ဖုန်းနံပတ်မလိုပဲ Gmail အကောင့်ဖွင့်နည်းလေးကို တင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ဖုန်းနဲ့ ပြုလုပ်ပုံဖြစ်ပါတယ်။
ပုံမှာပြထားတဲ့ အတိုင်း တစ်ဆင့်ခြင်းလုပ်ပါ ok အဆင်ပြေပါစေနော်!!
********************************************************
Gmail အကောင့်အလွယ်တကူရယူခြင်းနည်းလမ်းတွေကို ကျွန်တော် Blog မှာ ပုံစံမျိုးစုံနဲ့  တင်ပြထားပြီးဖြစ်ပါတယ်။ စာဖတ်သူတွေအနေနဲ့  ကိုယ်တိုင်ပြုလုပ်နိုင်အောင်တစ်ဆင့်ခြင်းကိုပုံနဲ့  တကွရှင်းလင်ထားပြီးဖြစ်ပါတယ်။ ကျွန်တော် website ညာဘက်အပေါ်နားမှာ ကျွန်တော်ဆိုဒ်ထဲမွှေနှောက်ရှာရန်ဆိုတာလေးရှိပါတယ် ဟိုအရင်က အကောင့်လုပ်နည်းတွေကိုလဲ ပြန်လည်လေ့လာစေချင်ပါတယ်။ တစ်ခါလာလဲ ကိုသုတရေး ဖွင့်ပေးပါဦး တစ်ခါလာလဲ ကိုသုတရေးဖွင့်ပေးပါဦး အဲလိုမပြောတော့ပဲ ကိုယ်တိုင် ညစ်အားလေးတော့ ကူပေးကြပေါ့ဗျာ။
မောင်လမင်းအောင်
လွဲလို့ ရယ်တဲ့  မဆုံးနိုင်တယ်
လွန်ခဲ့ တဲ့ နှစ်ရက်က ကိုမင်းနဲ့ အဘ အောင်ချမ်းသာကိုအလည်သွားကြရင်းဖိတ်စာတစ်စောင်ပါလာတယ်။ ဘယ်သူမှဖတ်မကြည့်ရသေးခင်မှာပဲ ဖိတ်စာကပျောက်ခြင်းမလှပျောက်သွားပါလေရော။ အဘကတော့ သူအမျိုးတွေရဲ့  မင်္ဂလာဆောင်ကိုဘယ်မှာဆောင်မှန်းေ တာင်မသိရှာတဲ
့အတွက် မြေးတွေကိုကြိမ်းမောင်းနေလေရဲ့ ။ ဒီနေ့ မနက် ကိုလမင်း ထတော့
ဆိုပြီး ချစ်ကို က လာနိုးမှပဲ အောက်ထပ်ကိုဆင်း မျက်နှာလေးသစ်၊
သွားလေးတိုက်လို့မှကောင်းကောင်း မပြီးသေးခင်မှာပဲ " လမင်းအောင်
မင်းအဘ သွားချင်တဲ့ ဆီကိုလိုက်ပို့ လိုက်စမ်းတဲ့ "။ ဒါနဲ့ 
ဆိုင်ကယ်လေးကိုထုတ် စက်ကလေးကိုနိုး တစ်ဝါးဝါးသန်းရင် မောင်းထွက်လာခဲ
့တာပေါ့။ မင်္ဂလာဆောင်ရောက်ရော ဘဘကိုမိန်းမကြီးတစ်ယောက်ကဆွဲခေါ် သွားတယ်
မောင်လမင်းလဲ နောက်ကလိုက်ရင်းပေါ့။ အဲမှာ သတိထားမိတာက အကျီ င်္က ညဝတ်အိပ်တဲ့ 
အကျီ င်္ ပုဆိုးက သွားတိုက်ဆေးအမြုတ်တွေပေလို့ ။ ဒါနဲ့ ပဲ ဒန်ပေါက်ထမင်းကို
အားရပါးရစားခဲ့ ပါတယ်။ စားပြီးသောက်ပြီးလို့  လက်ဖွဲ့ ငွေလေးကူပြီး
အိမ်ကိုပြန်တပ်ခေါက်ခဲ့ ပြီးပေါ့။ အိမ်လဲရောက်ရော မင်္ဂလာဆောင်က ပေးလိုက်တဲ့ 
ယက်တောင်ကိုဖတ်ကြည့်ပြီး သတို့ သားမိဘတွေလဲ ငါ့မသိဘူး သတို့ သမီး မိဘတွေလဲ
ငါ့မသိဘူး ငါ့အမျိုးတွေလဲ တစ်ယောက်မှ မပါဘူးတဲ့ ။ ကောင်းရော သူများ
မင်္ဂလာဆောင်မှားဝင်မိတာ ရယ်လိုက်ရတာအူကိုနာတယ်။
မောင်လမင်းအောင်
မောင်လမင်းအောင်
ချစ်သူသိလေ
ပန်းပွင့်ရှိမှ၊ ရနံ့ရတာ၊
မဟုတ်ပါဘူး၊ ဖူးသည့်တစ်ငုံ၊
ထုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်၊
ရရှိခိုက်မှ၊ ထာဝရတည်၊
ကာလရှည်လျား၊ နှလုံးသားမှာ၊
စွဲမြဲစွာဖြင့်၊ ထုံနံ့ယစ်ဝေ၊
ပျံ့ဆွတ်စေ၏၊ ချစ်သူသိလေ ...
မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာ၊
မဟုတ်ပါကွယ်၊ ဘယ်ကိုရောက်ရောက်၊
ဘယ်လောက်ဝေးဝေး၊ အတွေးမှာရှိ၊
အကြည့်မှာမြင်၊ သူပဲထင်တယ်၊
ကောင်းကင်လိုပဲ၊ မော့ကြည့်ဆဲမှာ၊
တွေ့နိုင်ပါ၏၊ ချစ်သူသိလေ ...
အသံကြားမှ၊ နားမှာဆတ်ဆတ်၊
ကြားလာတတ်တာ၊ မဟုတ်ပါလေ၊
စမ်းရေသံကြား၊ သူ့စကားရှိ၊
ငှက်၏တေးမှာ၊ သူ့သံသာတွေ၊
နှုတ်ချွေစကား၊ နားမှာတီးတိုး၊
ဟိုး .. အရင်လို၊ ရွှင်ချိုကြည်မြ၊
ကြားနေရ၏၊ ချစ်သူသိလေ ...
ချစ်သူသိလေ ...
