တစ်လအတွင်း ထိရောက်သော ဝိတ်ချနည်းလမ်း ၉ သွယ်




အမျိုးသမီးများသည် မိမိတို့ခန္ဓာရုပ်သွင်နှင့် ပတ်သက်၍ ပူပန်မှု ရှိကြသည် ဖြစ်သည်။ လှပဖို့ နှင့် ဆွဲဆောင်မှုရှိဖို့ဆိုလျှင် ပင်ပန်းသည်ဟူ၍ သဘောမထား လုပ်ဆောင်ကြသည်ချည်းလည်း ဖြစ်သည်။ အမျိုးသမီးအများစု ရှိကြသော အကြီးဆုံးဆန္ဒတစ်ခုမှာ လျှင်မြန်စွာ ဝိတ်ကျရေးဖြစ်သည်။ ဤကိစ္စမှာ လုပ်ရန်မလွယ်ဆိုသော်လည်း ဖြစ်နိုင်သည့် ကိစ္စတစ်ခုတော့ဖြစ်သည်။ သင့်အနေနှင့် လှပသော ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်လိုသည် ဆိုပါလျှင် ပထမဦးစွာ သင်၏ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲပစ်ရန် လိုအပ်သည်။ သင်၏ နေ့စဉ်ဘဝလှုပ်ရှားမှုပုံစံများကို သတိရပါ။ ဓာတ်စာများ နှင့် ကျန်းမာရေးလေ့ကျင့်ခန်းများတို့သည် သင်ဝိတ်ချလိုပါလျှင် ထည့်သွင်းစဉ်းစားရမည့်အချက်များ ဖြစ်သည်။ အဓိကအရေးကြီးဆုံးမှာ ကျန်းမာသော ဘဝနေထိုင်မှုပုံစံတစ်ခုကို တည်ဆောက်သင့်သည်ဆိုသည့်အချက်ဖြစ်သည်။ များသောအားဖြင့် ကျွန်ုပ်တို့သည် အားကစားရုံအတွင်း အချိန်များစွာ ကစား၊ ဓာတ်စာမျိုးစုံစားပြီး ခန္ဓာကိုယ်အလေးချိန် လျှော့ချဖို့ရန် စိတ်အားထက်သန်ကြသည်။ သို့သော်လည်း ထိုသို့ပြုလုပ်ခြင်းများသည်လည်း အမြဲထိရောက်မှုရှိသည်တော့ မဟုတ်ချေ။ အောက်ပါစာရင်းမှာ သင်၏ကျန်းမာရေးကို မထိခိုက်စေပဲ တစ်လအတွင်း သင်ဝိတ်ကျသွားစေရန် ရိုးရှင်းသော နည်းလမ်းအချို့ဖြစ်သည်။

၁). အသားလျှော့စားပါ

အသားသည် ကျွန်ုပ်တို့နေ့စဉ်စားသောက်နေသော ဟင်းလျာစာရင်းတွင် အခြေခံချက်ပြုတ်ဖွယ်ရာတစ်ခုအဖြစ် ပါဝင်သည်။ အသားစားခြင်းသည် ကျန်းမာရေးအတွက်ကောင်းသည်ဟု ယူဆပြီး အသားကို အမျိုးမျိုးသော ဟင်းလျာများထဲတွင် ထည့်သွင်းချက်ပြုတ်လေ့ရှိသည်။ သို့ရာတွင် သင့်အနေနှင့် ဝိတ်ချတော့မည်ဆိုခဲ့ပါလျှင် အသားပါသောအစားအစာများကို စားသုံးခြင်းကို ထိန်းချုပ်ဖို့လိုသည်။ ဤနေရာ၌ သင့်အနေဖြင့် အသားစားခြင်းကို ရပ်ပစ်ရမည်ဟု ဆိုလိုခြင်းမဟုတ်၊ သင်စားသုံးနေမှုကို လျှော့ချပြီး အသားကို ကြိမ်ဖန်များစွာ မစားဖြစ်အောင် ဆင်ခြင်ရန်သာဖြစ်သည်။ ငါးစားခြင်းသည် အသားမစားဖြစ်ရန်အတွက် အလွန်ကောင်းသော အစားထိုးမှုတစ်ရပ်ဖြစ်ပြီး ယင်းမှာ သင်၏ကျန်းမာရေးအတွက်လည်း အကျိုးရှိသည်။ ကျွန်ုပ်တို့အသားလျှော့စားသင့်သည့် အကြောင်းရင်းတစ်ရပ်မှာ အဆီဓာတ်ကို လျော့ကျစေခြင်း၊ ဟော်မုန်းများနှင့် ကျွန်ုပ်တို့ခန္ဓာကိုယ်အား ရောဂါဘယများမှ ကာကွယ်ပေးနိုင်သည့် ပဋိဇီဝများကို တိုးပွားစေခြင်းကြောင့်ဖြစ်သည်။

