“ စစ်သားတို့ အကြောင်း ”
သူ့အ၀တ်သည်
စုတ်ပြတ်ပေတေ ၊ နွမ်းရိနေ၏ .....
သူ့ဖိနပ်သည်
စုတ်ပြတ်သားရေ ၊ ကွာလန်နေပြီး
ရွှံ့ပေလူးလူး ၊ သံငုတ်စူး၏ ......
သူ့အိပ်ရာသည်
နေရာမရွေး ၊ အိပ်စက်မှေးရ
ချုံဘေးမြက်ခင်း ၊ ကတုတ်ကျင်းနှင့်
ယာခင်းစောင့်တဲ ၊ ကျောင်းဝင်းထဲနှင့်
စစ်ပွဲမြေပြင် ၊ ကြုံရာတွင်တည့် .....
သူ့အစာသည်
ကြုံရာဟင်းဖြစ် ၊ လည်ချောင်းတစ်ဖွယ်
ဆီနှစ်မဲ့ကင်း ၊ ကျက်လွယ်ဟင်းနှင့်
ထမင်းဖြူဆုပ် ၊ ရေလုံပြုတ်နှင့်
ဆန်ပြုတ်ရံဖန် ၊ နပ်မမှန်တည့် .....
သူ့ရုပ်ရည်မှာ
ဆံဖွာကျဝဲ ၊ နီသွေ့မွဲနှင့်
ညစ်မည်းစေးထန်း ၊ အသားကြမ်းနှင့်
ယမ်းလောင်နက်ကြုတ် ၊ ပတ်တီးစုတ်နှင့်
မုတ်ဆိတ်ကျင်စွယ် ၊ တောအုပ်ငယ်တည့် ....
သူ့ဘ၀သည်
ငွေစနည်းပါး ၊ သားမယားနှင့်
ဝတ်စားလောက်ရုံ ၊ အရေးကြုံက
သိုက်မြုံနှင့်ခွာ ၊ ရက်လကြာ၏ ......
သူ့အလုပ်မူ
ပြည်သူအေးချမ်း ၊ ဘေးမသန်းအောင်
ရှေ့တန်းစစ်မြေ ၊ ရန်ရှာဖွေလျက်
ကျေကျေညက်ညက် ၊ မုန်းချေဖျက်၏ .....
သူ့စိတ်ဓာတ်ကား
မြင့်မားမြတ်မွန် ၊ မိုးဘုံစံ၏
ခံစားကိုယ်ကျိုး ၊ စိုးစဉ်းမရှိ
ဖြစ်ပါဘိလည်း ၊ များ၏ကျိုးတွက်
အသက်ဘေးနီး ၊ စစ်ခရီးဝယ်
မညည်းမညူ ၊ ပြွမ်းထုတ်ဘေးရန်
ဆင်းရဲခံလျက် ၊ တာဝန်
စွန့်ဝံ့ပါသည် .....
အမည်မသိ
တစ်ပတ်အတွင်းလူကြည့်အများဆုံး
-
(၁) အစိမ်းရောင်အမွေအနှစ် http://www.mediafire.com/ ?x45g9hjsg54j2hh (၂) ပိုချစ်ရတဲ့သူကိုယ်ပဲဖြစ်ပါ စေ http://www.mediafire.com/ ?1hh0af...
-
(၁)သိုင်းပြောင်းပြန် ပြောင်းပြန်မောင်လေး (ပွင့်လန်း-သတ္တုတွင်း) (ပ+ဒု စဆုံးပေါင်းချုပ်) http://www.mediafire.com/ download/8zr9uq8w77ed444/ ...
-
ကျွန်တော်မနှစ်က ဘောဒါတစ်ခုမှာ သွားနေသဗျ။ ကျွန်တော်နေတဲ့  အခန်းနှင့်ကပ်လျက်တစ်ခန်းနေသူက ကျွန်တော်အိမ်မပြန်ခင်မှာ လာပြီးရင်ဖွင့်သဗျ။ သူက ကွ...
-
(၁)သားကောင်မုဆိုး မဟုတ်လေပြီ (ကိုပိုက်) http://www.mediafire.com/ ?cxjin6n2sabqms0 (၂)အားကိုးရာ ကျည်နှစ်တောင့် (ကိုပိုက်) http://www.m...
-
မဟော်ပြဇာတ်မှ လူသဘာဝအဖွဲ့ များကိုလေ့လာတင်ပြပါ ======================= မဟော်ပြဇာတ်သည် စာဆိုဦးကြင်ဥ၏ ထင်ရှားသောပြဇာတ်တစ်ပုဒ်ဖြစ်သည်။ ကုန်...
-
(၁) ကိုယ့်နတ်သမီးလေး http://www.mediafire.com/ ?tg0nf4fdzc29z5j or https://docs.google.com/ viewer?a=v&pid=explorer&chr ome=tr...
-
(၁)ပန်းချီရေးရာနှင့်ပုံဆွဲ အခြေခံများ http://www.mediafire.com/ ?bg8me25k8p2b229 or https://docs.google.com/ file/d/ 0B5MWMa_nIbQOVDR3b...