Showing posts with label ကျွန်တော်ကြိုက်တဲ့ ကဗျာ. Show all posts
Showing posts with label ကျွန်တော်ကြိုက်တဲ့ ကဗျာ. Show all posts

လမင်းချစ်သူ

လမင်းချစ်သူ
လမင်းမျက်နှာ
ချစ်သူမျက်ဝန်း
မျှော်ကာငေးမော
စကားတွေပြောရင်း
အထီးကျန်စွာ
လွမ်းမျက်ရည်လည် 



လျှောက်ကြည့်လျှောက်ဖတ်ရင် ကြိုက်လာခဲ့ တယ်

သူ့မှာတမ်း ~ *ရေးသူ-မင်းသုဝဏ်*

သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည့်
ဗုံးငုတ် တိုက်မှား၊ မောင်ပျောက်ကျားကို
ရွာသား ရွာသူ၊ မေးကြ မြူသည်
အူအူ ယမ်းငွေ့၊ ထတုန်းတည်း ။

“အမောင် ပြောက်ကျား၊ ချစ်သူအားကို
ဘာများ မှာခဲ့ လိုသနည်း။”

“ငယ်က ကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွတ်ခဲ့ကြောင်း ပြောပါလေ။”

“အမောင် ပြောက်ကျား၊ မိဘအားကို
ဘာများ မှာခဲ့ လိုသနည်း”

“မွေးသည့် မိခင်၊ မွေးဖခင်ကို
ဦးတင် ခဲ့ကြောင်း ပြောပါလေ ”

“အမောင် ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများ မှာခဲ့ လိုသနည်း။”

”ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ် ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ။”

ယမ်းငွေ့ အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း ၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေပြီ တကား။ ။

-မင်းသုဝဏ်

တို့တိုင်းပြည်

ထလော့မြန်မာ၊ အိုမြန်မာတို့၊
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊
စေတီစပါး၊ များလည်းများ၏၊
များပါလေလဲ၊ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ၊ ကာလကြာလျှင်၊
ယာစကာမျိုး၊ တညှိုးညှိုးနှင့်၊
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား၊
လှည့်လည်သွားလျက်၊
မစားလေရ၊ ဝမ်းမဝ၍၊
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့၊
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်၊
သီးနှံချိုပျား၊ များလည်းများ၏၊
များပါလေလဲ၊ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ၊ ကာလကြာလျှင်၊
မြင်သာမြင်ရ၊ မစားရ၍၊
တောကပြိတ္တာဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျှော့လုံ့လ၊
သူကစ၍၊ ငါကအားလုံး၊
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်၊
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့၊
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ၊
ဤယာစပါး၊ ဘယ်သူ့စပါးလဲ၊
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း၊
ဉာဏ်ရှေ့ပန်း၍၊
တစ်ဝမ်းတစ်စိတ် ညီစေသတည်း။ ။

ဇော်ဂျီ

ထိပ်ဆုံးသို့

တစ်တောင်ပေါ် တစ်တောင်ဆင့်၊
တောင်အမြင့် ပတ်ခြံရံ။

တစ်တောင်ဆုံး ပြန်တော့၊
တစ်လုံးပြန်ကျန် ပြန်ပေသမို့၊
အဖန်ဖန်လေ အားအင်နှိုးလို့ရယ်၊
ကြိုးလျှောက်ရပြန်။

တခါတလေ တကယ်ပန်းတာကြောင့်၊
တော်ပါပြီ ဆက်မလှမ်းချင်ဘု၊
ရပ်တန်းက ရပ်မယ်ကြံ၊
အမှန်တော့ ဖြစ်နိုင်မလား။

စခဲ့မိဟာပေါ့၊
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်၊
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့၊
စိတ်နွမ်းအသာဖြေဦး၊
မာလာငွေ ကန်ရေအေးရယ်နှင့်၊
ငှက်တေးကို အာရုံဆင်လို့၊
မူတသွင် အားအင်သစ်လိုက်ပါ့၊
ချစ်ဖွယ့်လူသား . . .။ ။

“ စစ်သားတို့ အကြောင်း ”

“ စစ်သားတို့ အကြောင်း ”


သူ့အ၀တ်သည်

စုတ်ပြတ်ပေတေ ၊ နွမ်းရိနေ၏ .....



