ဆင်တုံးမနွယ် ဖြင့် ဆီးချို ပျောက်တဲ့နည်း
မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ဆီးချိုဖြစ် တဲ့လူရှိခဲ့ရင် ကူညီပြီးပြောပေးကြပါ။ အင်မတန်မှ လွယ်သူတဲ့ နည်းလေးပါ။ ဇူလိုင်လ ၂၃ ရက် ၂၀၁၃ ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ အထူးကုသမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။ ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာအထူးကု ဖြစ်သ လို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။ ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။ ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ် ပိဿာ ထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။ ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။ သကြားပါသည့် အချိုများ မစားရပါ။
ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာတစ်ခါတည်း ပျောက်ခဲ့တယ် ။ဆေးရုံ ကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။ ကျွန်တော်က လက်တွေ့စမ်းကြည့်တယ်။ သမီးအငယ်ဆုံးကိုယ် တိုင်ပဲ ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ဆီးသွားရင် ပုရွက်ဆိတ် မတက်တော့ တာ တွေ့ရ တယ်။ စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ ညဦးပိုင်း တစ်ခွက်ကျ သောက် ပါ၊သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။ ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။ တူသောအကျိုး ခံစားရပါစေ။
by ဦးစန်းမောင် (မန်း) Credit to သက်ရှည်ကျန်းမာ
တစ်ပတ်အတွင်းလူကြည့်အများဆုံး
-
(၁) အစိမ်းရောင်အမွေအနှစ် http://www.mediafire.com/ ?x45g9hjsg54j2hh (၂) ပိုချစ်ရတဲ့သူကိုယ်ပဲဖြစ်ပါ စေ http://www.mediafire.com/ ?1hh0af...
-
အလှရှိရာ၊ သွားချင်ပါဟု ခါခါမြည်တမ်း၊ သို့ရော်ရမ်း၍ စိတ်ဝမ်းမသာ၊ ရှိသည်တကား။ သူ့ရွှာသူ့ပြည်၊ သာလှသည်တည့် စည်ပင်ချမ်းမြ၊ ဝပြောစွဟု ကြားရတိုင်းသ...
-
ကျွန်တော်မနှစ်က ဘောဒါတစ်ခုမှာ သွားနေသဗျ။ ကျွန်တော်နေတဲ့  အခန်းနှင့်ကပ်လျက်တစ်ခန်းနေသူက ကျွန်တော်အိမ်မပြန်ခင်မှာ လာပြီးရင်ဖွင့်သဗျ။ သူက ကွ...
-
(၁)သိုင်းပြောင်းပြန် ပြောင်းပြန်မောင်လေး (ပွင့်လန်း-သတ္တုတွင်း) (ပ+ဒု စဆုံးပေါင်းချုပ်) http://www.mediafire.com/ download/8zr9uq8w77ed444/ ...
-
(၁) ကိုယ့်နတ်သမီးလေး http://www.mediafire.com/ ?tg0nf4fdzc29z5j or https://docs.google.com/ viewer?a=v&pid=explorer&chr ome=tr...
-
(၁) မြနန်းနွယ် http://www.mediafire.com/ ?8h18881urm6ad2k or https://docs.google.com/ fileview?id=0Bwl_hA7bJaAeZT I0Y2RiZjctMmYxOS00Mj...
-
ရက်စက်ပါပေ့ကွယ် ရေးသူ- သခင်နု နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနု( သခင်နု) ရေးသားသည့် အချစ်ဝတ္ထုမဟုတ်သော အချစ် အကြောင်းစာတစ်အုပ်ပါ...