သတိရလျှင်၊ ဒေသအကွာ၊
နေရတာကွဲ၊ ဘယ်လိုခွဲခွာ၊
ဘယ်လောက်ကွာမလဲ၊
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်၊
ထာဝရထင်သော၊
ရင်ထဲအရိပ်၊ စွဲလန်းစိတ်ဖြင့်၊
အိပ်မက်တိုင်းမှာရှိနေသူ ...
မောင်စိန်ဝင်း (ပုတီးကုန်း)
မဟုတ်ပါဘူး၊ ဖူးသည့်တစ်ငုံ၊
ထုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်၊
ရရှိခိုက်မှ၊ ထာဝရတည်၊
ကာလရှည်လျား၊ နှလုံးသားမှာ၊
စွဲမြဲစွာဖြင့်၊ ထုံနံ့ယစ်ဝေ၊
ပျံ့ဆွတ်စေ၏၊ ချစ်သူသိလေ ...
မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာ၊
မဟုတ်ပါကွယ်၊ ဘယ်ကိုရောက်ရောက်၊
ဘယ်လောက်ဝေးဝေး၊ အတွေးမှာရှိ၊
အကြည့်မှာမြင်၊ သူပဲထင်တယ်၊
ကောင်းကင်လိုပဲ၊ မော့ကြည့်ဆဲမှာ၊
တွေ့နိုင်ပါ၏၊ ချစ်သူသိလေ ...
အသံကြားမှ၊ နားမှာဆတ်ဆတ်၊
ကြားလာတတ်တာ၊ မဟုတ်ပါလေ၊
စမ်းရေသံကြား၊ သူ့စကားရှိ၊
ငှက်၏တေးမှာ၊ သူ့သံသာတွေ၊
နှုတ်ချွေစကား၊ နားမှာတီးတိုး၊
ဟိုး .. အရင်လို၊ ရွှင်ချိုကြည်မြ၊
ကြားနေရ၏၊ ချစ်သူသိလေ ...
ချစ်သူသိလေ ...
သတိရလျှင်၊ ဒေသအကွာ၊
နေရတာကွဲ၊ ဘယ်လိုခွဲခွာ၊
ဘယ်လောက်ကွာမလဲ၊
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်၊
ထာဝရထင်သော၊
ရင်ထဲအရိပ်၊ စွဲလန်းစိတ်ဖြင့်၊
အိပ်မက်တိုင်းမှာရှိနေသူ ...
မောင်စိန်ဝင်း (ပုတီးကုန်း)
ချစ်သူ
မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။
အလွန်ဝေးကွာသည့် အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။
အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့  စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ ကို ခံစားရရှိနေတတ်ပြန်သည်။
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏။ ။
မောင်စိန်ဝင်း(ပုတီးကုန်း)
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။
အလွန်ဝေးကွာသည့် အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။
အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့  စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ ကို ခံစားရရှိနေတတ်ပြန်သည်။
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏။ ။
မောင်စိန်ဝင်း(ပုတီးကုန်း)
လွမ်းရဲတယ်
သူမေ့ပြီလား---
လူတွေ့ရန်မဆိုထားနဲ့
နှစ်ကိုယ်ကြားရုံ ဖုန်းဆက်တဲ့ဓလေ့တောင်မှ............
သြော်----------မုန်းရက်ပြီလို့ထင်။
ကြားယောင်ကာ
နားထောင်ရတော့မလားရယ်နဲ့
သူ့စကား မုသားတောင်ယုံချင်တတ်သူမို့
(သူပြောလျှင်) ........
ပုံပြင်ပင် တကယ်မှတ်ပြန်တော့
မလည်ပတ်သူလို သူငြိုငြင်။
မလွမ်းတတ်လို့လား
လွမ်းတတ်သူ မပူရှိနိုင်ပါ့
သူသိအောင်ဘယ်လိုပြောရမလဲ
ဘယ်လိုမောကာ ဘယ်လောက်ရင်ဆို့ပေမယ့်
ခင်မို့လို့ သူစိမ်းပြင်ပြင်
စိမ်းချင်ချင်နဲ့ စိမ်းနိုင်ရက်
ခင်ခင်စိမ်းပေမယ့်
ရင်ငြိမ်းအောင် အပူမသတ်နိုင်လို့
အပူဇာတ်ကို အခန်းဆက်နေတဲ့
ပန်းသက်သေ ဝေဒနာပွင့်တွေက
လွမ်းရက်ရှည်ကြွေကာ မရင့်ပြန်တော့
ခင်ခင့်လို ဘယ်သူခွဲနိုင်မလဲ
ပူရဲတယ် သည်ရင်ကျွမ်းအောင်
လွမ်းတော့ဆယ်သက်
မောင်စိန်ဝင်း(ပုတီးကုန်း)
နွေဝေဒနာ
သရက်ကင်းတွေလည်း
မြက်ခင်းမှာ ကြွေပြီခင်။
နွေလေပူ တစ်ချက်သုတ်လေတော့