၂). သစ်သီးဝလံများကို စိတ်လက်ကြည်သာစွာ စားသုံးပါ

ကျွန်ုပ်တို့နေ့စဉ်စားသုံးသော အစားအစာစာရင်းတွင် သစ်သီးဝလံများကို စားသုံးခြင်းမှာ အများသိပြီးသားဖြစ်သည်။ သစ်သီးများ၌ ကျွန်ုပ်တို့ခန္ဓာကိုယ် ကောင်းစွာအလုပ်လုပ်နိုင်ရန်အတွက်လိုအပ်သော အာဟာရများ ဗီတာမင်များ မြင့်မားစွာပါရှိကြသည်။ စိတ်မကောင်းစရာက ကျွန်ုပ်တို့အများစုမှာ ကျန်းမာရေးနှင့်မညီညွတ်သော အစားအစာများကိုသာ ဦးစာပေးတတ်ကြသည်။ တစ်ခါတစ်ရံတွင် သစ်သီးဝလံများစားသုံးခြင်းသည် ပျင်းရိဖွယ်ရာ ကောင်းနေနိုင်သည်။ ကျွန်ုပ်တို့အနေဖြင့် ဘာ့ကြောင့် သစ်သီးစားသုံးခြင်းကို ပျော်ရွှင်စရာအဖြစ်မြင်ပြီး စိတ်လက်ပျော်ပျော်ရွှင်ရွှင်ဖြင့် မစားသုံးနိုင်ရမှာလဲ? သစ်သီးများကို အမျိုးမျိုးပြုလုပ်၍ စားသုံးနိုင်သော စိတ်ဝင်စားဖွယ်နည်းလမ်းများစွာ ရှိပါသည်။ ဥပမာအားဖြင့် သင့်အနေဖြင့် နို့သစ်သီးဖျော်ရည်၊ သစ်သီးအသုတ်တို့ ပြုလုပ်စားသုံးနိုင်သည်။ သင့်အနေနှင့် သစ်သီးခြောက်၏ အရသာကို မြည်းစမ်းကြည့်နိုင်သည်။