သူ့ဖိနပ်သည်

စုတ်ပြတ်သားရေ ၊ ကွာလန်နေပြီး

ရွှံ့ပေလူးလူး ၊ သံငုတ်စူး၏ ......



သူ့အိပ်ရာသည်

နေရာမရွေး ၊ အိပ်စက်မှေးရ

ချုံဘေးမြက်ခင်း ၊ ကတုတ်ကျင်းနှင့်

ယာခင်းစောင့်တဲ ၊ ကျောင်းဝင်းထဲနှင့်

စစ်ပွဲမြေပြင် ၊ ကြုံရာတွင်တည့် .....



သူ့အစာသည်

ကြုံရာဟင်းဖြစ် ၊ လည်ချောင်းတစ်ဖွယ်

ဆီနှစ်မဲ့ကင်း ၊ ကျက်လွယ်ဟင်းနှင့်

ထမင်းဖြူဆုပ် ၊ ရေလုံပြုတ်နှင့်

ဆန်ပြုတ်ရံဖန် ၊ နပ်မမှန်တည့် .....



သူ့ရုပ်ရည်မှာ

ဆံဖွာကျဝဲ ၊ နီသွေ့မွဲနှင့်

ညစ်မည်းစေးထန်း ၊ အသားကြမ်းနှင့်

ယမ်းလောင်နက်ကြုတ် ၊ ပတ်တီးစုတ်နှင့်

မုတ်ဆိတ်ကျင်စွယ် ၊ တောအုပ်ငယ်တည့် ....



သူ့ဘ၀သည်

ငွေစနည်းပါး ၊ သားမယားနှင့်

ဝတ်စားလောက်ရုံ ၊ အရေးကြုံက

သိုက်မြုံနှင့်ခွာ ၊ ရက်လကြာ၏ ......



သူ့အလုပ်မူ

ပြည်သူအေးချမ်း ၊ ဘေးမသန်းအောင်

ရှေ့တန်းစစ်မြေ ၊ ရန်ရှာဖွေလျက်

ကျေကျေညက်ညက် ၊ မုန်းချေဖျက်၏ .....



သူ့စိတ်ဓာတ်ကား

မြင့်မားမြတ်မွန် ၊ မိုးဘုံစံ၏

ခံစားကိုယ်ကျိုး ၊ စိုးစဉ်းမရှိ

ဖြစ်ပါဘိလည်း ၊ များ၏ကျိုးတွက်

အသက်ဘေးနီး ၊ စစ်ခရီးဝယ်

မညည်းမညူ ၊ ပြွမ်းထုတ်ဘေးရန်

ဆင်းရဲခံလျက် ၊ တာဝန်

စွန့်ဝံ့ပါသည် .....

အမည်မသိ


မောင်လမင်းအောင်

ရှေးဦးသဝေ၊ မလဲရေးချာ၊ ငလျင်သတ်နှင်း၊ လရေးပီမူ၊ မလည်ကူရ်ျ၊ င ကိုတဖန်၊ တံခွန်ထူပြီး၊ ၀တ်ရည်နှစ်မြွှာ၊ ရှေ့ ကဖြာသည်၊ မဝေးသဝေ၊ အ,လဲပါရ်ျ၊ ရလဲရေးချာ၊ င,သည်ထောင်းလွှာ၊ မာန်ဝင့်ကြွားသည် မောင်လမင်းအောင် ဖြစ်သတည်း။ ။