အရွက်ပြုတ်သရက်ပင်။
ချစ်သူမေ့ပြီလား
ငယ်ဓလေ့ အရွယ်နုစဉ်က
မောင့်ဥယျာဉ် သရက်အုပ်မှာ
လက်ဆုပ်ကိုင် နှစ်ကိုယ်လျှောက်ပါလို့
သရက်ကင်းကြွေ အတူကောက်တာလည်း
လွမ်းအောင်မေ့ ရင်မှာကျင်
သည်တစ်နွေဝင်တော့ ။
သရက်ကင်းနဲ့မှ
ထမင်းမြိန်စားတတ်သူက
ထောပတ်ပေါင်မုန့်ကင်နဲ့
နေ့တိုင်းပင် ဘိုစာမက်ပါလို့
အနောက်ဟန်ဖောက်ပြန်ဖျက်လေတော့
မောင့်သရက် သူမမင်
မောင့်ဥယျာဉ် သူမရောက်နိုင်ဟု
သရက်ကင်းတွေ အကြွေကောက်တာလည်း
အချစ်ရယ်----------
မေ့လောက်ပြီပေါ့။ ။
မြက်ခင်းမှာ ကြွေပြီခင်။
နွေလေပူ တစ်ချက်သုတ်လေတော့
အရွက်ပြုတ်သရက်ပင်။
ချစ်သူမေ့ပြီလား
ငယ်ဓလေ့ အရွယ်နုစဉ်က
မောင့်ဥယျာဉ် သရက်အုပ်မှာ
လက်ဆုပ်ကိုင် နှစ်ကိုယ်လျှောက်ပါလို့
သရက်ကင်းကြွေ အတူကောက်တာလည်း
လွမ်းအောင်မေ့ ရင်မှာကျင်
သည်တစ်နွေဝင်တော့ ။
သရက်ကင်းနဲ့မှ
ထမင်းမြိန်စားတတ်သူက
ထောပတ်ပေါင်မုန့်ကင်နဲ့
နေ့တိုင်းပင် ဘိုစာမက်ပါလို့
အနောက်ဟန်ဖောက်ပြန်ဖျက်လေတော့
မောင့်သရက် သူမမင်
မောင့်ဥယျာဉ် သူမရောက်နိုင်ဟု
သရက်ကင်းတွေ အကြွေကောက်တာလည်း
အချစ်ရယ်----------
မေ့လောက်ပြီပေါ့။ ။
ခွေးခြင်္သေ့
ခြင်္သေ့ဆိုတာ၊ တောဘုရင်မို့
သားကောင်အပေါင်း၊ ခညောင်းရွံ့ကြောက်
လေးစားလောက်သည့်၊ သတ္တိနှင့်မာန်
ခြင်္သေ့ဟန်ဖြင့်၊ တ၀င့်ဝင့်မို့
ရဲရင့်ခြင်းအတွက်၊ စံတင်တယ်။
ခွေးဆိုလည်းခွေး
အယ်လ်ဇေးရှင်း၊ အင်းခွေး၊ ဗမာခွေး
ဘာခွေးဖြစ်ဖြစ်၊ ခွေးအစစ်မို့
ခွေးဖြစ်ရတာ၊ ဂုဏ်ရှိပါတယ်
သစ္စာစောင့်တတ်၊ ဗီဇဓာတ်ကြောင့်
မှတ်ကျောက်တင်လို့ရနိုင်တယ်။
ခြင်္သေ့မစစ်၊ ခွေးမစစ်နဲ့
ဇစ်မြစ်မမှန်၊ လည်ဆံမဖွာ
မာန်ပါပါဟိန်းဟောက်ပေမယ့်
ရွံ့လောက်စရာ၊ ဟန်မပါဟန်မပြည့်
မာန်ဗလာ မာန်မရှိလို့
သတ္တိ သစ္စာ ဘယ်အရာမှစံမ၀င်
သဏ္ဍာန်ဆင်ရုံလေးနဲ့
သွေးကြွလို့မြောက်ပေမယ့်
(တကယ်တော့...)
ခွေးဘ၀လောက်ဂုဏ်မရှိ။
မောင်စိန်ဝင်း(ပုတီးကုန်း)
တစ်ခါတုန်းက နေရာဟောင်း
အုတ်ခဲရင့်နီ၊ လက်ဖက်ရည်ခွက်
အပေါ်မျက်နှာ၊ ဆီငွေြ့ဖာတင်း
ဆေးပြာချင်းစပ်၊ စကားဖြတ်ခက်
နေ့ရက်များစွာ၊ အနာဂတ်လေ
မရေရာလည်း၊ ၀မ်းမနည်းသေး
ဆွေးနွေးငြင်းခုံ၊ ဆုံကြတွေ့ကြ
ကာလလေးတွေ။
အင်းလျားရတနာ၊ မာလာသီရိ
ရင်ခုန်ကြည့်များ၊ တွယ်ငြိတပ်မက်
စိတ်စက်မငြိမ်၊ ပါလာချိန်တို့
ညှို့ယူဖမ်းစား၊ ညနေများစွာ
“မြနန္ဒာ”...
ဂီတာ တယော၊ လွမ်းမောနွဲ့လျ
မြို့မတေးသွား၊ စည်းဝါးသံစဉ်
ညဥ့်ရင်ခွင်တွင်၊ ပဲ့တင်လွှမ်းပတ်
မှောင်ရိပ်စပ်က၊ မတ်တပ်နားဆင်
မမြင်ရိုးရိပ်၊ ကြည်နူးစိတ်ဖြစ်
နှင်းဖိတ်စက်လက်၊ ရောင်နီအက်မှ
နှုတ်ဆက်ပြန်လာ၊ ရတနာ အင်းလျား
ညများအသင်္ချေ။
ကျန်ခဲ့ပြီလေ
ဖိတ်စင်ကြေမွ၊ ပြန်မရတော့
ညများနေ့များ၊ စားဝတ်နေမှု
သိပ်သည်းထုအောက်၊ မွန်းနစ်ပျောက်ရှ
ညနေတစောင်း၊ သုံးဘီးမောင်းရင်း
ကျောင်းဖွင့်စမှာ၊ ရတနာကို
တစ်ခါရောက်တယ် သူငယ်ချင်း...။
မောင်စိန်ဝင်း (ပုတီးကုန်း)
အပေါ်မျက်နှာ၊ ဆီငွေြ့ဖာတင်း
ဆေးပြာချင်းစပ်၊ စကားဖြတ်ခက်
နေ့ရက်များစွာ၊ အနာဂတ်လေ
မရေရာလည်း၊ ၀မ်းမနည်းသေး
ဆွေးနွေးငြင်းခုံ၊ ဆုံကြတွေ့ကြ
ကာလလေးတွေ။
အင်းလျားရတနာ၊ မာလာသီရိ
ရင်ခုန်ကြည့်များ၊ တွယ်ငြိတပ်မက်
စိတ်စက်မငြိမ်၊ ပါလာချိန်တို့
ညှို့ယူဖမ်းစား၊ ညနေများစွာ
“မြနန္ဒာ”...