၃). အရက်မသောက်ပါနှင့်

အရက်သည် သင်၏ကျန်းမာရေးအတွက် အဆုံးဝါးဆုံးသော အရာတစ်ခုဖြစ်သည်ကတော့ သေချာလှသည်။ ပထမဆုံးအနေနှင့်က အရက်၌ ကယ်လိုရီမြင့်မားစွာ ပါဝင်ပြီး ခန္ဓာကိုယ်မှ ၎င်းကယ်လိုရီကို လောင်ကျွမ်းဖို့ဆိုလျှင် နဂိုပုံမှန်အနေအထားထက် အချိန်ပိုယူရသည်။ တစ်နည်းဆိုရလျှင် အယ်လ်ကိုဟော၌ သင့်ကို ထိခိုက်စေနိုင်သော အီသနော နှင့် အဆီဓာတ်အပြည့် ပါဝင်သည်။ ယနေ့အချိန်ခါ၌ "dryathlon" (အရက်ရှောင်ပြီး ကင်ဆာသုတေသနအတွက် ငွေကြေးလှုဒါန်းရန် တိုက်တွန်းခြင်း) ဖြင့် ငွေကြေးအလှုငွေများ ရှာဖွေခြင်းမှာ အလွန်တရာခေတ်စားနေသည်။ ထိုသို့ပြုခြင်းသည် သင်၏ ကျန်းမာရေးကို အထောက်အကူဖြစ်သလို ကောင်းမှုပြုခြင်းလည်း မည်သည်။ သင်လိုအပ်နေသော တစ်ခုတည်းသောအရာမှာ သင့်စားသုံးနေသောအစားအစာစာရင်းမှ အရက်အား ဖယ်ထုတ်ရန်ပင် ဖြစ်ပေသည်။

၎). ပုံမှန်ထက်ပို၍ အိပ်စက်ပါ

ဝိတ်လျှော့ချခြင်းနှင့်ပတ်သက်လျှင် အိပ်စက်ခြင်းသည် တကယ်ပင် အရေးပါသည်။ ထုံးစံအားဖြင့် အနည်းငယ်သာ အိပ်စက်သောသူများသည် အစာစားချင်စိတ်ပိုမိုဖြစ်တတ်ကြပြီး ပိုမို၍ စားတတ်ကြသည်။ မိမိသည်လည်း အိပ်ရေးပျက်၊ အိပ်မရဖြစ်ခဲ့ပါလျှင် မိမိအကြိုက်နှစ်သက်ဆုံးသော အစားအစာများ မစားပဲမနေနိုင်အောင် ချဉ်ခြင်းတပ်မိသည်။ ဤသို့ဖြင့် အမြဲလိုလို ဝိတ်တက်ကာ စိတ်ရှုပ်ထွေးခြင်း ဖြစ်ရတတ်သည်။ ထိုသို့မဖြစ်စေရန်မှာ အိပ်ယာစောစောဝင်ခြင်းပင် ဖြစ်တော့သည်။ မအိပ်ပဲ ညဘက်အချိန်ဖြုန်းမနေပါနှင့်။ ခါတိုင်းထက် ပိုမို၍ အိပ်စက်လိုက်ပါ။

၅). ကိုယ်တိုင် ချက်ပြုတ်ပါ

သင်စားရမည့် အစားအစာကို သင်ကိုယ်တိုင်ချက်ပြုတ်ခြင်းသည် သင့်အတွက်အကောင်းဆုံးဟု မိမိယူဆသည်။ မိန်းကလေးငယ်အတော်များများမှာ ချက်ပြုတ်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံများစွာ မရှိသဖြင့် ချက်ပြုတ်ခြင်းသည် ပြသနာတစ်ရပ် ဖြစ်နေနိုင်သည်။ အိမ်၌ စားစရာတစ်ခုခု ချက်ပြုတ်ထားသည်မရှိလျှင် အလွယ်သင့်စား၍ရသော အစားအစာများကို အလွန်အကျွံ စားမိတတ်သည်။ ယင်းအချက်ကြောင့် ဝိတ်တက်လာတတ်သည်။ သင့်အနေနှင့် မိမိအစားအစာကို မိမိကိုယ်တိုင်ချက်ပြုတ်တတ်သော အကျင့်တစ်ခု ပျိုးထောင်ကြည့်ပါ။ မိမိချက်သော အစားအစာသည် အရသာရှိ၍ ကျန်းမာရေးနှင့်လည်း ညီညွတ်ကြောင်း တွေ့ရှိလာပါလိမ့်မည်။ အာရှဟင်းလျာများသည် သင့်အတွက် အလွန်နှစ်လိုဖွယ်ကောင်းနေပေလိမ့်မည်။ သင်သာ အာရှဟင်းလျာများကို တစ်ကြိမ်မျှစမ်းချက်ပြုတ်စားသောက်ဖူးသည်နှင့် ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ (junk food) ကို လှည့်ပင်ကြည့်ချင်စိတ် ရှိတော့မည် မဟုတ်ပါချေ။

