ညက MRTV မှာ လူမှန်နေရာမှန် ဇာတ်လမ်းတိုလေးကိုကြည့်ပြီး.. ကျွန်တော်တို့ ရပ်ကွက်အတွက် ဆယ်အိမ်မှူး၊ရာအိမ်မှူး၊ရပ်ကွက်လူကြီးရွေးဖို့ အတွက် ဆနမဲလိုက်ကာက်ကြရက်ကွပ်လူကြီးတဲ့ အကြောင်းကိုပြန်သတိရမိတယ်..
ဒီလိုနဲ့  အိမ်ရှေ့ ကိုလူကြီးတွေရောက်လာတဲ့ အခါ...ကျွန်တော်လည်းအိမ်ထဲကိုဝင်ပါအုံး..ဘာကီစလဲပေါ့..
သူတို့ ကပြောပါတယ် ဆယ်အိမ်မှူး၊ရပ်ကွက်အုပ်ချူပ်ရေးမှူး ရွေးဖို့ ဆနမဲလာကောက်တာပါ..အဲဒါမင်းတို့ အိမ်ကလူကြီးတစ်ယောက်က ကိုယ်ကြိုက်နှစ်သက်တဲ့ သူကို အမှန်ခြစ်ဖို့ ပါ အဲဒီအတွက်လာခဲ့ တာပါ..အများသဘောတူတဲ့ သူကိုပဲ ရွေးချယ်မှာပါ အဒီမှာ မဲအများဆုံးလူကိုပေါ့..
ကျွန်တော် သဘောကျသွားပါတယ်..မဆိုးဘူးပေါ့..လို့ ..
တစ်နေ့  ရက်ကွပ်ရုံးကိုသွားရဖို့ အကြောင်းဖန်လာပါတယ်..အသက်(၁၈)နှစ်ပြည့် မှတ်ပုံတင်လုပ်ဖို့ အတွက် ရက်ကွပ်ထောက်ခံစာယူဖို့ ဖြစ်သည်။။ နေလည်လောက် ကိုကြီးနဲ့ နှစ်ယောက်သွားတယ်..ရုံးမှာလူမရှိ..ဒါနဲ့ အိမ်ကိုလိုက်သွားတယ်..
အုပ်ချူပ်ရေးမှူးအိမ်ရောက်တော့..ဘာအတွက်လဲ..ဘာလဲ..ဘယ်ကလဲ.စတဲ့ မေးခွန်းထုတ်ပါလေရော
ပြီးတော့ ရုံးကနေစောင့်နေငါ့လာခဲ့ မယ်လို့ ပြောပြီးထွက်သွားတယ်...(အဲဒီအချိန်မှာ ကျွန်တော်စိတ်က ဒီလူကြီးမဆိုးဘူးဟလို့  အမှတ်တွေပေးနေပါသေးတယ်)
ရုံးကိုရောက်တော့ စောင့်ရတာပေါ့..ငါးမီးနစ်လောက်ကြာတော့ လူတွေဝင်လာတယ်.လက်ထဲစာအုပ်တွေပိုက်လို့  ...ကျွန်တော်အံသြရပြန်ရော..သူတို့ ဘယ်လိုများလုပ်ခဲ့ ပါလိမ့်လို့ .အရင်ကလဲဒီလူ.အခုလဲဒီလူတွေပဲ..
နောက်တစ်ခုအံသြရတာက ပြန်ခါနီးအချိန်ပေါ့..ထောက်ခံစာတွေကိုစာအုပ်ကြားထဲညှပ်လို့ ထွက်တော့
ရပ်ကွက်အုပ်ချူပ်ရေးမှူး ပြောသောစကားဖြစ်ပါသည်.."မုန့် ဖိုးပေးထားခဲ့ အုံးလေ.မင်းတို့ ဒီတိုင်းထွက်သွားတော့မှာလား'
ဒီနေရာမှာတော့ ကျွန်တော်ပြောချင်လာပြီးး
ဒါပေမဲ့  ကိုကြီးနဲ့ လာတာဆိုတော့သူကိုကျော်ပြီးပြောဖို့ ကမကောင်းဘူးလေ..သူပြောရင်ပြော..
သူမပြောရင်ငါ့ပြောမယ်ပြီးစောင့်နေလိုက်တယ်..ကျွန်တော်မျှော်လင့်ချက်ကို မဖျက်ပါဘူး..(ဒါပေမဲ အပြည့်တော့မမှန်ခဲ့ ပါဘူး ပြီးရင်ပြီးရောဆိုပြီးသဘောထားလိုက်တယ်လေ)
ကိုကြီး။ ။ လာဘ်ပေးလာဘ်ယူတွေက ရှိနေသေးတာလား
ရပ်ကွပ်အုပ်ချူပ်ရေးမှူး။ ။ ဟ..ရှိနေသေးတာမဟုတ်ဘူးလေကွာ..မင်းတို့ ထောက်ခံစာလေးရွက်တောင်ရေးပေးလိုက်ရတာ..
