Showing posts with label ထူးထူးဆန်းဆန်း. Show all posts
Showing posts with label ထူးထူးဆန်းဆန်း. Show all posts

သခင်ကို ကားဖြင့်ပြန် တိုက်သည့်ခွေး

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှ လူတစ်ယောက်ကို သူ့အချစ်တော်ခွေးက ကားဖြင့်တိုက်သတ်ခဲ့သည့် သတင်းကြောင့် ခွေးပိုင်ရှင်များအနေဖြင့် မှင်တက်သွားခဲ့ရသည်။ အသက်၆၈နှစ် ရှိပြီဖြစ်သည့် ဂျိမ်းစ်ကမ်ဘဲလ် ဆိုသူသည် ကားဖြင့် အိမ်သို့ပြန်လာပြီး နေအိမ်ဝင်း တံခါးရှေ့သို့ ရောက်သောအခါ သူ့အိမ်တံခါးကိုဖွင့်ရန် ကားကို စက်မသတ်သေးဘဲ ကားပေါ်မှဆင်းလာစဉ် သူ့အချစ်တော်ခွေးက ကားပေါ်သို့ ရုတ်တရက် ခုန်တက်လိုက်ရာ လီဗာကိုနင်းမိပြီး စက်မသတ်ထားသော ကားမှာအရှိန်ဖြင့် သူ၏သခင် ဂျိမ်းစ်ကို ၀င်တိုက်မိ သွားလေတော့သည်။
အနီးအနားမှ လူများက ကားကိုရပ်တန့်ရန် ကြိုးစားခဲ့သော်လည်း အရှိန်ဖြင့်ဝင်လာသောကားကို မည်သူမျှ မတားဆီးနိုင်ခဲ့ကြပေ။ ကားတိုက်ခံရသူဂျိမ်းစ်ကို အသက်ကယ်တင်ရန် သူ့သူငယ်ချင်းများက ၀ိုင်းဝန်း ကြိုးစားခဲ့ကြသော်လည်း ဂျိမ်းစ်မှာဒဏ်ရာ ပြင်းထန်လွန်းလှသဖြင့် နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း ဇန်န၀ါရီလ ၁၆ရက်နေ့ထုတ် DailyMail သတင်းစာမှ သိရသည်။ အလားတူဖြစ်ရပ်မျိုး နယူးဇီလန်အတွင်လည်း ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့ကြောင်း ထပ်မံသိရှိရသည်။ နယူးဇီလန်တွင် ခွေးများကို ကားမောင်း သင်ပေးနေသူတစ်ဦးကို ကျွမ်းကျင်မှုမရှိဘဲ ကားတက်မောင်းခဲ့သည့် ခွေးက ၀င်တိုက်ခဲ့၍ ထိုသင်တန်းဆရာလည်း သေဆုံးသွားခဲ့သည်။


by swesonemedia

ကမ္ဘာ့အသေးငယ်ဆုံး စက်ဘီးစီးသူ

 ပြင်သစ်နိုင်ငံမှ စက်ဘီး ၀ါသနာအိုးတစ်ဦးသည် ပြင်သစ်နိုင်ငံ၏ အထင်ကရ စက်ဘီးပြိုင်ပွဲဖြစ်သော Tour de France ပြိုင်ပွဲသို့ဝင်ရောက် ဆင်နွှဲရန်အတွက်သူကိုယ်တိုင် အထူးပြုလုပ်ထားသော အလွန်သေးငယ်သည့် စက်ဘီးဖြင့် ၀င်ရောက် စီးနင်းမည်ဖြစ်သည်။ ၎င်းသည် စက်ဘီးအားကစားသမား ၀တ်စုံအပြည့်ဝတ်၍ ခရီးဆောင် ကျောပိုးအိတ်ကိုလွယ်ကာ တာဝေးပြေး စက်ဘီးစီးပြိုင်ပွဲကို ၀င်ရောက် ဆင်နွှဲမည်ဖြစ်သည်။ စက်ဘီးဝါသနာအိုးတစ်ဦးက ၎င်းအား ချီးကျူးဂုဏ်ပြုခဲ့ပြီး ထိုမျှသေးငယ်သော စက်ဘီးပေါ်တွင် ဆက်ကပ်သမား တစ်ဦးသော်မှ ကျွမ်းကျင်စွာ စီးနင်းနိုင်မည် မဟုတ်ဟု မှတ်ချက်ပေး ချီးကျူးခဲ့လေသည်။စက်ဘီးမှာ သေးငယ်လွန်း၍ အရွယ်ရောက်ပြီး သူတစ်ဦးအတွက် အလွန်ခက်ခဲစွာ စီးနင်းရမည်ဖြစ်သည်ဟု ကာယကံရှင်က ပြောဆိုခဲ့သည်။