ဂီတာ တယော၊ လွမ်းမောနွဲ့လျ
မြို့မတေးသွား၊ စည်းဝါးသံစဉ်
ညဥ့်ရင်ခွင်တွင်၊ ပဲ့တင်လွှမ်းပတ်
မှောင်ရိပ်စပ်က၊ မတ်တပ်နားဆင်
မမြင်ရိုးရိပ်၊ ကြည်နူးစိတ်ဖြစ်
နှင်းဖိတ်စက်လက်၊ ရောင်နီအက်မှ
နှုတ်ဆက်ပြန်လာ၊ ရတနာ အင်းလျား
ညများအသင်္ချေ။
ကျန်ခဲ့ပြီလေ
ဖိတ်စင်ကြေမွ၊ ပြန်မရတော့
ညများနေ့များ၊ စားဝတ်နေမှု
သိပ်သည်းထုအောက်၊ မွန်းနစ်ပျောက်ရှ
ညနေတစောင်း၊ သုံးဘီးမောင်းရင်း
ကျောင်းဖွင့်စမှာ၊ ရတနာကို
တစ်ခါရောက်တယ် သူငယ်ချင်း...။
မောင်စိန်ဝင်း (ပုတီးကုန်း)
အပြောင်းအလဲ
နှစ်ဦးတူယှဉ်၊ ဒီအပင်အောက်
ပန်းကြွေကောက်စဉ်၊ ရင်တထိတ်ထိတ်
ဒီအရိပ်မှာ၊ ချစ်စိတ်ဝေခဲ့ဖူးပါတယ်။
သစ်မြစ်ဆုံခွ၊ ယှဉ်ထိုင်ကြရင်း
မြချောင်းရေကြော၊ ပန်းကြွေမျှောမိ
ကြည့်ရင်းကြည်နူး၊ ချောင်းနဖူးမှာ
စိတ်ကူးနုသစ်ခဲ့ဖူးတယ်။
ခင်ကပစ်တော့
ဒီသစ်ပင်အောက်၊ ပန်းမကောက်ချင်
နွမ်းခြောက်သွေ့ဆိတ်၊ ဒီအရိပ်မှာ
လွမ်းစိတ်ရာထောင် ဝေဖူးတယ်။
ခင်မကြင်တော့
ညင်ညင်ရေစီး၊ တမ်းတညည်းဟန်
ခင့်ရယ်သံလား၊ ၀ိုးဝါးထင်မိ
ကြည့်လေရာရာ၊ ဝေဒနာနှင့်
ရေပြာအလှ ကင်းဖူးတယ်။
ဩော်… နှစ်တွေကြာလို့
တစ်ခါတစ်ခေါက်၊ ဒီကိုရောက်လျှင်
တို့ငယ်စဉ်က၊ နှောင်မျှင်တွယ်ရစ်
အချစ်အလွမ်း၊ ဖမ်းစားညှို့ငင်
ဒီသစ်ပင်ကား၊ ချောင်းရေစား၍
ကမ်းပါးပြိုနောက် ပါလေပြီ…။
ဒီကပြန်လျှင်၊ ရင်မခုန်တတ်
မလွမ်းတတ်တော့၊ စိတ်ဓာတ်ရင့်ကျက်
ခံစားချက်တို့၊ ပျက်ပြယ်ခဲ့ရ
အနည်ကျပြီ…
ဘ၀ဆိုတာ… ဒါပဲ ခင်…။
မောင်စိန်ဝင်း (ပုတီးကုန်း)
ပန်းကြွေကောက်စဉ်၊ ရင်တထိတ်ထိတ်
ဒီအရိပ်မှာ၊ ချစ်စိတ်ဝေခဲ့ဖူးပါတယ်။
သစ်မြစ်ဆုံခွ၊ ယှဉ်ထိုင်ကြရင်း
မြချောင်းရေကြော၊ ပန်းကြွေမျှောမိ
ကြည့်ရင်းကြည်နူး၊ ချောင်းနဖူးမှာ
စိတ်ကူးနုသစ်ခဲ့ဖူးတယ်။
ခင်ကပစ်တော့
ဒီသစ်ပင်အောက်၊ ပန်းမကောက်ချင်
နွမ်းခြောက်သွေ့ဆိတ်၊ ဒီအရိပ်မှာ
လွမ်းစိတ်ရာထောင် ဝေဖူးတယ်။
ခင်မကြင်တော့
ညင်ညင်ရေစီး၊ တမ်းတညည်းဟန်
ခင့်ရယ်သံလား၊ ၀ိုးဝါးထင်မိ
ကြည့်လေရာရာ၊ ဝေဒနာနှင့်
ရေပြာအလှ ကင်းဖူးတယ်။
ဩော်… နှစ်တွေကြာလို့
တစ်ခါတစ်ခေါက်၊ ဒီကိုရောက်လျှင်
တို့ငယ်စဉ်က၊ နှောင်မျှင်တွယ်ရစ်
အချစ်အလွမ်း၊ ဖမ်းစားညှို့ငင်
ဒီသစ်ပင်ကား၊ ချောင်းရေစား၍
ကမ်းပါးပြိုနောက် ပါလေပြီ…။
ဒီကပြန်လျှင်၊ ရင်မခုန်တတ်
မလွမ်းတတ်တော့၊ စိတ်ဓာတ်ရင့်ကျက်
ခံစားချက်တို့၊ ပျက်ပြယ်ခဲ့ရ
အနည်ကျပြီ…
ဘ၀ဆိုတာ… ဒါပဲ ခင်…။
မောင်စိန်ဝင်း (ပုတီးကုန်း)
လှေပေါ်မှာ
တစ်သက်မဝေးအောင်လို့
ငှက်ကလေးတွေ အစာကျွေး
ယတြာပေးသမျှကိုလဲ ချေဖူးတယ်။
မွေးနေ့ဆို ဘုရားတက်
ရေသက်စေ့ ဘုရားလှူ
မီးပူဇော် ပန်းတွေကပ်
လွမ်းမနေတတ်အောင်ပေါ့ အချစ်ရယ်။
တကယ်ပေါင်းဖို့ကျတော့
တပေါင်းမှာလည်းမထူး
တန်ခူးမှာလည်းမဖြစ်
တစ်နှစ်က တစ်နှစ်လက်ကမ်း
ချစ်သက်တမ်းရှည်သမျှ
တစ်ဦးကိုတစ်ဦးက စိုးရိမ်မယ်
တစ်အိုးတစ်အိမ်ရယ်လို့တော့
မထူထောင်ဖြစ်။
တစ်ယောက်လုပ်ခ
နှစ်ယောက်လုပ်ခ
ဘယ်လောက်ဒုက္ခတွေကိုငြိမ်းအေး
စားဝတ်နေရေးကို ဘယ်လောက်ကူ
လူနေမှုအပူကို ဘယ်လိုဖျောက်နိုင်မတုန်း
ကုန်းဈေးနှုန်း အဲဒီပင်လယ်မှာ
ခင်ရယ် ကိုယ်ရယ် ဘယ်လိုဖြတ်
သတ္တိကြောင် သောကအတွေးတွေနဲ့
ဝေးကြတဲ့နှစ်။
မောင်စိန်ဝင်း (ပုတီးကုန်း)
မာနမဲ့စွာ
ပြက်ရယ်မှုကိုခံရသည့်အခါ
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။
အနိုင်ကျင့်မှုကိုခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမှ မနာကြဉ်းရက်ပါလေ။
တန်ဖိုးမထားမှုကိုခံရသည့်အခါ
မကျေနပ်မှုကို ခံစားရတတ်သော်လည်း
မည်သည့်အခါမှမငြိုငြင်ရက်ပါလေ။
စွန့်ပစ်သွားခြင်းကိုခံရသည့်အခါ
ကျွမ်းမြေ့လောင်မြိုက်စွာပူပန်ရသော်လည်း
မည်သည့်အခါမှမေ့လျော့၍မရနိုင်လေ။
စတွေ့သည်မှ
ငါသည်သင့်အား
မာနတရားကို ပေးအပ်ထားခဲ့သောကြောင့်တည်း။
မောင်စိန်ဝင်း(ပုတီးကုန်း)
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။
