အနိုင်မယူရက်ပါ မိန်းကလေးရယ်

မိန်းကလေးရယ်
မင်းနဲ့ တွေခဲ့ 
ကြုံ့ ခဲ့ ရတဲ့ 
ခဏတာမှာ
ရင်မှာဖိုလှိုက်
မောဟိုက်ရတာ
အခါခါ။
မင်းရဲဘဝ
လှပစေဖို့ 
မင်းဘ၀ဖြောင့်ဖြူး
ကြည်နူးစေဖို့ 
မင်းဘ၀လမ်း
ဖြောင့်တန်းစေဖို့ 
ရည်ရွယ်ကတိ
ပေးခဲ့ မိတယ်
မိန်းကလေးရယ်...။
မင်းက.........
ရင်မှမေတ္တာ
သစ္စာဆိုမယ်
"...."တစ်ယောက်ကိုသာ
ချစ်ပါသည်တဲ့ 
သေချာပြောကွယ်
မိန်းကလေးရယ်
မုသားမေတ္တာ
သစ္စာမတည်
လှည့်ဖျားမာယာ
အချစ်ရှာသည်လို့ 
မင်းရဲ့ .....
လိမ်လည်လှည့်ဖျား
ချစ်အားမတည်
ရယ်ရွယ်ကြည်စား
နူတ်ဖျားကလိ
ကတိယူငင်
ကြည်ဖြူဟန်ပြ
ဘ၀ခရီး
ကြုံခဲ့ ပြီးတော့
အရာရာကို
မေတ္တာ ခိုင်ခိုင်
ခွင့်လွတ်နိုင်တယ်
အနိုင်မယူရက်ပါ မိန်းကလေးရယ်။။

အောင်အောင်ဦးး

တစ်ပတ်အတွင်းလူကြည့်အများဆုံး