ယောက်ျားမှာမရှိပဲမိန်းမတွင်သာဖြစ်သောအချက်(၅)ချက်

ဒီမေးခွန်လေးကို  laminchitthu@im.partych.at မှာမေးကြတယ်
ကျွန်တော်လဲဖြေတယ်ဗျာ၊ အဲမှာပြဿနာတတ်ပါရော
ပါတီဆိုတော့မိန်းကလေးတွေကရောရှိတယ်လေ မောင်လမင်းမိန်းမကျမ်းကျေလားဘာညာနဲ့ 
စွပ်စွဲပါလေရော..ဒီလိုမေးခွန်းမျိုးပုံစံတူမေးသူတွေများနေလေတော့ ဘုရားဟောတဲ့ အတိုင်းဖြေပေးလိုက်တယ် ကျေနပ်တယ်ဟုတ်၊
....................................
......................................

၁။မိန်းမသည်စည်းစိမ်ချမ်းသာရှိသူဖြစ်သော်လည်း။လင်၏အိမ်သို့ လိုက်ရ၏

၂။မိန်းမသည် အရွယ်သင့်ခါဥတုလာရ၏ ။

၃။မိန်းမသည် သားသူငယ်ကိုလွယ်ပိုက်ရ၏ ။

၎။မိန်းမသည် သားဖွားရ၏ ။

၅။မိန်းမသည် လင်ယောက်ျားကိုရိုသေမြတ်လေးပြုစုရခြင်းသို့ ကပ်ရောက်ရ၏ ။

အဲဒီအကြောင်းတွေက ယောက်ျားတွေမှာမရှိဘဲ၊မဖြစ်ဘဲ မိန်းမမှာသာဖြစ်ကြောင်းဘုရားဟောခဲ့ ပါတယ်ဗျာ။။

မာဃဒေ၀လကာင်္သစ်ကြီးတွင်လည်း

"ကာလရွယ်သင့်၊ချိန်မလင့်ဘဲ၊ပန်းပွင့်ယုတ်မာ၊
စင်္ကြမင်းသမီး၊ဖြစ်တပြီးလည်၊တောင်ကြီးဖ၀ါးအောက်၊
လင်နောက်လိုက်ရ၊ခ,ယလုပ်ကျွေးထွေရ်ျ၊သူသွေးသားဆောင်တွေစွဲကပ်
မီးယပ်သားဖွား၊က်ျငါးပါးသည်၊ယောက်ျားတစ်ရံမဆက်ဆံပဲ
မိန်းမမှာသာဖြစ်တတ်စွာရှင့်"(မာဃဒေ၀၊ပိုဒ်ရေး၃၁၄)

အလွတ်ရေးတာဖြစ်သည့်အတွက် မူရင်ကဗျာနဲ့ တိုက်ဖတ်နော်!! ဗဟုသုတလည်တိုးတာပေါ့၊
အကျိုးရှိပါတယ်

မောင်လမင်းအောင်

တစ်ပတ်အတွင်းလူကြည့်အများဆုံး