အနိုင်ကျင့်မှုကိုခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမှ မနာကြဉ်းရက်ပါလေ။
တန်ဖိုးမထားမှုကိုခံရသည့်အခါ
မကျေနပ်မှုကို ခံစားရတတ်သော်လည်း
မည်သည့်အခါမှမငြိုငြင်ရက်ပါလေ။
စွန့်ပစ်သွားခြင်းကိုခံရသည့်အခါ
ကျွမ်းမြေ့လောင်မြိုက်စွာပူပန်ရသော်လည်း
မည်သည့်အခါမှမေ့လျော့၍မရနိုင်လေ။
စတွေ့သည်မှ
ငါသည်သင့်အား
မာနတရားကို ပေးအပ်ထားခဲ့သောကြောင့်တည်း။
မောင်စိန်ဝင်း(ပုတီးကုန်း)
ကစားစရာ ထင်ပါသလား
ခဏကလေးဆိုပြီး
ခရီးဝေးထွက်သွားသူ...။
အဖော်ဆိုပြီး
ထီးတည်းထားခဲ့သူ ...။
ပျားရည်တစ်စက်နင့်
ဝမ်းပျက်စေခဲ့သူ ...။
တကယ့်တကယ် တွယ်တာသနား
လားလားမဟုတ် ထိလှုပ်နှိုးခတ်
လမ်းကြုံဖြတ်ရုံ
မုတ်သုံမ၀င် မုန်တိုင်းဆင်ဆဲ
ဖွဲဖွဲစွေရွာ ရာသီဆိုးထဲက
ယာယီမိုးကလေး တစ်ခုပါပဲ...။
မောင်စိန်ဝင်း(ပုတီးကုန်း)
အပြန်လမ်း
ခေါ်မထားပေမယ့်
သွားသူက ကျွန်တော်ပါ
ချစ်သူအဆောင်နံ့ သာတောကို
မျှော်မောကာရွှေရင်ထိတ်ပါလို့
တိတ်တိတ်ကလေးလာ။
တကယ်တွေ့ရင်တော့
ဘယ်နေ့မှာဘယ်လိုလွမ်း
ဘယ်လမ်းမှာဘယ်လိုစောင့်
ဘယ်ထောင့်မှာဘယ်လိုမျှောလို့
ဘယ်လိုနော်ရင်ခုန်ခန်းကို
ပြောစမ်းမယ်စိတ်ကူးနဲ့
ကြည်နူးသလိုရင်မှာဖြစ်ပါရဲ့
မောင့်အချစ်မိသည်းညှာ
လာစဉ်ကမောင့်အတွေး။
တွေ့မလားရယ်နဲ့
နေ့ခြားမောင်လာရဲ့
အဆောင်မှာသူ့ကိုမတွေ့လေဘု
သည်နေ့ဆိုရှိတန်ကောင်းပါရဲ့
ခေါင်းမော့ကာကြည့်ဆဲမှာပေါ့
မိသည်းညှာမောင့်အချစ်က
ဧည့်သစ်တွေ အလျှိုလျှိုနဲ့
ခွန်းနှုတ်ချိုပျော်ဟန်ဖွဲ့လေတော့
လာခဲ့သူမောင့်အမှားပါပဲ
တံခါးအဆောင်ဝဆီက
နောင်တ အတန်တန်နဲ့
အိမ်အပြန်ကံ့ကော်လမ်းမှာ
ကံ့ကော်ပန်းမောင်မမင်တော့
ခြံအ၀င်စံပယ်နံ့က
သင်းပျံ့လို့မွှေး...။
မောင်စိန်ဝင်း (ပုတီးကုန်း)
ကျွန်တော့်မြေမှာ
ပန်းပွင့်ကို ကျွန်တော်မင်
ပန်းပင်ကို ကျွန်တော်ပျိုး
ထုံနံ့သာ ငုံကာဖူးခါမှ
လက်ဦးသူ... ချိုး။
အသီးကို ကျွန်တော်မင်
အပင်ကို ကျွန်တော်ပျိုး
သီးကင်းငုံ ပေါ်ကာထွက်ခါမှ
လက်ဦးသူ... ခိုး။
ပန်းအလှ ကျွန်တော်မင်
ပန်းပင်ကို ကျွန်တော်ပျိုး
ပွင့်ချိန်တန် ရနံ့ရိုင်းနဲ့
ပဒိုင်းပင်မျိုး။
အချိုသီး ကျွန်တော်မင်
အချိုပင် ကျွန်တော်ပျိုး
သီးချိန်တန် တမာများလို
ခါးသည့်အမျိုး။
ရေမလောင်း ပေါင်းမသင်
ပန်းတစ်ပင်ပါလား။
မမျှော်ရဲပြီဘု
ကံနည်းသူ ကျွန်တော်မို့
တော်သလိုပွင့်
သင့်သလိုဖူး
လက်ဦးသူချိုးချိုး
မြတ်နိုးသူ ပန်ပန်
ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့
ကိုယ်တန်လျှင် ကိုယ်ပန်ရချည်လိမ့်လို့
ဖြေသိမ့်ကာ စိုးရိမ်စိတ်နှင့်
ရင်ထိတ်တကား။
မောင်စိန်ဝင်း(ပုတီးကုန်း)
ပန်းပင်ကို ကျွန်တော်ပျိုး
ထုံနံ့သာ ငုံကာဖူးခါမှ
လက်ဦးသူ... ချိုး။
အသီးကို ကျွန်တော်မင်
အပင်ကို ကျွန်တော်ပျိုး
သီးကင်းငုံ ပေါ်ကာထွက်ခါမှ
လက်ဦးသူ... ခိုး။
ပန်းအလှ ကျွန်တော်မင်
ပန်းပင်ကို ကျွန်တော်ပျိုး
ပွင့်ချိန်တန် ရနံ့ရိုင်းနဲ့
ပဒိုင်းပင်မျိုး။
အချိုသီး ကျွန်တော်မင်
အချိုပင် ကျွန်တော်ပျိုး
သီးချိန်တန် တမာများလို
ခါးသည့်အမျိုး။
ရေမလောင်း ပေါင်းမသင်
ပန်းတစ်ပင်ပါလား။
မမျှော်ရဲပြီဘု
ကံနည်းသူ ကျွန်တော်မို့
တော်သလိုပွင့်
သင့်သလိုဖူး
လက်ဦးသူချိုးချိုး
မြတ်နိုးသူ ပန်ပန်
ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့
ကိုယ်တန်လျှင် ကိုယ်ပန်ရချည်လိမ့်လို့
ဖြေသိမ့်ကာ စိုးရိမ်စိတ်နှင့်
ရင်ထိတ်တကား။
မောင်စိန်ဝင်း(ပုတီးကုန်း)
ချစ်သူသစ်ပင်
လွင့်ကြွေကျဖို့တော့
ပွင့်မနေပါရစေနဲ့ဘုရား။
သူချိုးနိုင်ဖို့ အခက်ဝေ
သူနေခိုဖို့ အရိပ်ပေး
သူ့ဘ၀မှာ အပူတွေဝေးစေဖို့
အစတေးခံနေ...နေလိုရဲ့
သပြေပင်အိုဘ၀နဲ့
(တပည့်တော်)ရှင်ရပါစေသား။
မောင်စိန်ဝင်း(ပုတီးကုန်း)
ပွင့်မနေပါရစေနဲ့ဘုရား။
သူချိုးနိုင်ဖို့ အခက်ဝေ
သူနေခိုဖို့ အရိပ်ပေး
သူ့ဘ၀မှာ အပူတွေဝေးစေဖို့