by swesonemedia

ခေါင်းမပါလည်း ကြက်တို့က အသက်ရှင်နိုင်


ခေါင်းမပါလည်း ကြက်တို့က အသက်ရှင်နိုင်

Miracle Mike လို့အမည်ပေးထားတဲ့ ကြက်က သက်သေပြသွား ပါတယ်။ ခေါင်းမပါပဲနဲ့ တစ်နှစ်ခွဲတိတိ အသက်ရှင်လျက် ကျန်းကျန်းမာမာ အသက်ရှင်နေထိုင်သွားပါတယ်။

ထူးခြားအံ့သြစွာပါပဲ။ ဘယ်သူမှ မယုံဘူးလို့ဆိုတဲ့ အတွက် ဆေး တက္ကသိုလ်တွေထိတောင် သယ်ဆောင်ပြီး သက်သေကပြခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် ဧပြီလက Colorado ပြည်နယ်Fruita မြို့  က လယ်ခင်းတစ်ခု မှာ မွေးဖွားပါတယ်။ တစ်နေ့တော့ ပိုင်ရှင်ဖြစ်သူက ခေါင်းဖြတ်လိုက်ချိန်မှာ ပုဆိန်သွားအနည်းငယ် လွဲပြီး ဦးနှောက် Sterm နဲ့ နားတစ်ဖက်က ကျန်ခဲ့ ပါတယ်။ ဒါကြောင့် အခြားကြက်တွေလို ချက်ချင်းမသေပဲ ပုံမှန်အတိုင်း ခပ်ကြာကြာ ရုန်းနေတဲ့အတွက် ပိုင်ရှင် ဖြစ်သူက အံ့သြခဲ့ပါတယ်။

ဒီလိုနဲ့ ရက်အနည်းငယ် စောင့်ကြည့်တော့ ကျန်းကျန်းမာမာပဲ အသက်ရှင်နေတာကို မြင်တွေ့ရပါတယ်။ ခေါင်းမပါတာတောင် မြေပြင်မှ ဆန်ဖွဲကောက်ဖို့ လည်ပင်းနဲ့ ဆိုက်ပါတယ်။ ဒါကြောင့် သခင် ဖြစ်သူက အစားအသောက်များကို အရည်ဖျော်ပြီး မျက်လုံးပေါက်ထဲ ကို ဖျော်ထည့်ပေးပါတယ်။ ယင်းအစာကျွေးနည်းနဲ့ပဲ ကျွေး ထားလိုက်တော အသက်ရှင်တော့ မြို့ မှာ နာမည်ကြီးလာပြီး အမေရိကန်နိုင်ငံအနှံ့ မြို့ တွေမှာ လိုက်လံ ပြသပါတယ်။

ခေါင်းပြတ်နေသည့်တိုင် ခပ်မြင့်မြင့်အတန်းပေါ် ခုံပျတ်တက်တဲ့ အကျင့် မပျက်ပါဘူး။ ညနေတိုင်း တွန်ဖို့ သူကြိုးစားပါတယ်။ သို့ပေမယ့် သာမန် ကြက်တစ်ကောင် တွန်သလို ဘာအသံမှထွက်မလာပါဘူး။ ဒီလိုနဲ့ တစ်နှစ်ခွဲ (၁၈လကြာ) အသက်ရှင်ပြီးမှ အစာကျွေးဖို့ နောက်ကျတဲ့အတွက် ၁၉၄၇ ခုနှစ် မတ်လက သေဆုံး သွားခဲ့ပါတယ်။

ခေါင်းပြတ်ပေမယ့် ဦးနှောက် အစိတ်အပိုင်းအချို့  ကျန်ရှိခဲ့တဲ့အတွက် သူ့အနေနဲ့ အသက်ရှင်ခြင်း ဖြစ်ပြီး အခြားသာ သူများလည်း အသက်ရှင် လိုရှင်ငြား စမ်းသပ်ခဲ့ကြပါတယ်။ တစ်ရက် နှစ်ရက်ထက်တော့ ပိုအသက် မရှင်ကြပါဘူး။ Miracle Mike ကတော့ သမိုင်းတစ်လျှောက် မှာ ခေါင်းပြတ်ပေမယ့် အကြာဆုံး အသက်ရှင်ကျန်တဲ့ ကြက် အဖြစ် သမိုင်းတွင်ခဲ့ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

လှပသော ကျွန်းမြို့ တော် Lofoten (နော်ဝေ)