၆). သကြားမသုံးပါနှင့်

သကြားအသုံးပြုခြင်းသည် သင့်ခန္ဓာကိုယ်အား မကောင်းသည့်အကျိုးကိုဖြစ်စေသောကြောင့် သင့်အနေနှင့် သကြားသုံးခြင်းကို တတ်နိုင်သမျှ အနည်းဆုံးအထိလျှော့ချနိုင်လျှင် အလွန်ကောင်းလှပါသည်။ ထို့ပြင် သကြားသုံးခြင်းသည် သင့်ခန္ဓာကိုယ် ဝိတ်တက်စေသည့် အကြောင်းတစ်ရပ်လည်း ဖြစ်သည်။ သင့်အနေနှင့် သကြားမသုံးပဲ မနေနိုင်ဆိုလျှင်တော့ သကြားမသုံးပါနှင့်ဟူသော စကားကို သင်မလိုက်နာနိုင် ဖြစ်ပေမည်။ ဤသို့ဆိုလျှင်တော့ သကြားကို လျှော့စားသုံးပါ။ သင့်တစ်နေ့အတွက် သကြားသည် လက်ဖက်ရည် သို့မဟုတ် ကော်ဖီထဲ ထည့်ဖျော်သော ပမာဏ၊ ချော့ကလက်တစ်ချောင်းစားလိုက်လျှင်ရသော ပမာဏဖြင့်ပင် လုံလောက်နေပါပြီ။ အခြားသော အချိုစာများကို မစားပါနှင့်။ အကယ်၍ သင်သည် အချိုစာများကို့ မြင်လျှင် မစားမနေနိုင် ဖြစ်တတ်သည်ဆိုပါက ၎င်းအစာများနှင့် မမြင်မထိမိအောင် ဂရုပြုဆင်ခြင်ပါ။

၇). ချင့်ချိန်စားသောက်ပါ

သင်၏ အစားအသောက်အစီအစဉ်ထဲတွင် အမျိုးမျိုးသော အစားအစာများကို ထည့်သွင်းဖို့ရန် လိုအပ်လှပေသည်။ တစ်နေ့လျှင် တူညီသော အစားအစာတစ်မျိုးကို တစ်ကြိမ်ထင်ပို၍ မစားပါနှင့်။ သင့်ဟင်းလျာများထဲ ပါဝက်နေသော အာဟာရများကို ချင့်တွက်ပါ။ ဥပမာအားဖြင့် သင့်မနက်စာသည် ကာဘိုဟိုက်ဒရိတ်များ ကဲနေသည် ဆိုလျှင် နေ့ခင်းစာ၌ သင့်ခန္ဓာကိုယ်အား ပရိုတိန်းများများဖြင့် ဖြည့်တင်းရမည်။ မုန့်ပဲသားရေစာများ စားသုံးလျှင်လည်း အလားတူ ဂရုစိုက်ရပေမည်။ သင့်ခန္ဓာကိုယ် သွယ်လျကျော့ရှင်းဖို့ဆိုလျှင် သင့်ခန္ဓာကိုယ်မှ တောင်းဆိုချက်ကို နားထောင်ရမည်၊ သင့်ခန္ဓာကိုယ်မှ အမှန်တကယ် ဘာလိုအပ်နေသည်ကို သဘောပေါက်နားလည်ရမည်။ ကယ်လိုရီများ အလွန်အကျွံ မဖြစ်ပါစေနှင့်။ အစားဝါးလျှင် ဖြေးဖြေးချင်းဝါးဖို့ရန် အကြံပေးလိုသည်။ ဤသို့ဝါးခြင်းဖြင့် သင်မဆာလောင်တော့သော အချိန်ကို သဘောပေါက်နားလည်သွားစေသည်။

