ဒါကြောင့်ဒီလိုရှိပါတယ်...

မနေ့ ကpost နဲ့ ပတ်သက်ပြီးနာမလည်ဘူးတဲ့  ကျွန်တော်သိချင်တာကတွေးခေါ်စဉ်းစားပုံပါလို့ ပြန်ပြောရင်
ဒီpost ကိုဆက်ရေးလိုက်ရပါတယ်
မာန်လည်ဆရာတော်ဘုရားကြီးရဲ့ ကဗျာတိုလေးနဲ့ ဆက်စပ်စဉ်းစားပုံပါ
"ပြစ်မရှိ ပြစ်ရှာ
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ် 
ထွန်းလျက်ပင်သာ။"


မေးခွန်းလေးက
စာရေးသူရဲ့ နာမည်(ကျွန်တော်)၊ မွေးနေ့ ၊ မွေးရက်၊ မွေးလ၊ မွေးနှစ်၊ မွေးသက္ကရာဇ်ဖြစ်ပါတယ်။
အဖြေကတော့
နာမည်-လမင်းအောင်၊ မွေးနေ့ ဗုဒဟူးနေ့၊ မွေးရက်-10ရက်၊ မွေးလJanuary၊ မွေးနှစ် 1996၊
မြန်မာသက္ကရဇ် ၁၃၅၇၊ ပြာသိုလပြည့်ကျော် ၆ရက် ဗုဒဟူးနေ့ ဖြစ်ပါတယ်

သိချင်တာက
ကဗျာတိုလေးအပေါ်မှာအဖြေရရှိအောင် စဉ်းစားပုံစဉ်းစားနည်းပါ။နည်းအမျိုးမျိုးရှိပါတယ်၊
ကိုယ်ဥာဏ်ရှိသလောက် ကွန့် ပြီးကြိုက်သလောက်တွေးတတ်ဖို့ ပါပဲ။ 
ယုတ္တိရှိဖို့ တော့လိုတာပေါ့ဗျာ 
အဖြေကိုဘာလို့ ဖော်ပြထားသလဲဆိုတော့တွေးရတာလမ်းလွဲမှာစိုးလို့ ပါ။
အဖြေနဲ့ တကွတွေးခိုင်းထားတဲ့ အတွက် ကဗျာလေးကိုဖတ်လိုက်၊ ကိုယ်တွေးထင်စဉ်းစားထားတာနဲ့ တိုက်လိုက်စသည်ဖြစ်ပေါ့ဗျာ..ညီသွားပြီးဆိုရင်တော့ 
ပြုံးရယ်မိပြီး၊ပျော်ရွှင်မူကိုပေးနိုင်မှာပါ။
ကဗျာပါအကြောင်းအရာတွေကိုဆက်စပ်တွေးလို့ ရအောင်မေးထားပြီးသားပါ။
ဒီမေးခွန်းကိုဖြေဆိုသူအများစုက နာမည်၊မွေးရက်၊မွေးလ၊ အထိသာသိကြပါတယ်။
မွေးနေ့ ၊မွေးနှစ်၊မွေးသက္ကရဇ် ဆိုတာကဗျာထဲမှာမပါဘူးလို့ အကြောင်းပြကြတယ်၊
ဒီထက်နည်းနည်းလေးထက်ပြီးတော့စဉ်းစားရုံပါပဲ၊တကယ်တော့ ဆက်စပ်တွေးတတ်ဖို့ ပဲလိုတာပါ။
မွေးနေ့ အဖြေထွက်လာပုံကဒီလိုပါ
ကျွန်တော်တို့ ကမ္ဘာလောကကြီးမှာ နေ့ (၇)နေ့ ရှိပါတယ်။ တနင်္ဂနွေ၊တင်္နလာ၊အင်္ဂါ၊ဗုဒဟူး၊ ကြာသပတေး
သောကြာစနေ ဖြစ်တယ်ပေါ့ဗျာ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာမွေးနေ့ ကိုတန်းဖိုးထားတဲ့ အနေနဲ့ 
 ကိုယ်ရဲ့ နာမည်ကိုမွေးနံပါဂြိလ်ကိုရှေ့ မှာထားပြီးမှည့်လေ့ရှိပါတယ်။ ဒါကြောင့် လမင်းအောင်ဆိုတာ
ဗုဒဟူးနေ့ ကလွဲ လို့ အခြားဟုတ်ရိုးလား....
မွေးနှစ်ကတော့ဒီလိုပါ
မွေးလ၊မွေးရက်ကိုသိရင် မွေးနှစ်ကိုသိဖို့ မခက်ပါဘူး။ ၁၀ရက်၊ ၁လကို သိထားတဲ့ အတွက်အဲဒီရက်ဆုံတဲ့ နှစ်တွေကိုလိုက်ကြည့်ရပါမယ်၊ အနီးစပ်ဆုံး 1996၊ 1990၊ 1979 ဆိုပြီးတွေ့ ရမယ်။ မောင်လမင်းအောင်ဟာ ငယ်ရွယ်နုပျိုလန်းဆန်းတက်ကြွတဲ့  ဆယ်ကျော်သက်လူငယ်ဖြစ်တယ်ဆိုတာခန့် မှန်းစရာမလို့  တပ်အပ်သိနေတာပဲလေ ဒါကြောင့်
1996 ဆိုတာသေချာသပေါ့ဗျာ.....
 မွေးသက္ကရာဇ်ကတော့
စာဖတ်နေသူတွေကို မျက်စီနည်းနည်းရူတ်သွားအောင် လုပ်လိုက်တာပါ၊ အဖြေကိုမသိခင်ဘယ်လို့ လုပ်ဖြစ်နိုင်မှာလဲလို့ တွေးကောင်းတွေးနေ့ လိမ့်မယ်။
10.1.1996 ကိုနှစ်တရာပြက္ခဒိန်မှာကြည့်လိုက်ရင် မွေးသက္ကရဇ်ဆိုတာကြီးက ပြေးမလွတ်တော့ပါဘူးဗျာ။
ဒီလောက်ဆိုသဘောပေါက်လောက်ပြီးမို့  နာမည်၊ မွေးလ၊ မွေးရက် ကိုကဗျာဖတ်ရင် ယုတ္တိရှိရှိစဉ်းစားကြပါဦးဗျာ.။ 

နှစ်သက်ကျေနပ်တယ်ဆိုရင် နှစ်စဉ်နှစ်တိုင်းလက်ဆောင်လက်ခံတယ်ဆိုတဲ့ အကြောင်းအသိပေးအပ်ပါတယ်။

မောင်လမင်းအောင်


 

တစ်ပတ်အတွင်းလူကြည့်အများဆုံး