ငါ့ကအကြောင်းမဟုတ်ပါဘူး..ရုံးကကောင်လေးတွေကိုတော့လက်ဖက်ရည်ဖိုးတော့ပေးခဲ့ ကွာ..
ကိုကြီးက ကျွန်တော် ကို 500 တန်တစ်၇ွက်ပေးခိုင်းလိုက်ပါတယ်...(ဒီကြားမှာကိုကြီးနဲ့  စကားနိုင်လုနေခဲ့ တယ် တိုင်းလိုက်ရမလားးး ကိုကြီးပြန်ပြောတယ် တိုင်တိုင်းကောင်းတာမဟုတ်ဘူးဟူရ်ျ..)
ဒီလိုနဲ့  ကျွန်တော်..500ကျပ်တိတိကိုပေးခဲ့ လိုက်ပါတယ်..
ဆိုင်ကယ်လေးပေါ်တက်ပြီး..စက်လေနိုးနေတုံး ရပ်ကွက်အုပ်ချူပ်ရေးမှူးကြီးကအကြုံပြုလိုက်ပါသေးတယ်
'500လေးနဲ့ ကွာ..ဒီကောင်တွေ...အေးမင်းတို့  လ.၀.က ကျတော့ ဒီထက်မကတောင်းလိမ့်မယ်...'ဟူရ်ျ
ကိုကြီးကိုတောင်နောက်လိုက်သေးတယ် ...လာဘ်ပေးသူဆိုပြီးတိုင်မယ်ဆိုပြီးတော့ပေါ့
တကယ်တော့ 500 ဆိုတာမများပါ ဒါပေမဲ့  လူမှန်တစ်ယောက်ကတော့ သိကခာကျမခံဘူးလို့  နားလည်မိတယ်...
ခုထက်ထိတော့ ရပ်ကွက်ရုံးမှာ အရက်သမား၊ လောင်းကစားသမား၊.. တွေ နေရာယူထားပါတယ်
TV ထဲကလို တော့လူမှန်နေရာမှန်မဟုတ်တာတော့သေချာပါတယ်.....
မောင်လမင်းအောင်
ဘုရာကြီးရပ်ကွက်၊မုံရွာ
တစ်ပတ်အတွင်းလူကြည့်အများဆုံး
-
(၁) အစိမ်းရောင်အမွေအနှစ် http://www.mediafire.com/ ?x45g9hjsg54j2hh (၂) ပိုချစ်ရတဲ့သူကိုယ်ပဲဖြစ်ပါ စေ http://www.mediafire.com/ ?1hh0af...
-
(၁)သိုင်းပြောင်းပြန် ပြောင်းပြန်မောင်လေး (ပွင့်လန်း-သတ္တုတွင်း) (ပ+ဒု စဆုံးပေါင်းချုပ်) http://www.mediafire.com/ download/8zr9uq8w77ed444/ ...
-
အလှရှိရာ၊ သွားချင်ပါဟု ခါခါမြည်တမ်း၊ သို့ရော်ရမ်း၍ စိတ်ဝမ်းမသာ၊ ရှိသည်တကား။ သူ့ရွှာသူ့ပြည်၊ သာလှသည်တည့် စည်ပင်ချမ်းမြ၊ ဝပြောစွဟု ကြားရတိုင်းသ...
-
(၁)သားကောင်မုဆိုး မဟုတ်လေပြီ (ကိုပိုက်) http://www.mediafire.com/ ?cxjin6n2sabqms0 (၂)အားကိုးရာ ကျည်နှစ်တောင့် (ကိုပိုက်) http://www.m...
-
မနေ့ က ဟိန်းမင်းသူတင်လိုက်သော ကျွန်တော်တို့ အတူအမှတ်တရရိုက်ကူးထားသည့် ဓာတ်ပုံ တစ်ခုကိုတွေ့ မိရာ သူနှင့်အတူ သူငယ်ချင်းတစ်ယောက်ကိုလည်း ...
-
မဟော်ပြဇာတ်မှ လူသဘာဝအဖွဲ့ များကိုလေ့လာတင်ပြပါ ======================= မဟော်ပြဇာတ်သည် စာဆိုဦးကြင်ဥ၏ ထင်ရှားသောပြဇာတ်တစ်ပုဒ်ဖြစ်သည်။ ကုန်...
-
အလေးအမြတ်ပြုရမည့် အရပ် ၆-မျက်နှာ ၁။အရှေ့ မိဘ ၂။တောင်မှာ ဆရာ၊ ၃။နောက်မှာ မယား၊ ၄။မြောက်ကား မိတ်ဆွေ၊ ၅။အောက်ခြေ ကျွန်မှတ် ၆။ထက်ရပ် သံဃာ၊ မှတ်...