ဆရာ/မ များသည်ပါတီနိုင်ငံရေးနှင့်ကင်းရှင်းသင့်ပါသည်

အခုဆိုရင်အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍အမျိုးမျိုးပြောဆိုဆွေးနွေးနေကြပါသည်။ ကျွန်တော်အနေနှင့် ဆန္ဒပြကျောင်းသားများတောင်းဆိုသည့် ဆရာ/မ များသည် နှစ်သက်ရာပါတီသို့ ဝင်ရောက်ခွင့်ရှိသည်ဆိုသည့်အချက်ကို ဝေဖန်အကြုံပြုလိုပါသည်။
၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်း ၂၆(က)တွင် နိုင်ငံဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဟု ပါရှိပါသည်။ ဥပဒေတစ်ခုကို ရေးဆွဲရာတွင် အခြေခံဥပဒေကို အမှီပြု၍ရေးဆွဲကြရပါသည်။ ဆန္ဒပြကျောင်းသားအချို့ ၏ တောင်းဆိုချက်သည် ဖွဲစည်းပုံအခြေခံဥပဒေနှင့် ဆန့် ကျင်သဖြင့် ပယ်ဖျက်သင့်ပါသည်။
လွန်ခဲ့ သည့်တစ်နှစ်ခန့် က ကျွန်တော်သည် ပြင်ပစာသင်ကျောင်းတစ်ခုတွင် အဆောင်နေကျောင်းသားအဖြစ်တတ်ရောက်ခဲ့ ပါသည်။ ကျွန်တော်အနှစ်သက်ဆုံး ဘာသာရပ်တစ်ခုမှာ မြန်မာစာဖြစ်ပါသည်။ အဆိုပါကျောင်း၌ မြန်မာစာသင်သော ဆရာမှာ နိုင်ငံရေးပါတီတစ်ခု၏ မုံရွာမြို့ နယ်တွင် ဥက္ကဌဖြစ်သည်ဟုသိရသည်။ အစပထမတွင် ထိုဆရာနှင့် စာသင်ရသည်မှာ ရယ်စရာမောစရာများနှင့် ပျော်ဖို့ အမှန်ပင်ကောင်းသည်။ စာသင်ရင်း ပြင်ပဗဟုသုတများကိုလဲ မျှဝေပေးပါသည်။ သို့ သော် မျှဝေပေးသော အသိများသည် မှားယွင်းသောအကြောင်းအရာများနှင့် သူတို့ ပါတီသို့ ပါဝင်ရေးကိအလေးပေးဟောပြောလေ့ရှိသည်။ တပ်မတော်အရာရှိများကို ပုတ်ခက်ပြောဆိုလေ့ရှိပြီး၊ သူတို့ ပါတီ၏ ခေါင်းဆောင်ကြီးကို အလေးပေးလေ့ရှိသည်။
ကျွန်တော် အနေနှင့် ထိုဆရာနှင့်စာသင်ရသည်မှာ အယူအဆမတူသဖြင့် အင့်မတန်မှ စိတ်ကသိကတောက်နိုင်လှသည်။
ပါတီနိုင်ငံရေးနှင့်ပတ်သက်မှားယွင်းသောအချက်များကို ပြောပြချင်ပါသည်။ အဆိုပါကျောင်းမှ မြန်မာဆရာက ပြောပါသည် ၂၀၀၇ လောက်ကပါတဲ့  တပ်မတော်အရာရှိတစ်ဦးက သူတို့ ပါတီ၏ခွပ်ဒေါင်း တံဆိတ်ကို ဖယောင်းနှင့်ပြုလုပ်၊ တပ်မတော်ခေါင်ဆောင်တွေရဲ့  ခြင်္သေတံဆိတ်ကို ရွှံနဲ့  ပြုလုပ်ပြီး နေကြပ်ကြပ်တောက်ပူနေသည့် အချိန်တွင် မီးထွန်းပြီး ယတြာချေပါသည်လို့ ဆိုပါသည်။ ထိုအချိန်တွင်ရုတ်တစ်ရက် မိုးရွာချလာပြီး ရွံနဲ့ လုပ်ထားတဲ့ ခြင်္သေကအရေပျော်ပြီး သူတို့  ခွပ်ဒေါင်းဖယောင်းသားက မှာလာပါတယ်တဲ့  ။ ဒါကြောင့်သူတို့ ပါတီဟာ အင်မတန်မှကောင်းမွန်ကြောင်း အဲဒီပါတီကို ကျောင်းသားတွေပါဝင်သင့်ပါကြောင်း အဓိပ္ပါယ်သက်ရောက်သည့်စကားများနှင့် ပြောဆိုစည်းရုံးပါသည်။
