Showing posts with label စစ်တုရင်. Show all posts
Showing posts with label စစ်တုရင်. Show all posts

စစ်တုရင်

၁) စစ်တုရင်ကစားရာမှာ Checkmate ဆိုတဲ့ ဝေါဟာရဟာ အာရဗီဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပါတယ်... မူရင်းပုံစံက Shah Mat လို့ဖြစ်ပြီး အဓိပ္ပာယ်ကတော့ "ဘုရင်သေပြီ" လို့ဖြစ်ပါတယ်...

၂) ကစားပွဲအစပိုင်း နှစ်ကွက်အတွင်းပွဲပြီးအောင်လုပ်နိုင်တဲ့နည်း ၈ ခုရှိပြီး သုံးကွက်အတွင်း ပွဲပြီးနိုင်တဲ့နည်း ၃၅၅ နည်းရှိပါတယ်...

၃) ခေါက်သိမ်းလို့ရတဲ့ စစ်တုရင်ခုံကို ၁၁၂၅ ခုနှစ်က ခရစ်ယာန်ဘုန်းကြီးတစ်ပါးက တီထွင်ခဲ့ပါတယ်... ခရစ်ယာန်ဘုရားကျောင်းတွေမှာ စစ်တုရင်ကစားခြင်းကို တားမြစ်ထားတဲ့အတွက် စာအုပ်တစ်အုပ်ပုံစံမျိုး စစ်တုရင်ခုံရဲ့ မျက်နှာပြင်နှစ်ဖက်ကို တွဲချိတ်ထားနိုင်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်...

၎) တစ်နှစ်လောက်ပဲကြာသေးတဲ့ စစ်တုရင်စတင်ကစားတဲ့လူသစ်တွေကို Rookie လို့ခေါ်ပါတယ်... အဲ့ဒီနာမည်ဟာ စစ်တုရင်က castle (rook) ရဲ့နာမည်က ဆင်းသက်လာတာဖြစ်ပါတယ်... rook တွေဟာ နောက်ဆုံးမှရွှေ့နိုင်တဲ့အရုပ်ဖြစ်သလို လူသစ်တွေဟာလည်း မကျွမ်းကျင်တဲ့အတွက် အစောပိုင်းမှာဘာမှပြန်မတိုက်ခိုက်နိုင်တာမျိုးကို ရည်ရွယ်ပြီး နာမည်ပေးခဲ့တာဖြစ်ပါတယ်...

၅) မျက်စိကိုအုပ်စည်းပြီးကစားတဲ့ပုံစံမျိုး စစ်တုရင်မှာရှိပါတယ်... စစ်တုရင်သမားကောင်းတော်တော်များများ ဒီလိုကစားနိုင်ပါတယ်... ဒါပေမဲ့ ရွှေ့ကွက်တော်တော်များများပြီးတဲ့အခါမှာ ရှုပ်ထွေးသွားနိုင်တဲ့အတွက် ကစားကွက်တွေကို ရှင်းရှင်းလင်းလင်းမှတ်မိနေဖို့ လိုပါတယ်...

၆) စံချိန်တင်မှတ်တမ်းတစ်ခုကတော့ ၁၉၆၀ ခုနှစ်က Budapest မှာ ဟန်ဂေရီလူမျိုး Janos Flesh ဟာ ပြိုင်ဖက် ၅၂ ယောက်ကို မျက်စိအုပ်စည်းပြီး တစ်ပြိုင်တည်းကစားခဲ့ပါတယ်... အဲ့ဒီအနက် ၃၁ ပွဲကို သူနိုင်ခဲ့ပါတယ်..

၇) တစ်ဖက်တစ်ချက်စီက လေးကွက်စီရွှေ့ပြီးတဲ့အချိန်မှာ ဖြစ်နိုင်တဲ့ အနေအထားက ၉၈၈ သန်းရှိပါတယ်..

၈) စင်္ကြာဝဠာထဲမှာတွေ့နိုင်တဲ့ အက်တမ်အရေအတွက်ထက် ကစားနိုင်တဲ့စစ်တုရင်ကစားပွဲအရေအတွက်က ပိုများပါတယ်... ဘာကြောင့်လဲဆိုတော့ အက်တမ်တွေကို ၁၀ ရဲ့ ထပ်ကိန်း ၇၉ (10^79) ရှိမယ်လို့ ခန့်မှန်းထားပေမဲ့ မတူညီတဲ့ စစ်တုရင်ကစားပွဲဖြစ်နိုင်ချေကတော့ ၁၀ ရဲ့ထပ်ကိန်း ၁၂၀ (10^120) ရှိနေလို့ပဲဖြစ်ပါတယ်...

၉) စစ်တုရင်ပညာမှာ အထွဋ်အထိပ်ရောက်တဲ့ အမေရိကန်နှစ်ယောက်ပဲရှိပါတယ်... သူတို့နှစ်ယောက်လုံးဟာ ရူးကြောင်ကြောင်ဖြစ်သွားကြပါတယ်... တစ်ယောက်က New Orleans က Paul Morphy ဖြစ်ပြီး ၁၈၅၈ ခုနှစ် အသက် ၂၂ နှစ်အရွယ်မှာ ပဲရစ်နဲ့ လန်ဒန်မှာ ဥရောပရဲ့ အကောင်းဆုံးစစ်တုရင်သမားတွေကို အနိုင်ကစားနိုင်ခဲ့ပါတယ်... နောက်ပိုင်းမှာစစ်တုရင်လောက ကနေအနားယူခဲ့ပြီး သူ့မိတ်ဆွေတွေနဲ့ သူ့မိသားစုက သူ့ကိုလိုက်သတ်နေတယ်လို့ ထင်နေရင်းနဲ့ အနှစ် ၂၀ လောက်နေထိုင်သွားပါတယ်.. နောက်တစ်ယောက်ကတော့ ရာစုနှစ်နောက်တစ်ခုအကြာမှာပေါ်လာခဲ့တဲ့ ၁၉၇၂ ခုနှစ်မှာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သူ Bobby Fischer ဖြစ်ပါတယ်.... သူကလည်း သူ့ကိုလူတွေက လိုက်လံတိုက်ခိုက်နေတယ်လို့ ယုံကြည်နေသူဖြစ်ပါတယ်....
------------------------------------------------
Ref:
နှိုင်းရင့်နွေမှတင်ဆက်သည်...


တစ်ပတ်အတွင်းလူကြည့်အများဆုံး