၁၀တန်းကဗျာ ကျက်ရလွယ်အောင်

၁။ ရွှေနှင့်ယိုးမှား၊ အချင်းငယ်၊ အမည်မသိ၊ ရေးခဲ့တယ်၊ ပုဂံခေတ်မှာကွယ်။
၂။ မြင်းစိုင်းရွှေပြည်၊ ကာချင်းသစ်၊ ပင်းယခေတ်မှာ၊ စပ်ဆိုဖြစ်၊ ငါးစီးကျော့်စွာ၊ ရင်တွင်းဖြစ်။
၃။ ဝိဇ္ဇာသိပ္ပလူ့ ကိစ္စ၊ ပျို့ ဟုခေါ်သဗျ၊ ရေးသူရှင်မဟာရဋ္ဌသ၊ အင်းဝခေတ်မှာ၊ ကျော်သဗျ၊ ကိုးခန်းပျို့ ထဲက။
၎။ နွေဦးကာလ၊ မြူတွေထ၊ တျာသံလေးနဲ့ ၊ ဆိုတယ်ကွ၊ ဝန်ကြီးပဒေသာ၊ ရေးတာဟ၊ ညောင်းရမ်းခေတ်မှာကွ။
၅။ စစ်မှာတစ်မူ၊ အိုင်းချင်းကဗျာ၊ ရှင်ငြိမ်းမယ်က၊ တေးသီတာ၊ ညောင်းရမ်းခေတ်မှာကွာ။
၆။ ဘုန်းနှင့်ကံနှင့်၊ ပန်းသဇင်၊ ရရာကန်လို့ ရွှင်၊ ဦးတိုးကြီးကရေးစပ်တော့၊ ကုန်ဘောင်ခေတ်မှာလန်းပြီးပေါ့။
၇။ တပေါင်းညှာကျင်၊ အဲချင်းလေ၊ ကုန်ဘောင်ခေတ်မှာ၊ ရော်ရွက်ကြွေ၊ ဦးယာကြီးက၊ ရေးခဲ့ သလေ။
၈။ တောင်သူကြီးက၊ ဒုံးချင်းစီး၊ သူတော်ဦးမင်း၊ စပ်ဆိုပြီး၊ ကုန်ဘောင်ခေတ်မှာ၊ နာမည်ကြီး။
၉။ ဆောင်းရတုပွဲ၊ လေးချိုးစစ်၊ အချူပ်တန်းဆရာဖေ၊ စပ်ဆိုဖြစ်၊ ကုန်းဘောင်ခေတ်မှာ၊ ဂစ် ဂစ် ဂစ်။
၁၀။ လေးမောင့်စံကျောင်း၊ တေးထပ်သာ၊ စလေပုည၊ ရေးစပ်တာ၊ ကုန်ဘောင်ခေတ်မှာပါ။
၁၁။ အကျွန်တို့ လယ်၊ ကောက်စိုက်တုံး၊ ဟန်ချင်းသီးစပ်ကုံး၊ ကုန်းဘောင်ခေတ်က၊ ဘယ်သူတုံး။
၁၂။ သင်သေသွားသော်၊ လင်္ကာဟာ၊ ကိုလိုနီခေတ်ကစာ၊ မခံချင်စိတ်၊ ရင်မှာပွား၊ ဆရာဇော်ဂျီ၊ စပ်ဆိုထား။
၁၃။ သူရဲကောင်းသုံးယောက်နှင့်၊ ခရီးသည်၊ ငွေတာရီရေးခဲ့ တယ်၊ လွတ်လပ်ပေမယ့်၊ မပေါ့ငြား၊ အစဉ်ကြိုးစားထား။
၁၄။ အနုပညာသည်၊ အားမာန်တေး၊
လွတ်လပ်ထီလာ၊ စစ်သူရေး။

ဦးလမင်း


တစ်ပတ်အတွင်းလူကြည့်အများဆုံး