နော်ဝေမှ ကျွန်းမြို့  Lofoten

နော်ဝေနိုင်ငံမြောက်ပိုင်း ပြည်နယ် Nordland တွင်းရှိ Lofoten အမည်ရ ကျွန်စုမြို့ ငယ်လေး ဖြစ်ပါတယ်။

ဘယ်လောက်လှတဲ့မြို့  ဖြစ်တယ်ဆိုတာ ပုံကြည့်ရုံနဲ့တင် သိရှိနိုင်ပါတယ်။ ဒါတောင် အပေါ်ယံမှာပဲ ရှိပါတယ်။ ရေအောက်မှာ ကမ္ဘာ့အရှားပါးဆုံးသော သန္တကျောက်တန်းစုကြီးတွေ၊ ငါးပူတင်းမျိုးစိတ်တွေ၊ အခြားသော ရေနေ သတ္တဝါကြီးငယ် စုံလင်စွာနဲ့ ရင်သပ်ရှုမောဖွယ်ကို လှပလို့နေပါတယ်။

လူဦးရေသိပ်မရှိပါဘူး။ အဓိက စီးပွားရေးလုပ်ငန်းက တံငှါ ဖြစ်ခဲ့ပေမယ့် ယခုအခါမှာတော့ ကမ္ဘာ့လှည့်ခရီးသွားလာရေး အတွက် စီးပွားတွင်တဲ့ မြို့ ဖြစ်နေပြီ ဖြစ်ပါတယ်။ ရေငုပ်၊ တောင်တက် စက်ဘီးမောင်း၊ ပင်လယ်ခရီး၊ ကမ်းခြေအပန်းဖြေ အစရှိသဖြင့် လည်ပတ်စရာ နေရာစုံစုံလင်လင်နဲ့ အလည်ရောက်သူများအတွက် ဝန်ဆောင်မှု အပြည့်အဝပေးထားပါတယ်။

Lofoten ရဲ့  ထူးခြားချက်က ရာသီဥတု အပြောင်းအလဲ မြန်ခြင်း ဖြစ်ပါတယ်။ လက်တီကျု အမြင့်ပိုင်းမှာရှိတဲ့အတွက် အရမ်းမြင့်၊ အရမ်းနိမ့်တဲ့ ရာသီဥတုဒဏ် တစ်ခု ရှိပါတယ်။ သို့ပေမယ့် ၁၂ ရာသီမှာ အေးတဲ့ကာလက အများစုပဲ ဖြစ်ပါတယ်။

ဥရောပတိုက်တွင်း နော်ဝေနိုင်ငံသို့ အလည်ရောက်သူများအတွက် Lofoten ဟာ လည်ပတ်ချင်စရာ အကောင်းဆုံးနေရာ အဖြစ် တည်ရှိနေကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

အမေရိကန်မှ ကမ္ဘာ့အသန့်ရှင်းဆုံးရေကန်


အမေရိကန်မှ ကမ္ဘာ့အသန့်ရှင်းဆုံးရေကန်

ပုံမှာ ကြည့်လိုက်ရင် ရေတိမ်တယ်လို့ ထင်ရပါတယ်။ အမှန်တော့ ယင်း ကန်ဟာ ပေ ၃၇၀ နက်တဲ့ Flathead Lake ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ Montana ပြည်နယ်၊ မစ္စစပီမြစ်အနောက်ဘက်မှာ တည်ရှိပြီး ၁၉၁.၅ စတုရန်းမိုင် ကျယ်တဲ့ ရေကန် ဖြစ်ပါတယ်။ သူ့အရွယ်၊ သူနေရာဒေသနဲ့ ယှဉ်လိုက်မယ်ဆိုရင် သာမန်ထက် သန့်ရှင်းနေပြီး အလွန်ကြည်လင်နေ ပါတယ်။ ယင်း Crystal Clear water ကြောင့် ရေ နက်တာကို တိမ်တယ်လို့ ထင်ရပြီး ပုံမှာ မြင်တွေ့ရ တဲ့အတိုင်း သန့်ရှင်းနေ ပါတယ်။

ကုန်းတွင်ပိတ် ရေအိုင်ကြီး တစ်ခုဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်း ကတည်ရှိနေတာ ဖြစ်ပါတယ်။ သဘာဝအလျောက်လှပနေပြီး သူ့ရဲ့  ထူးခြား ကြည်လင်တဲ့ ရေကြောင့် Flathead Lake ဟာ လူသိများပါတယ်။ ကမ္ဘာ့အသန့်ရှင်းဆုံး ရေကန်များထဲမှာ တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

တစ်ပတ်အတွင်းလူကြည့်အများဆုံး