အစတေးခံနေ...နေလိုရဲ့
သပြေပင်အိုဘ၀နဲ့
(တပည့်တော်)ရှင်ရပါစေသား။
မောင်စိန်ဝင်း(ပုတီးကုန်း)
တိတ်တခိုး
ပန်းပွင့်တယ်ဆိုတာ
သဘာဝပါခင်။
အလှကြည့်ခံချင်လို့
ပန်ဆင်ပါစေရည်စူးပြီး
ဆူးပွင့်မဆင်။
ခင်ကြိုက်ရင် အညှာကိုချိုး
မြတ်နိုးတော့ ပန်ချင်ပန်
မပန်ချင် ခင်မကြိုက်တော့လည်း
ပစ်လိုက်ပေါ့နော်..ခင်
ဆင်ချင်မှဆင်ပါတော့။
မခင်လို့ပဲဖြစ်ဖြစ်
မဆင်လို့ပဲပစ်ပစ်
ခင်သွားရင် ရနံ့ပေး
ခင်မွှေးရင်ပျော်ရွှင်လို့
ခင်မမြင် ခင်မကြည့်ပေမယ့််
ခင်သိရင် တို့ကျေနပ်ပါရဲ့
ရွက်ချပ်စို ကြိုအကြားမှာပဲ
ပွင့်သွားတာပေါ့။
မောင်စိန်ဝင်း(ပုတီးကုန်း)
အချစ်ဦး
တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါ၀ါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲမြတ်နိုးမယ်။
မောင်စိန်ဝင်း(ပုတီးကုန်း)
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါ၀ါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲမြတ်နိုးမယ်။
မောင်စိန်ဝင်း(ပုတီးကုန်း)
တို့တိုင်းပြည်
ထလော့မြန်မာ၊ အိုမြန်မာတို့၊
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊
စေတီစပါး၊ များလည်းများ၏၊
များပါလေလဲ၊ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ၊ ကာလကြာလျှင်၊
ယာစကာမျိုး၊ တညှိုးညှိုးနှင့်၊
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား၊
လှည့်လည်သွားလျက်၊
မစားလေရ၊ ဝမ်းမဝ၍၊
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ၊ အိုမြန်မာတို့၊
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်၊
သီးနှံချိုပျား၊ များလည်းများ၏၊
များပါလေလဲ၊ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ၊ ကာလကြာလျှင်၊
မြင်သာမြင်ရ၊ မစားရ၍၊
တောကပြိတ္တာဖြစ်မည်တည်း။
ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျှော့လုံ့လ၊
သူကစ၍၊ ငါကအားလုံး၊
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်၊
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့၊
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ၊
ဤယာစပါး၊ ဘယ်သူ့စပါးလဲ၊
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း၊
ဉာဏ်ရှေ့ပန်း၍၊
တစ်ဝမ်းတစ်စိတ် ညီစေသတည်း။ ။
ဇော်ဂျီ
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊
စေတီစပါး၊ များလည်းများ၏၊
များပါလေလဲ၊ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ၊ ကာလကြာလျှင်၊
ယာစကာမျိုး၊ တညှိုးညှိုးနှင့်၊
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား၊
လှည့်လည်သွားလျက်၊
မစားလေရ၊ ဝမ်းမဝ၍၊
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ၊ အိုမြန်မာတို့၊
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်၊
သီးနှံချိုပျား၊ များလည်းများ၏၊
များပါလေလဲ၊ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ၊ ကာလကြာလျှင်၊
မြင်သာမြင်ရ၊ မစားရ၍၊
တောကပြိတ္တာဖြစ်မည်တည်း။
ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျှော့လုံ့လ၊
သူကစ၍၊ ငါကအားလုံး၊
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်၊
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့၊
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ၊
ဤယာစပါး၊ ဘယ်သူ့စပါးလဲ၊
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း၊
ဉာဏ်ရှေ့ပန်း၍၊
တစ်ဝမ်းတစ်စိတ် ညီစေသတည်း။ ။
ဇော်ဂျီ
ဗိုလ်ချုပ်အောင်ဆန်း (အတိတ်နှင့်ပစ္စုပ္ပန်) – မင်းသုဝဏ်
မသိ၍ဆို၊
မလို၍ပြော။
သူ့စိတ်မှာ အလွန်ယဉ်လို့၊
သူ့ဉာဉ်မှာ အလွန်သန့်တယ်၊
ထူးချွန့်သဘော။
မသိ၍ထင်၊
မမြင်၍ပြော။
သူ့ဝိဉာဉ် မသေပျောက်ပါဘူး၊
မိုးပေါက်လို အစဉ်ကြည်လို့၊
