ပြုံးပါ ဘယ်တော့မှအရုံးမပေးပါနဲ့  လောကမှာ မင်းတို့ ထက်ဆိုးတဲ့ သူတွေရှိပါသေးတယ်

ကြယ်စင်က ပြောတယ် "လမင်း နင်အရမ်းမျက်နှာများတာပဲ"
လမင်း အတော်ကြာသည့်အထိ ပြန်မပြောနိုင်ခဲ့ ဘူး
သူရဲ့ လည်ချောင်းမှာတစ်ဆို့ နေပြီး အာခေါင်ထဲမှာခြောက်သွေ့ နေတယ်.။
လမင်း တုန်တုန်ရီရီနဲ့  ပြောရှာတယ် "တကယ်တော့ကြယ်စင်ရယ်...... ငါရဲ့ မပြည့်ဝမူတွေကို နင်မသိသေးလို့ ပါ ကွယ်တခါ၊ သာတလှည့်နဲ့  ပြည့်တစ်ခါ ဆန်းတစ်ကြိမ် ဆုတ်ခဲ့ ရတဲ့ နေရက်တွေဟာ ဆက်တိုက်ပါပဲ"
ကြယ်စင်ကပြန်ပြောတယ် "နင်ရဲ့ ပုံရိပ်ကိုဖမ်းကြည့်ကတည်းက နင်ဘ၀အခြေအနေကို ငါ့သိပါတယ် ဒါပေမဲ့  နင်နဲ့ အတူမျှဝေခံစားဖို့ ဘာလို့  ငါ့ကိုခွင့်မပေးနိုင်ရတာလဲ "
လမင်းတိုးတိုးလေးပြောတယ်"နင်နဲ့ ထပ်တူပျော်ချင်ပါတယ်ဟာ ဒါပေမဲ့  လောကကြီးကို ငါပစ်ပယ်မထားနိုင်ဘူး ငါကိုလိုအပ်သူတွေဆနကိုပြည့်ဆည်းရင်ငါဘ၀ကို နိဂုံးချူပ်ရမယ်ဆိုလဲ ကျေနပ်ပါတယ်ဟာ...."

လမင်း ကြယ်စင်အနားက ညင်ညင်သာသာထွက်သွားသည်။ လမ်းတလျှောက်ရင်ထဲရေရွတ်မိသည်
"လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ လုပ်ရမဲ့ အလုပ်ကတာဝန်ပဲလေ ငါ့ကို အလိုရှိသည်ဖြစ်စေ အလိုမရှိသည်ဖြစ်စေ ထပ်တူစိတ်ထားပြီး ဖြည့်ဆည်းပေးရမှာ ငါ့တာဝန်ပဲလေ"

တိပ်မည်းညိုမှောင်း၏ အကာအကွယ်ကိုယူရင် လမင်း ညည်းသည် "အထီးကျန်လိုက်တာနော်"

ခဏအကြာ ပြာလွင်သောကောင်းကင်ယံထက်မှာ ရောင်ဝါထွန်းလင်းစွာနဲ့  လမင်း အစွမ်းကုန်ထွန်းပနေပြီးလေ .....။

လရောင်အောက်မှာ ကော်ဖီတစ်ခွက်နှင့်လေညင်းကြားက လူတစ်ယောက်အသံကို ပြတ်သားစွာကြားလိုက်ရ၏ ။
"သြော်....လောကမှာ ငါလိုလူတွေ ရှိနေသေးပါလား" ဟူ၏ ။ ။

မောင်လမင်းအောင်

တစ်ပတ်အတွင်းလူကြည့်အများဆုံး