ကျွန်တော် facebook အကောင့်ကို လွန်ခဲ့ တဲ့  ရက်အနည်းငယ်က တစ်စုံတစ်ယောက်က အသုံးမပြုနိုင်အောင် ပြုလုပ်ခဲ့ ပါတယ်
အချိန် ၃ နာရီးခန့် ကြာအောင်ပြုလုပ်ပြီးမှ ပြန်ရခဲ့ ပါတယ် ။။
ကျွန်တော် facebook ကို Share တစ်ခုအနေနဲ့ သာအသုံးပြုပါသည်။
ကျွန်တော် blog လိပ်စာမှာ http://mglaminaung.blogspot.com/ ဖြစ်တယ်
facebook မှာ http://www.facebook.com/mglaminaung နဲ့  facebook page မှာ http://www.facebook.com/maunglaminaung ဖြစ်ပါတယ်
လမင်းအောင်ဆိုတဲ့  နာမည် ကို အသုံးပြုပြီး ကျွန်တော်ရဲ့  မိတ်ဆွေတွေကို နားလည်မူလွဲမှားအောင် မည်သူတွေက လုပ်ဆောင်နေသည်တော့ မသိပါ၊
ကျွန်တော်နဲ့  ရန်ညို ၊ ရန်စ ရှိခဲ့ ရင်လဲ တိုက်ရိုက်ဖြေရှင်းပေးပါ။။
မနေ့ က 28.01.2013 9း15 မီးနစ်အချိန်မှာ ကျွန်တော် ဆီကို စင်ကာပူမှာနေသူဆိုသူ က အင်တာနက်မှတစ်ဆင့် ဖုန်းခေါ်လာပါတယ် သူနာမည်က ကိုဖြိုးလိုပြောပြီး ကျွန်တော်မသိသော နားမလည်သော စကားလုံးများနှင့် ခြိမ်းခြောက်သလို တောင်းဆိုသလိုပြုလုပ်ခဲ့ တယ်
ဒါအပြင် 09420269792 ကလည် အလားတူ ပြောဆိုခဲ့ သည့်အတွက် လမင်းအောင်အတုများ ရှိနေသလားလို့  ကျွန်တော် သံသယ၀င်ခဲ့ ပါတယ်
ထိုသူတွေရဲ့  ပြောဆိုချက်အရ ကျွန်တော်က ကောင်မလေးတစ်ယောက်ကို နှောက်ယှက်နေတယ် ဘယ်သူလဲလို့  မေးတော့ သူတို့ က ပြန်မပြောဘူး
မင်းကလမင်းအောင်လား ....မင်းဖုန်းနံပတ်လဲသိတယ်....မင်းနာမည်လဲသိတယ် မင်းငြင်းနိုင်သေးလား
ကျွန်တော်မသိသော ကျွန်တော် မမြင်ဖူးသော မိန်းကလေးတစ်ယောက်ကို နှောက်ယှက်တယ်ဆိုသည်မှာ ဘယ်လို ဖြစ်နိုင်မှာလဲဗျာ စဉ်းစဉ်စားစားပြောကြစေချင်တယ်...သိတောင်မသိတာ နှောက်ယှက်ဖို့ ဆိုတာဝေးရော့ပေါ့...။
ကျွန်တော်ကို သိတယ် ကျွန်တော် နာမည် ကို သိတယ် ကျွန်တော် ဖုန်းနံပက်ကို သိတယ်ဆိုတာဟာ မထူးဆန်းပါဘူး
ဘာဖြစ်လို့ ဆိုတော့ ကျွန်တော် website မှာဖော်ပြထားတဲ့ အတွက်ပါ
သေချာတာတစ်ခုက ကျွန်တော်နာမည် ကို အသုံးပြုပြီး လူတစ်စုက အဓိပ္ပါယ်ရှိရှိ လုပ်ကြံနေသည်မှာ အသေအချာဖြစ်သည်။။
ကျွန်တော် ၏ မိတ်ဆွေများကို အသိပေးချင်တာက စဉ်းစားချင့်ချိန်ပြီးမှ လက်သင့်ခံပါလို့ 
မောင်လမင်းအောင်