ဖြစ်ရပ်တစ်ခု


သားကလေးတွေကို ရင်ခွင်ပိုက်လို့  နို့ ချိုတိုက်ကျွေးနေတဲ့  မိခင်တွေမြင်တော့
ကျွန်တော်ရဲ့  မွေးမိခင်ကိုလည်းသတိယမိပြန်တယ်
မေမေက သူမရဲ့ မြေဆီလွှာ မကောင်းတဲ့ နှလုံးသားမြေမှာ
ဂရုဏာဆိုတဲ့  မြေသြဇာနိုင်နိုင်ထည့်လို့ 
ကျွန်တော့်ဘ၀ကို မျိုးစေ့ချခဲ့ တယ်။
အပင်လေးရှင်သန်အောင် ရေမလောင်နိုင်တဲ့  မေမေက
တစ်ပါးသူရဲ့ မြေရွှေ့ စိုက်လို့ ပေါ့
မှတ်မီသေးတယ် အဲဒီအချိန်က
မေမေရဲ့  ရင်ပြင်ကလျှံတက်လာတဲ့ 
သောက အပူငွေ့ တွေက
ဝမ်းနည်းမှုတိမ်တိုက်တွေအဖြစ်
မေမေရဲ့  မျက်ဝန်းမှာစုဖွဲ့ လို့ ပေါ့
မေမေက အဲ့ ဒီမျက်ရည်မိုးတွေကို
ကျွန်တော်ရှေ့ မှာ ရွာမချဘဲ
တခြားဘက်မှာ အရည်ပျော်ကျနေတယ်ဆိုတာ
ကျွန်တော်သိပါတယ် မေမေ
မေမေက မှောင်နေတဲ့  ကျွန်တော်ဘ၀လေးကို
အလင်းရောင်တွေနဲ့ ရှင်သန်စေချင်သူ
ဒါပေမယ့်...အလင်းရောင်တွေပေတဲ့ 
ဖယောင်းတိုင်းလေးမေမေက
ဒုက္ခအပူတွေနဲ့ ရင်ဆိုင်ရလို့ အရည်ပျော်နေပြီ
မေမေက ကျွန်တော်ဘ၀လေးကို
အမြင့်မှာ ရောက်စေချင်သူ
ဒါပေမယ့်....ကျွန်တော်အမြင့်ကို
တက်နေတဲ့ 
လှေကားက
မေမေ့ဘ၀လေး ဖြစ်နေပြီ
တကယ်တော့ မေမေနဲ့ ကျွန်တော့်ဘ၀က
ရစ်ဘီးနဲ့ စါန်လို့ ပေါ့
အမြင့်ကိုတက်လေလေ ဝေလေလေ
ဝေးလေလေ မေမေရဲ့ သံယောဇဉ်ကြိုးလေးက
ရှည်လေလေပါပဲ
မေမေရယ်
မေမေချွေတာထားတဲ့  ငွေအသပြာတွေကို
စေတနာတွေနဲ့ ပို့ တဲ့ အချိန်မှာ
မေမေ့ချွေးနံ့ လေးနဲ့ 
မေမေ့ရင်ထဲက စကားတွေကို
အကြင်နာတွေနဲ့ 
စာသ၀ဏ်လွှာတွေ ပို့ နေချိန်မှာ
ကျွန်တော်က မေမေ့အတွက်
ကဗျာတွေသာ ရေးနိုင်ခဲ့ တယ်။
ဒါပေမယ့်...
ကျွန်တော်ရေးတဲ့ ကဗျာတွေ
မေမေ့ကို မပြရဲတော့ဘူး
အသည်းမာတယ်ဆိုတဲ့ မေမေက
ဒီကဗျာလေးတွေဖက်ရင်ငို့ နေကျမို့ 
သြော်...........
မငိုပါနဲ့  မေမေရယ်
ပန်းကလေးတစ်ပွင့်ရေလောင်းခွင့်မ
ရပေမယ့်
ဒီမွှေးပျံ့ တဲ့ ပန်းကလေးက
မေမေမျိုးစေ့ချခဲ့ တယ်ဆိုတာ
ဂုဏ်ယူလိုက်စမ်းပါ မေမေရယ်။

ဗိုလ်လောင်းကျော်စိုးဝင်း

တစ်ပတ်အတွင်းလူကြည့်အများဆုံး