၈). ဆိုင်မှ ပါဆယ်ဝယ်မစားပါနှင့်

ခင်ဗျား ဆိုင်မှ မကြာခဏ ပါဆယ်ဝယ်ပြီး စားတတ်ပါသလား? ဤအကျင့်ရှိသည်ဆိုလျှင်တော့ နောက်မလုပ်ပါတော့နှင့်။ အချို့သူများက "ငါတို့က တစ်ပတ်မှ တစ်ခါပဲ စားတာပါ" ဆိုပြီး ပေါ့ပေါ့တွေးတတ်ကြသည်။ သို့သော် ထိုတစ်ရက်စာဟင်းများကပင် သင့်အား မည်မျှကယ်လိုရီရျစမည်ကို သင်တွေးတောင် တွေးမိမည်မဟုတ်။ အခြားသော ဝိတ်ချနည်း နည်းလမ်းကောင်းမှာ လုံးလုံးဆိုင်စာ မစားခြင်းပင် ဖြစ်ပေသည်။ သင်အိမ်၌ သင်ကိုယ်တိုင် ညစာချက်ပြုတ်စားသောက်ခြင်းက မည်သည့်ဆိုးကျိုးမျှ ဖြစ်စေမည်မဟုတ်။ စားသောက်ဆိုင်သွားပြီး ဆိုင်စာစားလေတိုင်း သင်အဖို့ ဝိတ်တက်ဖို့အခွင့်အလမ်းများလေလေ ဆိုသည်ကို စိတ်ထဲမြဲမြဲမှတ်ထားပါ။

၉). အပျော်တမ်း လေ့ကျင့်ခန်းလုပ်ပါ

ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခြင်းသည် အချိန် နှင့် အင်နာဂျီများစွာလိုသည်ဟု လူတိုင်းတွေးထင်ကြသည်။ လေ့ကျင့်ခန်းလုပ်ခြင်းသည် အပန်းဖြေပျော်ရွှင်ရေးဖြစ်နိုင်သည်ဆိုခြင်းကို သင်စဉ်းစားမိမည်ပင်မဟုတ်။ ကိုယ်ကာယလေ့ကျင့်ခန်းကို အပျော်အပြေသဘောလုပ်ပါ။ ထူးခြားချက်များကို သင်တွေ့လာပါလိမ့်မည်။ သင်အကြိုက်ဆုံးအားကစားတစ်ခုကို ရွေးချယ်လိုက်ပြီး ထိုအားကစားကို ပုံမှန်လုပ်သွားပါ။ သင် ပြေးသည်ဖြစ်စေ၊ လမ်းလျှောက်သည်ဖြစ်စေ၊ အေရိုးဗစ်ကစားသည်ဖြစ်စေ၊ စက်ဘီးစီးသည်ဖြစ်စေ မည်သည့်အားကစားကိုလုပ်သည်ဖြစ်စေ အရေးမကြီးပါ။ အရေးကြီးသည်က ပျော်ပျော်ရွှင်ရွှင်နှင့် လေ့ကျင့်ခန်းလုပ်နေဖို့ရန်သာ ဖြစ်သည်။ သင် တစ်စုံတစ်ခုကို ကြိုက်နှစ်သက်သွားပြီဆိုလျှင် သင်ထိုအရာကို ထပ်ကာထပ်ကာ လုပ်ချင်စိတ် သေချာပေါက် ဖြစ်ပေါ်လာပါလိမ့်မည်။

http://en.amerikanki.com/efficient-ways-lose-weight-month/9/

ပါ

Olga Kachmar ၏ 9 Efficient Ways to Lose Weight in a Month ကို ဘာသာပြန်ဆိုသည်။

တစ်ပတ်အတွင်းလူကြည့်အများဆုံး