ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးပေါ့.. ပုံတွေရဲ့  ခေါင်းစဉ်က “Studium Digitale: Chancen and Risken” တဲ့..
ပထမပုံကတော့ E-learning တဲ့.. ကွန်ပြူတာက lecture တွေကို copy ကူးဖို့ ကြိုးစားနေတဲ့ ကျောင်းသူ တစ်ယောက်..
အခုခေတ်က ကျောင်းသားတွေက စာမေးပွဲခန်းထဲမှာ မမေ့အောင် စာအတိုအစတွေ မမှတ်တော့ဘူး.. website address ပဲ မှတ်သွားကြတော့တယ်.. ဒီလိုမျိုးလေ..
အခုခေတ်ကျောင်းသားတွေရဲ့  ဦးနှောက်ထဲမှာ ဘာတွေ ရှိတယ်ဆိုတာ သိကြလားဟင်.. Google က ဦးနှောက်ထဲမှာ နေရာတ၀က်ယူထားတယ်လေ..
နောင်တချိန်မှာပေါ့နော်.. ကွန်ပြူတာပျက်လို့ စိတ်ညစ်မနေပါနဲ့တဲ့.. ကွန်ပြူတာအစား ဘောပင်ကို သုံးပါတဲ့.. ဘယ်လိုသုံးရမလဲဆိုတဲ့ အညွှန်းကိုတော့ ပုံမှာ ပြထားပါတယ်..