စာရေးမယ်လို့ စဉ်းစားတော့ ဘာရေးရမှန်း မသိဘူး..တခုခုတော့ ရေးခဲ့မှဆိုပြီး....
ကျွန်တော်တွေးမိတဲ့အကြောင်းပဲရေးမယ် ..ဟိုနေ့က သူငယ်ချင်းတစ်ယောက်ဆုံးသွားလို့ ဒီပိုစ်ကို ရေးမိလိုက်တာပါ...ကျွန်တော်က သူ့ကို အသက်ပြန်ရှင်စေချင်တာလေ.. အဲတာကြောင့်
သူငယ်ချင်းတို့ကို တစ်ခုလောက်မေးပါရစေ လူတွေသေကြတာဘာလို့လဲ ဒီမေးခွန်းကိုဖြေဘို့ အဖြေကတော့ ရှိနေပြီးသားပါ..ဟုတ်ပါတယ် ကျွန်တော်လဲ ဒီမေးခွန်းရဲ့ အဖြေတစ်ခုတော့ သိထားပါတယ်.......လူတွေက သေမျိုးတွေ မွေးလာရင်တော့ တစ်နေ့တော့ သေရမှာပေါ့ အခုခေတ်မှာဆို ရောဂါတွေကလဲ ပေါများသား......ကျွန်တော်ဖက်ဖူးတဲ့ ဗုဒ္ဒ၀င်ထဲက မသေဆေးကိုရှာခိုင်းတဲ့အကြောင်းလေးကို တင်ပြလိုက်ပါတယ်...........
သာဝတ္ထိမြို့တော်တွင် ဂေါတမီအမည်ရှိ သူဆင်းရဲသမီးတယောက်ရှိ၏။ သူ၏ သေးသွယ်သော
ကိုယ်ကာယကို စွဲ၍ ကိသာဂေါတမီဟူ၍ ခေါ်ကြသည်။ အရွယ်ရောက်သော်
သူဋ္ဌေးသားတယောက်နှင့် ထိမ်းမြားပြီး သားကလေး တယောက် ဖွားမြင်၏။ ထို့နောက်
ချမ်းသာစွာနေကြ၏။ ထိုသားကလေး မတ်တတ်ပြေးနိုင်သောအရွယ်တွင်
သူငယ်နာရောဂါဖြင့် ရုတ်တရက် သေဆုံးသွားသည်။
ထိုအခါ ကိသာဂေါတမီသည်
သေလုမတတ် ပူပန်သောကရောက်ရသည်။ ကလေးအလောင်းကို သုသာန်သို့ သယ်ယူခွင့်မပြု။
သားသေကို ရင်မှာပိုက်ကာ မြို့တွင်း အိမ်ပေါက်စေ့လိုက်၍ အသက်ပြန်ရှင်အောင်
ကုသပေးပါ-ဟုလိုက်တောင်းပန်သည်။ လူအများက ရူးသွားလေပြီ-ဟု ပြောကြ၏။
ပညာရှိတယောက်က မြတ်ဗုဒ္ဓထံသွားလျှင် ဆေးရနိုင်ပါလိမ့်မည်-ဟု ညွှန်လိုက်သည်။
မြတ်ဗုဒ္ဓက ဆေးဖော်စပ်ပေးမည်။ လူမသေဖူးသောအိမ်မှ မုန်ညင်းစေ့တဆုပ်
တောင်းယူခဲ့-ဟု မိန့်တော်မူရာ ကိသာဂေါတမီသည် သာဝတ္ထိမြို့တော် တခုလုံး
လိုက်ရှာရာ လူမသေဖူးသောအိမ် ရှာ၍မတွေ့လေ။ ဤတွင် သေခြင်းဟူသည် လူတိုင်းနှင့်
မကင်းပါကလား-ဟု သဘောပေါက်ကာ ကလေးအလောင်းကို စွန့်ပစ်ခဲ့ပြီး ဘုရားရှင်ထံ
ပြန်လာခဲ့သည်။ ဘုရားရှင်က တရားဟောရာ ဒေသနာတော်အဆုံး၌ သောတာပန်ဖြစ်လေသည်။
ထို့နောက် ရဟန်းပြုပြီး ဆီမီးတောက်ကို ကြည့်ရှုရင်း ကုန်ခန်းပျက်စီးသွားသော
သဘောကို နှလုံးသွင်းနေရာ ဘုရားရှင်က ရောင်ခြည်တော်လွှတ်ပြီး တရားပြသဖြင့်
ရဟန္တာဖြစ်သွားလေသည်။
တစ်ပတ်အတွင်းလူကြည့်အများဆုံး
-
(၁) အစိမ်းရောင်အမွေအနှစ် http://www.mediafire.com/ ?x45g9hjsg54j2hh (၂) ပိုချစ်ရတဲ့သူကိုယ်ပဲဖြစ်ပါ စေ http://www.mediafire.com/ ?1hh0af...
-
မဟော်ပြဇာတ်မှ လူသဘာဝအဖွဲ့ များကိုလေ့လာတင်ပြပါ ======================= မဟော်ပြဇာတ်သည် စာဆိုဦးကြင်ဥ၏ ထင်ရှားသောပြဇာတ်တစ်ပုဒ်ဖြစ်သည်။ ကုန်...
-
ကျွန်တော်မနှစ်က ဘောဒါတစ်ခုမှာ သွားနေသဗျ။ ကျွန်တော်နေတဲ့  အခန်းနှင့်ကပ်လျက်တစ်ခန်းနေသူက ကျွန်တော်အိမ်မပြန်ခင်မှာ လာပြီးရင်ဖွင့်သဗျ။ သူက ကွ...
-
(၁)သိုင်းပြောင်းပြန် ပြောင်းပြန်မောင်လေး (ပွင့်လန်း-သတ္တုတွင်း) (ပ+ဒု စဆုံးပေါင်းချုပ်) http://www.mediafire.com/ download/8zr9uq8w77ed444/ ...
-
(၁)ပန်းချီရေးရာနှင့်ပုံဆွဲ အခြေခံများ http://www.mediafire.com/ ?bg8me25k8p2b229 or https://docs.google.com/ file/d/ 0B5MWMa_nIbQOVDR3b...
-
၁။၊ ပေါ်နွေလလျှင်၊ တောင်ကချိမ့်မြူး၊ မင်းလွင်ဦးနှင့်၊ ပျံ့ဖြူးချုန့်ဆိုင်း၊ မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်၊ ပြက်လျှပ်ပြကာ၊ စိမ်းဝါမိုဃ်း...
-
(၁) မြနန်းနွယ် http://www.mediafire.com/ ?8h18881urm6ad2k or https://docs.google.com/ fileview?id=0Bwl_hA7bJaAeZT I0Y2RiZjctMmYxOS00Mj...