ဒုတိယမင်းခေါင်လက်ထက် သုနန္ဒသူရကို ဆုံးရှုံးအောင်စီရင်မည်ပြုရာတွင် ရှင်မဟာရဋ္ဌသာရ ရေးသွင်းသော မေတ္တာစာ
အသင်္ခါရိက၊ ဉာဏသမ္ပယောဂေါ၊
ထက်ပြောပီတိ၊ စုတိပဋိသန္ဓေ၊ တက်လည်ထွေမြင့်၊ ယဉ်တွေမပြတ်၊ ချားရဟတ်သို့၊
ဥပါဒ်ဌီဘင်၊ ဘဝသန္တာန်၊ ချုပ်ပြန်ကာကာ၊ တဒါရမ္မဏ၊ ဝုဋ္ဌောစသား၊ နရသတ္တိ၊
ဇောဝီထိဖြင့်၊ နှံ့သိစွမ်းနိုင်၊ ဂုဏ်နံ့လှိုင်သည်၊ ဆွတ်ပြိုင်နှိုင်းရှဲ၊
စောရန်ဖဲသည်၊ အံ့အဲစကုန်၊ ချီးမွမ်းဟုန်ဖြင့်၊ ဂဠုန်မင်းအား၊ နဂါးတခု၊
ဒိဃာယုဖြင့်၊ သေလုဘနန်း၊ ကြောက်လှလွန်း၍၊ ယင်းသည့်နေ့၌၊ ရသေ့ ဝတ်စား၊
လျှော်တေကြားဝယ်၊ မတ္တမြားအသွင်၊ ပုန်းသည်မြင်သော်၊ စားချင်တုံလျက်၊
ဂဠုန်ငှက်လျှင်၊ ရိုညွတ်ကျင်၍၊ ပြင်ပြင်ဘေးမဲ့၊ လွှတ်သကဲ့သို့၊ ငါတို့တကာ၊
သဒ္ဓာကြည်ဖြူ၊ လွှတ်တော်မူမှ၊ ဤသူငါ့တွင်၊ ပြင်ဝင်လာခို၊ မယိုမယိမ်း၊
ကြောင့်ကြငြိမ်းလျက်၊ ခပ်သိမ်းပြစ်ဆာ၊ ငါ့မှာနှီးနွယ်၊ ငါ့ဝယ်နှီးကပ်၊
ငါနှင့်စပ်၍၊ မလပ်ငါ့တွင်၊ ခိုဝင်ပြေးလှာ၊ သနားစွာ၍၊ မေတ္တာစာခွေ၊
ဆိုက်သောထွေကို၊ ရေမြေ့သခင်၊ စောနတ်ရှင်သည်၊ ၊ အလျင်မျက်တော်ပြေစေသော။
မြန်မာစာညွန့်ပေါင်းကျမ်း ပထမတွဲမှ ကူးယူသည်။