Showing posts with label ဥပဒေရေးရာ. Show all posts
Showing posts with label ဥပဒေရေးရာ. Show all posts
ဥပဒေသမားလက်စွဲစကား
ဥပဒေသမားလက်စွဲစကား
ရေးသူ- ဦးကျော်ဇေယျ
ဆရာဦးကျော်ဇေယျ က
ပညာရှင်ကြီး Albert Einstein
ရေးဆိုတာနဲ့ ပါတ်သက်၍ ဖော်ပြလိုပါသည် -
Peace cannot be kept by force, it can only be achieved by understanding. ပါတဲ့...
ဒီလို အဖိုးတန်အဆိုအမိန့့် များစွာပါဝင်သည့်စာအုပ်လေးပါ
ခင်ဗျာ... ။
ဒီမှာ   download   ပါ။
တရားဥပဒေအထွေထွေဗဟုသုတ
တရားဥပဒေအထွေထွေဗဟုသုတ
ရေးသူ- ဒေါက်တာမောင်မောင်
စာကြည့်တိုက်မှာ ဥပဒေဆိုင်ရာ
ဗဟုသုတများတင်ပေးပါ
ဥပဒေကို မသိ နားမလည်တော့
သူများခြောက်တာ လှန့် တာကို
ရိုးသားသူများခမျာခံနေရလို့ ပါဆို
ပြီးမိတ်ဆွေတစ်ဦးကတောင်းဆို
ထားတာကြောင့် ကျနော် ကောင်းနိုးရာ ဥပဒေဗဟုသုတရစေမည့်စာအုပ်ကိုရှာဖွေနေခဲ့ပါတယ်။ ခုတော့ ရပါပြီ။  တစ်ခါက
နိုင်ငံတော်သမ္မတတာဝန်ဆောင်
ရွက်ခဲ့သူဒေါက်တာမောင်မောင်
ရေးသည့်စာအုပ်ပါ။
ဥပဒေ ကို မသိနားမလည်၍ ဥပဒေ
ချိုးဖောက်မိခြင်းကို ဥပဒေက ခွင့်လွှတ်သည်မဟုတ်။
့သိအောင်နားလည်အောင်လေ့လာမှတ်သားထားမယ်ဆိုရင် ကိုယ်တိုင်လိုက်နာနိုင်သလို ခြောက်လုံးလှန့် လုံးတွေကိုလည်း
အမှုထားစရာလိုမှာမဟုတ်တော့ပါ။ ဒါကြောင့်လူတိုင်းလေ့လာသင့်တဲ့
စာအုပ်ကို ရှာဖွေတင်ပြလိုက်ပါတယ်ခင်ဗျာ။
ဒီမှာ   download   ပါ။
အိမ်ခြံမြေရောင်းဝယ်ငှားဥပဒေ
အိမ်ခြံမြေရောင်းကြ ဝယ်ကြ ငှားရမ်းကြတော့မယ်ဆိုရင် သက်ဆိုင်သည့်ဥပဒေပြဌာန်းချက်
များ လိုက်နာရမည့် ဆောင်ရန် ရှောင်ရန် အချက်များကို
ဆရာ ဦးကျော်ဇေယျက စုံလင်စွာ
ရေးသားရှင်းလင်းပြထားသည့်
့်စာအုပ်ဖြစ်ပါတယ်။ လူတိုင်းမလွတ်တမ်းလေ့လာမှတ်
်သားထားသင့်တဲ့ဥပဒေစာအုပ်
်ကောင်းတစ်အုပ်ဖြစ်လို့  မျှဝေလိုက်
ရပါတယ်ခင်ဗျာ... ။
ဒီမှာ download ပါ
ဥပဒေကပေးသည့်အခွင့်အရေး ကိုယ်နှင့် ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့်
ကိုယ်နှင့်ပစ္စည်းအပေါ် ထိခိုက်မယ့်
အန္တရယ်ရှိလာရင် ကာကွယ်ခုခံပိုင်ခွင့်ဆိုတာ ဥပဒေကပေးထားတဲ့အခွင့်အရေးပါ။
ဒီအခွင့်အရေး က ဘယ်အချိန်မှာစတင်ရရှိပြီး ဘယ်ချိန်တိုင်ဆက်လက်တည်ရှိတယ်ဆိုတာတွေ... ဘယ်လိုအခြေအနေမျိုးမှာတော့ ကာကွယ်ခုခံပိုင်ခွင့်မရှိ။ ဆိုတာတွေ
က လူတိုင်းသိရှိထားသင့်ပါတယ်။
ဆရာ ဦးကျော်ဇေယျက ဒါကို စီရင်
ထုံးအကိုးအကားများနှင့်တကွရေးသားထားတဲ့စာအုပ်ပါခင်ဗျာ။
ဒီမှာ download ပါ
ဥပဒေဝေါဟာရအဘိဓါန်
ဥပဒေဝေါဟာရအဘိဓါန်
ပြုစုသူ- ဦးကျော်ဇေယျ
ဥပဒေအဘိဓါန်ကိုတောင်းဆိုကြသူကများ... လိုအပ်နေကြသူတွေကများလွန်းတာမို့  တင်ပြပေးချင်လှတဲ့ စိတ်စေတနာနဲ့ အွန်လိုင်းမှာရှာနေခဲ့တာကြာပါပြီ။ ဒီစာအုပ်ကိုတော့ ခဏ ခဏတွေ့ တယ်.. လင့်သေနေတာတွေချည့်တွေ့ ရပြီး ဘယ်တုန်းကမှကူးမရခဲ့ပါဘူး။
ဒါနဲ့ ... ကျနော်လည်း ကိုယ်ပိုင်ရှိနေတဲ့ သာလွန်ဥပဒေအဘိဓါန်စာအုပ်ကို မိမိဖါသာ PDF ဖန်တီးရပါတော့တယ်။ ပြီးလုခါနီးမှ
မိတ်ဆွေတစ်ဦးဆီက ဒီစာအုပ်လေးရလိုက်တော့ ဝမ်းသာလိုက်တာဗျာ... ခုဆိုရင် ကျနော် ရှာဖွေဖြည့်ဆည်းပေးချင်နေတာပြည့်စုံပါပြီ...။ စိတ်တိုင်းကျသာကူးယူကြပါတော့..
အားလုံးပျော်ရွင်ကျေနပ်နိုင်ကြပါစေခင်ဗျာ... ။
ဒီမှာ download ပါ
ရာဇသတ်ကြီးအဘိဓါန်
ရာဇသတ်ကြီးအဘိဓါန်
ရေးသူ- ဦးကျော်ဇေယျ
ပြစ်မှုဆိုင်ရာဥပဒေ( ရာဇသတ်ကြီး)
ဆိုတာကို ဥပဒေလေ့လာသူများနှင့်
အလုပ်သင်များအတွက် ဥပမာများနှင့်တကွ အသေးစိတ်ရှင်းလင်းပြထားပါတယ်။ ရာဇသတ်ကြီး ( Penal Code) ကို
ဘတ်ကြည့်မယ်ဆိုရင် သဘောမပေါက်နိုင်တာများကြုံရတတ်ပါတယ်။ ဒါကို အခုလို အဘိဓါန်
တစ်ခုအနေနဲ့ ပုဒ်မတစ်ခုချင်းစီရဲ့
အင်္ဂါရပ်များ။ စီရင်ထုံးအညွန်းများကိုပါလေ့လာ
နိုင်တာမို့ များစွာအထောက်အကူရစေမှာပါ။
ဒီမှာ download ပါ
တစ်ပတ်အတွင်းလူကြည့်အများဆုံး