ဒီနေရာမှာ ကျွန်တော်သိထားသည်က အဆိုပါ ပါတီသည် စတင်ပေါ်ပေါက်သည်မှာ ခမောက်သုံးလုံးတံဆိတ်ဖြစ်ပြီး ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲဝင်မှ ခွပ်ဒေါင်းပုံစံမျိုးနှင့် တရားဝင် ဝင်ရောက်ခဲ့ ခြင်းဖြစ်ပါသည်။
တဖန် သူတို့ ပါတီ၏ ဥက္ကဌကြီးကို ဝန်ကြီးချူပ်မဖြစ်စေလိုသောကြောင့် အင်္ဂါသား ဗိုလ်ချူပ်ကြီးစိုးဝင်း ကို ဝန်ကြီးချူပ်ခန့် အပ်ခဲ့ ကြောင်း၊ ဗိုလ်ချူပ်စိုးဝင်းသည် ကိုယ်နှင့်မထိုက်တန်သည့်နေရာကို ယူခဲ့ မိလို့  သွေးကင်ဆာနှင့် အသေဆိုးနှင့်သေရကြောင်း မြန်မာစာ ဆရာကပြောခဲ့ ပါသည်။ တပ်မတော်သားတွေဟာ မကောင်းကြောင်း အာဏာရူးများဖြစ်ကြောင်း အမြဲပြောပါသည်။ နောက်တစ်ခုအနေနှင့် သူတို့  ပါတီဥက္ကဌကြီး နိုင်ငံအာဏာမရရှိအောင် တစ်နိုင်ငံလုံးအနှံ့ ကြက်ဆူပင်တွေစိုက်စေခဲ့ ပြီး ယတြာချေခဲ့ ကြောင်းပြောပါသည်။
တကယ်တော့ မြန်မာစာ ဆရာပြောသည့်အကြောင်းအရာသည် နေပြည်တော်ကြပ်ပြေးအရူတ်တော်ပုံ ဆောင်းပါးများမှ ဖော်ပြချက်သာဖြစ်ပါသည်။ ဒါပေမဲ့  စဉ်စားသုံးသပ်မူမရှိပဲ တစ်ဖက်သတ်အမြင်နှင့် ပြောနေသည့်အတွက် ကြားနားသူတပည့်အနေနှင့် အသိလမ်းကြောင်းလွဲသွားနိုင်ပါသည်။
ဒါဟာကျွန်တော်ကြုံတွေခဲ့ ရသည့် နိုင်ငံရေးအစွန်းရောက်နေသည့် ဆရာဖြစ်ပါသည်။ ထိုဆရာသည်နိုင်ငံဝန်ထမ်းမဟုတ်သည့်အတွက် ပါတီနိုင်ငံရေးစီမံလုပ်ဆောင်နေသည်ကို ကျွန်တော်မပြောလိုပါ။
သို့ သော် နိုင်ငံတော်၏ အထောက်အပံ့ကို ရယူသော ကျောင်းများသည် နိုင်ငံတော်က ခန့် အပ်သော ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူ ဆရာ/မ နိုင်ငံဝန်ထမ်းများသာဖြစ်သင့်ပါသည်။
ဆရာ/မ များသည် ပါတီနိုင်ငံရေးတွင် ပါဝင်ခဲ့ ပါက ငါ့ပါတီ ၊ သူပါတီ နှင့် သူတစ်လူ ငါ့တစ်မင်း အချင်းချင်း အချင်းများကြမည့်မှာ မလိုလားအပ်သော ပြဿနာများသာဖြစ်ပါသည်။ ဒါကြောင့် ဆရာ/မ များ ပါတီနိုင်ငံရေး ကင်းရှင်းသင့်ပါသည်။

မောင်လမင်းအောင်

တစ်ပတ်အတွင်းလူကြည့်အများဆုံး