နေခြည်လို အစဉ်လန်းကာ၊
ဖျန်းဆွတ်စိတ်စော။ ။
မင်းသုဝဏ်
(ဇူလိုင်လ ၁၉ ရက်၊ ၁၉၆၄)
မလို၍ပြော။
သူ့စိတ်မှာ အလွန်ယဉ်လို့၊
သူ့ဉာဉ်မှာ အလွန်သန့်တယ်၊
ထူးချွန့်သဘော။
မသိ၍ထင်၊
မမြင်၍ပြော။
သူ့ဝိဉာဉ် မသေပျောက်ပါဘူး၊
မိုးပေါက်လို အစဉ်ကြည်လို့၊
နေခြည်လို အစဉ်လန်းကာ၊
ဖျန်းဆွတ်စိတ်စော။ ။
မင်းသုဝဏ်
(ဇူလိုင်လ ၁၉ ရက်၊ ၁၉၆၄)
သူ့မှာတမ်း ~ *ရေးသူ-မင်းသုဝဏ်*
သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည့်
ဗုံးငုတ် တိုက်မှား၊ မောင်ပျောက်ကျားကို
ရွာသား ရွာသူ၊ မေးကြ မြူသည်
အူအူ ယမ်းငွေ့၊ ထတုန်းတည်း ။
“အမောင် ပြောက်ကျား၊ ချစ်သူအားကို
ဘာများ မှာခဲ့ လိုသနည်း။”
“ငယ်က ကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွတ်ခဲ့ကြောင်း ပြောပါလေ။”
“အမောင် ပြောက်ကျား၊ မိဘအားကို
ဘာများ မှာခဲ့ လိုသနည်း”
“မွေးသည့် မိခင်၊ မွေးဖခင်ကို
ဦးတင် ခဲ့ကြောင်း ပြောပါလေ ”
“အမောင် ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများ မှာခဲ့ လိုသနည်း။”
”ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ် ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ။”
ယမ်းငွေ့ အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း ၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေပြီ တကား။ ။
-မင်းသုဝဏ်
ဗုံးငုတ် တိုက်မှား၊ မောင်ပျောက်ကျားကို
ရွာသား ရွာသူ၊ မေးကြ မြူသည်
အူအူ ယမ်းငွေ့၊ ထတုန်းတည်း ။
“အမောင် ပြောက်ကျား၊ ချစ်သူအားကို
ဘာများ မှာခဲ့ လိုသနည်း။”
“ငယ်က ကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွတ်ခဲ့ကြောင်း ပြောပါလေ။”
“အမောင် ပြောက်ကျား၊ မိဘအားကို
ဘာများ မှာခဲ့ လိုသနည်း”
“မွေးသည့် မိခင်၊ မွေးဖခင်ကို
ဦးတင် ခဲ့ကြောင်း ပြောပါလေ ”
“အမောင် ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများ မှာခဲ့ လိုသနည်း။”
”ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ် ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ။”
ယမ်းငွေ့ အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း ၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေပြီ တကား။ ။
-မင်းသုဝဏ်
သပြေညို (မင်းသုဝဏ်)
သူ့ခေါင်းမှာတဲ့ သပြေညို၊
ငါ့ခေါင်းမှာတဲ့ သပြေညို။
တို့ပြေမှာ တို့မေကမ်းပါတဲ့၊
သပြေညို ရွှေဘိုပန်းဟာက၊
လန်းလျက်ပါကို။
ဘာမလျှော့လေနဲ့၊
လာတော့မကွဲ့ ရွှေဗဟိုရ်၊
လေချိုကအသွေး။
လင်းကြက်အဆော်၊
ကွင်းထက်မှာတူပျော်ပျော်နဲ့၊
စည်တော်ကိုရည်မျှော်မှန်းကာပ၊
ရောင်နီမှာအောင်စည်ရွမ်းရအောင်၊
သပြေညိုရွှေဘိုပန်းရယ်နဲ့၊
လှမ်းကြစို့လေး။ ။
လေးချိုး
မင်းသုဝဏ်
(၄၊ ၁၊ ၁၉၃၈)
ငါ့ခေါင်းမှာတဲ့ သပြေညို။
တို့ပြေမှာ တို့မေကမ်းပါတဲ့၊
သပြေညို ရွှေဘိုပန်းဟာက၊
လန်းလျက်ပါကို။
ဘာမလျှော့လေနဲ့၊
လာတော့မကွဲ့ ရွှေဗဟိုရ်၊
လေချိုကအသွေး။
လင်းကြက်အဆော်၊
ကွင်းထက်မှာတူပျော်ပျော်နဲ့၊
စည်တော်ကိုရည်မျှော်မှန်းကာပ၊
ရောင်နီမှာအောင်စည်ရွမ်းရအောင်၊
သပြေညိုရွှေဘိုပန်းရယ်နဲ့၊
လှမ်းကြစို့လေး။ ။
လေးချိုး
မင်းသုဝဏ်
(၄၊ ၁၊ ၁၉၃၈)
နှင်းဆီပွင့် (မင်းသုဝဏ်)
လယ်တောကပြန်
ပန်ချင်တယ်ခရေဖူးဆိုလို့ 
မောင်ခူးကာပေး။
မနက်တုန်းဆီက၊
ကြော့ဆုံးကိုမောင်မြင်တော့၊
သူ့ ဆံပင် နှင်းဆီပွင့်တွေနဲ့ ၊
ဂုဏ်တင့်တယ်လေး။ ။
မင်းသုဝဏ်
(၃၁၊ ၁၂၊ ၁၉၃၂)
ပန်ချင်တယ်ခရေဖူးဆိုလို့ 
မောင်ခူးကာပေး။
မနက်တုန်းဆီက၊
ကြော့ဆုံးကိုမောင်မြင်တော့၊
သူ့ ဆံပင် နှင်းဆီပွင့်တွေနဲ့ ၊
ဂုဏ်တင့်တယ်လေး။ ။
မင်းသုဝဏ်
(၃၁၊ ၁၂၊ ၁၉၃၂)
လောက အလှဆင်နေ၏
ကြည့်စမ်း အဆွေ
ငွေပိုးကောင်ငယ်၊ အားမာန်ကြွယ်၍
သွယ်သွယ်ယှက်လိမ်၊ ပိုးမျှင်အိမ်ကို
တည်တငြိမ် တည်ဆောက်နေဘိ၏ ။
ဝတ်ရည်စုပ်စား၊ ပျားအများလည်း
မနားမနေ၊ တည်ဆောက်နေသည်
