ဆိုက်ကားသမားလဲ သဌေးဖြစ်နိုင်ပါတယ်

ကျွန်တော် ဒီကောင်တွေကို (Fb မှာဖွနေတဲ့ သူတွေ) ပုဇွန်ဆိတ်ဦးနှောက်လို့ ပြောရင် လွန်မယ်မထင်ဘူး။ ဒါပေမဲ့  အဲဒီထဲမှာ စာသင်ပေးကြတဲ့  ဆရာတွေ ဆရာမတွေပါ ပါနေတာကိုးတော့ စိတ်မကောင်းဆုံးဘဲ။ ဘာလို့ လဲဆိုတော့ သူတို့ ရဲ့  အယူအဆအမှားကြီးကို ကလေးတွေကိုဖြန့် ဝေကြဦးမှာမို့ လို့ ပဲ။ စာဖတ်ပါ စာဖတ်ပါဆိုပြီး ပြောတာကလည်း သူတို့  ၊ ကိုယ်အတ္တတစ်ခုအတွက်နဲ့  လမ်းမှားပို့ တာကလဲ သူတို့  ဆိုသလိုဖြစ်နေပြန်ပြီး။ "ကြွက်သေတစ်ခု အရင်းပြု" ဆိုတဲ့  စကားပုံရှိပါတယ်။ ကြွက်သေတစ်ခုအရင်းပြုပြီး ချမ်းသာသွားတဲ့  သာဓကလည်း အားလုံးအသိပဲဖြစ်ပါတယ်။ စကားလုံးပဲ လွဲတာလေ ဘာကွာလို့ တုံး။
အဓိက က ချမ်းသာချင်တဲ့  စိတ်ရှိဖို့ ပဲ။ ချမ်းသာချင်တဲ့  စိတ်မရှိဘဲနှင့်တော့ ဘယ်လိုမှ မချမ်းသာနိုင်ဘူး။ ဟုတ်ပြီး ချမ်းသာချင်တဲ့  စိတ်ရှိပြီး ဒါဆိုရင် သူ ချမ်းသာမဲ့  နည်းလမ်းတွေကို စဉ်စားတော့မယ်။ ဒါဆိုရင် သူတစ်နေ့  ချမ်းသာသွားလိမ့်မယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ ချမ်းသာမဲ့  နည်းလမ်းမတွေ့ မချင်းသူက ရှာဖွေသွားမှာမို့ လိုပါပဲ။

အခုဖွနေတဲ့  ပုဇွန်ဆိတ်ဦးနှောက်ကောင်တွေက သူတို့ နိုင်ငံရေး ခံယူချက်တစ်ခုကြောင့် ဖွတယ်ပေါ့ဗျာ။ ဒါပေမဲ့  သူတို့ မစဉ်းစားမိတာလား မသိချင်ယောင်များ ဆောင်တာလား။ အခုဟာက အဲဒီ လူတန်းစားတစ်ရပ်ကို စော်ကားသလို၊ နှိပ်ချသလို၊ ခွဲခြားဆက်ဆံသလို ဖြစ်နေတယ်။
စဉ်းစားအားထုတ်မူမရှိဘဲ ဆိုက္ကားချည်းသပ်သပ်နင်းရမယ်လို့ ကျွန်တော်မဆိုလိုဘူးနော်။
ဒါနဲ့ ကျွန်တော် ပုံတစ်ခုကြားဖူးတယ်။ အားလုံးလဲသိပြီးသားဖြစ်မှာပါ။ ခေါင်းစဉ်လွယ်လွယ်ပေးရရင် တံငါးသည် နှစ်ဦ်းပေါ့။ တစ်ခါက တံငါးသည်တစ်ဦးက ချောင်းထဲမှာ ငါးမြှားနေတယ်။ တစ်နေ့ ကို သုံးကောင်လေးကောင်ရသည်ပေါ့။ တစ်ရက်ငါးမြှားနေတုံး လူတစ်ယောက်က ရောက်လာပြီးတော့ သူ့ ကို ငါးမြှားနည်းသင်ပေးပါလို့ ပြောတယ်။ ဒါနဲ့ သင်ပေးလိုက်တယ်။ ဒုတိယတံငါးသည်က ရတဲ့  ငါးတွေကိုစုပြီး ပိုက်ကွန်တစ်ခုဝယ်တယ်။ ပထမတံငါးသည် တစ်နေ့ လုံး သုံးကောင်လေးကောင်ရနေတဲ့ အချိန် သူက ပိုက်ကွန်တစ်ခါပြစ် သုံးကောင်လေးကောင်အသာလေးရတယ်။ ဒုတိယတံငါးသည်ကပဲ တဖြည်းဖြည်း လှေလေးဝယ် ပင်လယ်ထဲ ငါးဖမ်းထွက်။ နောက် ငါးဖမ်းလှေကြီးတွေဝယ်ပြီး လုပ်ငန်းတွေတိုးချဲ့ နေတယ်။ နောက်ချမ်းသာသွားတယ်။ပထမတံငါးသည်ကတော့ ဒုံးရင်း is ဒုံးရင်းပါပဲ။
အဲဒါကြောင့် ချမ်းသာချင်ရင် ချမ်းသာချင်တဲ့  စိတ်အရင်မွေးဖို့ လိုအပ်တယ်လို့ ပြောချင်တယ်။
ဆိုက္ကားလေးနင်းမယ်။ အားတဲ့ အချိန် စာလေးဖတ်မယ်။ သဌေးဖြစ်မဲ့  နည်းလမ်းတွေကိုစဉ်စားမယ်။ ရလာတဲ့  ပိုက်ဆံလေးတွေစုမယ်။ စိတ်ချယုံကြည်ရတဲ့ သူကို အတိုးအပွားလေးတွေပေးမယ်။ ဒါအပြင် ငွေကိုခိုင်းစားတတ်တဲ့ သူကို ကိုယ်စုထားတဲ့ ပိုက်ဆံတွေကို အပ်မယ်။ နည်းလမိးတွေအများကြီး အများကြီးစဉ်းစားမယ်။ အချိန်ကာလတစ်ခုကြာပြီးတဲ့ နောက်မှာ သူချမ်းသာလာလိမ့်မယ်။
OK ဆိုက္ကားသမားတွေ ဖိုက်တင်းး။ ခိုးစားတာလဲ မဟုတ်၊ ဝှက်စားတာလဲ မဟုတ်၊ လုစားတာလဲ မဟုတ်။ သမ္မာအာဇီဝနဲ့  သတ္တိနဲ့  ဇွဲနဲ့  ကိုယ်ရဲ့  အသက်မွေးဝမ်းကြောင်းမူဟာ ခင်ဗျာတို့ ကို ပြက်ရယ်ပြုနေတဲ့  ပုဇွန်ဆိတ်ဦးခေါင်းနဲ့ ကောင်တွေထက် မြင့်မြတ်တယ်ဆိုတာ စိတ်မှာ မှတ်ထားပါ။ ပြီးတော့ ကြိုးစားပြလိုက်စမ်းပါ။

မောင်လမင်း

တစ်ပတ်အတွင်းလူကြည့်အများဆုံး