့ ကိုယ်ကို အားငယ်အောင်မညှင်းဆဲချင်တော့ပါဘူးလေ။ အရာအားလုံးဟာဖြစ်ပြီးရင်ပျက်မှာပဲ။ အကျိုးကြောင့် အကြောင်းဖြစ်သလို အကောင်းအဆိုးကိုလဲခွဲခြားတတ်အောင်လေ့ကျင်သင်ကြားပေးထားတာပဲ။ ဒါကြောင့် အလွမ်းဆိုတဲ့ အရာတွေကို ဒီဘဝ ဒီမျှနဲ့ ပဲဆုံးပါစေတော့။
ပရမတ္တ ကျကျဝေဖန်ဆန်းစစ်ရရင် မောင်လမင်းဆိုတာ ပညာအမြင်မှာဘာမှမရှိပါဘူးလေ။ ပညက်လောကကနေလွတ်မြောက်ပြီး သညာအားဖြင့်လဲ ပညာကင်းမဲ့သူမဖြစ်ပါရစေနဲ့ တော့ ။။

မောင်လမင်းအောင်

တစ်ပတ်အတွင်းလူကြည့်အများဆုံး