ရွှေရည်ပျို့ပျို့ ပျားလပို့ ။
ကျာကျာကျည်ကျည်၊ အော်ကာမြည်လျက်
ညီညာကြိုးစား၊ ငှက်အများလည်း
ပျံလွှားလေထဲ၊ တသဲသဲနှင့်
တွဲလီတွဲလောင်း၊ စားဘူးတောင်းကို
စုပေါင်းဆောက်တည် စီရရီ ။
သည်မှာလူသား၊ အလုပ်သမားလည်း
တံတားလမ်းတာ၊ အိမ်ခန်းဝါနှင့်
တိုက်တာစက်ရုံ၊ အစုံစုံကို
စွမ်းကုန်ရှိသမျှ၊ အားမာန်ပြလျက်
တည်ကြဆောက်ကြ၊ ထူထောင်ကြသည်
လောကအလှဆင်နေ၏..။
မင်းယုဝေ
ငွေပိုးကောင်ငယ်၊ အားမာန်ကြွယ်၍
သွယ်သွယ်ယှက်လိမ်၊ ပိုးမျှင်အိမ်ကို
တည်တငြိမ် တည်ဆောက်နေဘိ၏ ။
ဝတ်ရည်စုပ်စား၊ ပျားအများလည်း
မနားမနေ၊ တည်ဆောက်နေသည်
ရွှေရည်ပျို့ပျို့ ပျားလပို့ ။
ကျာကျာကျည်ကျည်၊ အော်ကာမြည်လျက်
ညီညာကြိုးစား၊ ငှက်အများလည်း
ပျံလွှားလေထဲ၊ တသဲသဲနှင့်
တွဲလီတွဲလောင်း၊ စားဘူးတောင်းကို
စုပေါင်းဆောက်တည် စီရရီ ။
သည်မှာလူသား၊ အလုပ်သမားလည်း
တံတားလမ်းတာ၊ အိမ်ခန်းဝါနှင့်
တိုက်တာစက်ရုံ၊ အစုံစုံကို
စွမ်းကုန်ရှိသမျှ၊ အားမာန်ပြလျက်
တည်ကြဆောက်ကြ၊ ထူထောင်ကြသည်
လောကအလှဆင်နေ၏..။
မင်းယုဝေ
အလှရှိရာ(ငွေတာရီ)
အလှရှိရာ၊ သွားချင်ပါဟု
ခါခါမြည်တမ်း၊ သို့ရော်ရမ်း၍
စိတ်ဝမ်းမသာ၊ ရှိသည်တကား။
သူ့ရွှာသူ့ပြည်၊ သာလှသည်တည့်
စည်ပင်ချမ်းမြ၊ ဝပြောစွဟု
ကြားရတိုင်းသာ၊ လှမြေချာသို့
သွားပါလိုမိ၊ နေမထိခဲ့။
ဤယနေ့သော်
ချမ်းမြေ့ကြည်လင်၊ စိတ်ဝယ်ရွှင်တည့်
မြေပြင်ကျယ်ဝန်း၊ လယ်ယာခင်းနှင့်
အင်းအိုင်မြစ်ချောင်း၊ ရှုမညောင်းတည့်
တောင်စောင်းတောင်ထိပ်၊ စေတီရိပ်ဝယ်
ဆွေမိတ်တူဆုံ၊ ဖူးရတုံသော်
အာရုံသန့်စင်၊ ကြည်ဘဝင်နှင့်
မိခင်မြေမြ၊ သာလေစွဟု
နှုတ်ကဖန်ဖန်၊ ဆိုမိသံသည်
မိုးယံပဲ့တင်၊ ထပ်လိမ့်တည်း။
သူ့ရွာသူ့ပြည်၊ သာမောသည်ဟု
နှုတ်ရည်စကား၊ ဘယ်သို့ကြားလည်း
ငါကားမတုန်လှုပ်ပြီတကား။
ငွေတာရီ
ခါခါမြည်တမ်း၊ သို့ရော်ရမ်း၍
စိတ်ဝမ်းမသာ၊ ရှိသည်တကား။
သူ့ရွှာသူ့ပြည်၊ သာလှသည်တည့်
စည်ပင်ချမ်းမြ၊ ဝပြောစွဟု
ကြားရတိုင်းသာ၊ လှမြေချာသို့
သွားပါလိုမိ၊ နေမထိခဲ့။
ဤယနေ့သော်
ချမ်းမြေ့ကြည်လင်၊ စိတ်ဝယ်ရွှင်တည့်
မြေပြင်ကျယ်ဝန်း၊ လယ်ယာခင်းနှင့်
အင်းအိုင်မြစ်ချောင်း၊ ရှုမညောင်းတည့်
တောင်စောင်းတောင်ထိပ်၊ စေတီရိပ်ဝယ်
ဆွေမိတ်တူဆုံ၊ ဖူးရတုံသော်
အာရုံသန့်စင်၊ ကြည်ဘဝင်နှင့်
မိခင်မြေမြ၊ သာလေစွဟု
နှုတ်ကဖန်ဖန်၊ ဆိုမိသံသည်
မိုးယံပဲ့တင်၊ ထပ်လိမ့်တည်း။
သူ့ရွာသူ့ပြည်၊ သာမောသည်ဟု
နှုတ်ရည်စကား၊ ဘယ်သို့ကြားလည်း
ငါကားမတုန်လှုပ်ပြီတကား။
ငွေတာရီ
Subscribe to:
Posts (Atom)
တစ်ပတ်အတွင်းလူကြည့်အများဆုံး
-
(၁) အစိမ်းရောင်အမွေအနှစ် http://www.mediafire.com/ ?x45g9hjsg54j2hh (၂) ပိုချစ်ရတဲ့သူကိုယ်ပဲဖြစ်ပါ စေ http://www.mediafire.com/ ?1hh0af...
-
(၁) မြနန်းနွယ် http://www.mediafire.com/ ?8h18881urm6ad2k or https://docs.google.com/ fileview?id=0Bwl_hA7bJaAeZT I0Y2RiZjctMmYxOS00Mj...
-
(၁)သားကောင်မုဆိုး မဟုတ်လေပြီ (ကိုပိုက်) http://www.mediafire.com/ ?cxjin6n2sabqms0 (၂)အားကိုးရာ ကျည်နှစ်တောင့် (ကိုပိုက်) http://www.m...
-
(၁) ကိုယ့်နတ်သမီးလေး http://www.mediafire.com/ ?tg0nf4fdzc29z5j or https://docs.google.com/ viewer?a=v&pid=explorer&chr ome=tr...
-
၁။၊ ပေါ်နွေလလျှင်၊ တောင်ကချိမ့်မြူး၊ မင်းလွင်ဦးနှင့်၊ ပျံ့ဖြူးချုန့်ဆိုင်း၊ မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်၊ ပြက်လျှပ်ပြကာ၊ စိမ်းဝါမိုဃ်း...
-
ကျွန်တော်မနှစ်က ဘောဒါတစ်ခုမှာ သွားနေသဗျ။ ကျွန်တော်နေတဲ့  အခန်းနှင့်ကပ်လျက်တစ်ခန်းနေသူက ကျွန်တော်အိမ်မပြန်ခင်မှာ လာပြီးရင်ဖွင့်သဗျ။ သူက ကွ...
-
လောကနီတိ ရေးသူ- တက်တိုး လောကနီတီကျမ်းကိုပြုစုခဲ့သူ စတုရင်္ဂဗလအမတ်ကြီးရဲ့  နီတိများကို ဆရာကြီးတက်တိုးက အင်္ဂလိပ်- မြန်မာ နှစ်ဘာသာနဲ့  ...








